Monday, October 30, 2023

အစ္စရေးတပ်ဖွဲ့တွေ ဂါဇာ ထဲကို ၃ ကီလိုမီတာ အထိဝင် ရောက်ပြီ

NHK World Japan
October 30' 2023

ဂြိုဟ်တုဓာတ်ပုံတွေက အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်သွားပြီဖြစ်ပြီး တောင်ဘက်ကို ၃ ကီလိုမီတာလောက်အထိ ရောက်ရှိသွားပြီဆိုတဲ့ အရိပ်လက္ခဏာကို ပြနေပါတယ်။ 

အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့က ပြင်းထန်လှတဲ့ လေကြောင်း ထိုးစစ်နဲ့ မြေပြင်စစ်ဆင်ရေးကို ဆက်လုပ်ခဲ့ ပါတယ်။

အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ တိုက်ပွဲ ဖြစ်

DVB
October 30, 2023

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သားတွေ ပင် လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်က စပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ်တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

ဂါဇာစစ်ပွဲ အဆင့်သစ်တရပ်ရောက်ပြီး ကြာရှည်ခက်ခဲမယ် လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ အောက်တိုဘာ၊ ၂၀၂၃ 

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာစစ်ပွဲဟာ ဒုတိယအဆင့်ကို ဝင်ရောက်သွားပြီဖြစ်ပြီး စစ်က ကြာရှည်ခက်ခဲလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ရာဟုက စနေနေ့ညက တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားလိုက်ပါတယ်။ ကြည်း၊ ရေ၊ လေ တိုက်ပွဲအားလုံးကို အစ္စရေးက တိုးချဲ့လိုက်ပြီး ကျယ်ပြန့်တဲ့ မြေပြင်ထိုးစစ်မလာမီမှာ တိုက်ခိုက်မှုတွေ ပြင်းထန် လိမ့်မယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ 

အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံတည်ထောင်ဖြေရှင်းရေး ကန်သမ္မတတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ အောက်တိုဘာ၊ ၂၀၂၃

အမေရိကန်သမ္မတ Joe Biden

စစ်ပြီးသွားတဲ့အခါ နိုင်ငံ ၂ နိုင်ငံ တည်ထောင်ဖြေရှင်းရေး သဘောတူညီချက်ရရှိအောင် အားထုတ်ကြဖို့ အမေရိ ကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးနဲ့ အာရပ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။ 

အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ တိုက်ပွဲ ဖြစ်

DVB
October 30, 2023


 



အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သား တွေ ပင်လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ကဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်ကစပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ် တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

စင်ကာပူ မလေးရှားဝန်ကြီးချုပ် တွေ့ဆုံ၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး တောင်းဆို

DVB
October 30, 2023

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၃၀ ရက်မှာ စင်ကာပူ ဝန်ကြီးချုပ်လီရှန် လွန်းနဲ့ တွေ့ချိန်မှာ အစ္စရေးကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခတွေ ပြင်းထန်လာနေချိန်တဲ့ အ ရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

ဧရာဝတီ
အေးချမ်းဆု
26 October 2023


(ဃ) စစ်ကောင်စီနှင့် NCA ရေးထိုးထားသော အဖွဲ့များ

(၁) RCSS / SSA

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS / SSA) ကို ဥက္ကဋ္ဌ စဝ်ရွက် ဆစ်၊ ဒုဥက္ကဋ္ဌ (၁) စိုင်းယီ၊ ဒုဥက္ကဋ္ဌ (၂) နှင့် စစ်ဦးစီးချုပ် စဝ်ခေးငင်းတို့ ဦးဆောင်သည်။ ရှမ်းအရှေ့ထိုင်း နယ်စပ် လွယ်တိုင်းလျံတွင် ဌာနချုပ်ထားရှိပြီး အနည်းဆုံး တပ်မဟာ တခု တပ်စွဲထားသည်။

လွယ်တိုင်းလျံတွင် လေ့ကျင့်ရေးကျောင်း၊ မူယစ်ဆေးဝါးဖြတ်သည့် စခန်းများရှိသည်ဟု သိရသည်။ RCSS / SSA လက်အောက်တွင် စစ်ဒေသ / တပ်မဟာ အနည်းဆုံး ၁၀ ခု ဖွဲ့စည်းထားရှိသည်ဟု သတင်းများအရ သိရသည်။ အကြမ်းပြင်းအားဖြင့် ၂၀၂၂ ခုနှစ်ဆန်းအထိ အောက်ပါအတိုင်း ဖြန့်ခွဲ အခြေပြု လှုပ်ရှားနေသည်ဟု သိရှိရသည်။

Sunday, October 29, 2023

ဂါဇာကမ်းမြောင်၌ စစ်ဆင်ရေး အရှိန်မြှင့်နေဟု အစ္စရေး စစ်တပ် ပြော

DVB
October 28, 2023

အစ္စရေးလေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေ ကြောင်း အစ္ စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အောက်တိုဘာ ၂၇ ရက် ရုပ်မြင် သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သေဆုံးသူ ၈၈၀၀ ကျော် ရှိလာ

DVB
October 28, 2023

အစ္စရေး-ဟားမတ်စ် ပဋိပက္ခရဲ့ ၂၁ ရက်မြောက်နေ့အထိ ၂ ဖက်စလုံးမှာ သေဆုံးသူပေါင်း ၈,၈၀၀ ကျော်သွားပြီ လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ ဂါဇာကမ်း မြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း စုစုပေါင်း ၇,၄၃၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပါလက်စတိုင်းပြည်သူများ ဂါဇာကမ်းမြောင် တောင်ဘက်ကို ရွှေ့ပြောင်းရန် အစ္စရေးထပ်သတိပေး

DVB
October 29, 2023

ပါလက်စတိုင်းတွေ ဂါဇာကမ်းမြောင်တောင်ဘက်ကို ရွှေ့ပြောင်းဖို့ အရေးပေါ် တောင်းဆိုချက်တစ်ရပ်ကိုအစ္စရေး စစ်တပ်က လူမှုကွန်ယက် မီဒီယာ Xပေါ်ကနေ အောက်တိုဘာ ၂၈ရက်မှာ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

ICRC ကယ်ဆယ်ရေး ယာဉ်တန်း ဂါဇာကိုဝင်ရောက်

DVB
October 29, 2023

အရေးပေါ်ဆေးဝါးနဲ့ ရေသန့်စင်စက်တွေကို တင်ဆောင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကယ်ဆယ်ရေး ကုန်တင်ကား ၆ စီးဟာအောက်တိုဘာ ၂၇ ရက်က အီဂျစ်နိုင်ငံကနေ ဂါဇာကို ဝင်ရောက်ခဲ့ပါ တယ်။

ဂါဇာဆေးရုံကြီးကိုဟားမတ်စ်ကစစ်ဆင်ရေး ဒိုင်းကာအဖြစ် သုံးနေဟု အစ္စရေးပြော

DVB
October 29, 2023

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဂါဇာရှိပင်မဆေးရုံကြီးကို သူ့ရဲ့ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ဆင်ရေးစင် တာတွေအတွက် ဒိုင်းကာအဖြစ် သုံးစွဲနေတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

What happened to the BURMA Act?

စစ်ကောင်စီ တပ်စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဟု MNDAA ပြော

ဧရာဝတီ
28 October 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုအား ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၂ ရက်အတွင်း စုစုပေါင်း စခန်း ၃၀ ကျော် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြောသည်။

Southeast Asia fears US neglect, ostracised Muslims and resurgent extremists as Israel-Gaza war rages on

Institute of stragetc & Ineternational Studies
Thomas Daniel,
By Maria Siow and Amy Sood
- 23 October 2023 Related:
Israel, Malaysia, Middle East, Palestine, Southeast Asia

 

  • Analysts warn of a spike in Hamas-inspired radicalisation and plummeting interfaith relations as the Middle Eastern conflict continues to escalate
  • Washington’s attention, meanwhile, looks set to remain elsewhere due to a fundamental ‘shift of focus’ – unless China ‘does something really drastic’

 

As the civilian death toll from the bloodiest Israel-Gaza conflict in decades climbs ever higher, analysts warn that Asia must be on guard against deep divisions over the war tearing at the region’s social fabric – and the consequences of an increasingly distracted United States turning the bulk of its attention elsewhere.

ICJ Extends Deadlines In Rohingya Genocide Case

GENOCIDE WATCH
BenarNews
October 27' 2023
The International Court of Justice hears allegations of genocide against Myanmar’s military regime, July 22, 2023. Credit: The International Court of Justice
The International Court of Justice has extended two deadlines for written arguments in a complaint filed by the West African nation of Gambia alleging that Myanmar’s military carried out genocide against minority Rohingya Muslims. 
 

Saturday, October 28, 2023

အစ္စရေးစစ်ပွဲက အီဂျစ်၊ လက်ဘနွန်နှင့်ဂျော်ဒန် စီးပွားရေးကို ခြိမ်းခြောက်နေ

CNI
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အစ္စရေးနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံ တို့တွင် စီးပွားရေး အကျပ်အတည်းများ ဖြစ်ပွားစေနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ သုံးနိုင်ငံအတွင်း ဘဏ္ဍာရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများလည်း ပိုမို ဆိုးရွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

Türkiye to introduce Israel to world as war criminal: Turkish President Erdogan

AA
Muhammed Enes Calli
ISTANBUL
28.10.2023

Those shedding crocodile tears for civilians killed in Ukraine-Russia war silently watching killing of children in Gaza, says Turkish president

Türkiye will introduce Israel to the world as a war criminal, Turkish President Recep Tayyip Erdogan said on Saturday.

Speaking at "Great Palestine Meeting," a pro-Palestine rally in Istanbul, Erdogan said: "Israel, we will also declare you as a war criminal to the world, we are preparing for it, and we will introduce Israel to the world as a war criminal."

အစ္စရေးစစ်ပွဲသည် အရှေ့အလယ်ပိုင်းကို ကျော်လွန်ပျံ့နှံ့နိုင် ကြောင်း ပူတင်ပြော

CNI International News
မော်စကို၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသထက် ပိုမိုကျော်လွန်ပြီး ပျံ့နှံ့လာနိုင်သည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့ပြင် အခြားသူများ၏ ရာဇဝတ်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါ ရောနှောပြီး အပြစ်ပေးခံနေရခြင်းသည် မှားယွင်းသည်ဟုလည်း ပူတင်က ပြောကြား ခဲ့သည်။

ဘာအတွက် တော်လှန်နေတာလဲ

DVB
September 26, 2023

စစ်ကောင်စီတပ်တွေကို ကျုပ်တို့ ဘာအတွက် တော်လှန်နေကြသလဲ။ တချို့က ပြည်သူ့ခေါင်းဆောင်တွေကိုဖမ်း ဆီးသွားလို့ တော်လှန်တယ် ပြောမယ်။ တချို့က ပြည်သူတွေရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုလို့တော် လှန်တယ် ပြောမယ်။ တချို့က ဘယ်တုန်းကမှ ကောင်းကျိုးမပေးတဲ့ စစ်တပ်ဖြစ်လို့ တော်လှန်တယ် ပြောကြ မယ်။ အဖြေအမျိုးမျိုး ဖြစ်ပေမဲ့ အဲဒီအကြောင်းပြချက်တွေ အားလုံးဟာ အကုန်အမှန်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းပြချက်တွေအားလုံးရဲ့ နောက်ကွယ်မှာ အဓိကကျတဲ့ အကြောင်းအရင်းကြီးတခု ရှိပါတယ်။ ဘာ လဲဆိုရင် လက်နက်အားကိုးနဲ့ လက်နက်မဲ့ ပြည်သူတွေအပေါ် ဗိုလ်ကျချင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ စစ်တပ် ဆိုတဲ့ အဖွဲ့အစည်းဟာ တလျှောက်လုံး အဲဒီအယူအဆကို ကိုင်စွဲလာခဲ့တာပါ။ အဲဒီဝါဒနဲ့ပဲ တိုင်းပြည်ကို တ လျှောက်လုံး အနိုင်ကျင့် လွှမ်းမိုးခဲ့တာပဲ ဖြစ်ပါတယ်။ ငါတို့မှာ လက်နက်ရှိတယ်။ ငါတို့ ကြိုက်သလို စီမံလို့ရ တယ်။ တိုင်းပြည်က ပြည်သူတွေဟာ ငါတို့လက်ခုပ်ထဲကရေ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ကိုလည်း အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေးဝါဒနဲ့ ဖိနှိပ်ခဲ့တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် တုန်းကလည်း ဒီမိုကရေစီအစိုးရကို အဲဒီလိုနည်းနဲ့ပဲ ပြန်ပေးဆွဲပြီး ပြည်သူလွှဲအပ်ထားတဲ့ အာဏာကို လုယူခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူရွေးကောက်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကိုပဲ အဲဒီလိုလုပ်ခဲ့တာ မဟုတ်ပါ ဘူး။ နိုင်ငံတော်အာဏာကို ပိုင်ရှင်‌တွေဖြစ်ကြတဲ့ ပြည်သူတွေကိုလည်း လက်နက်အားကိုးနဲ့ ခေတ်အဆက်ဆက် အနိုင်ကျင့်ခဲ့တာပါ။ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၇ ဆိုတဲ့ ထင်ရှားကြီးမားတဲ့ အဖြစ်အပျက်တွေက သမိုင်းသက် သေတွေပဲ ဖြစ်ပါတယ်။ အဲဒီ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးရေး ဝါဒကြောင့်သာ တိုင်းပြည်ဟာ သွေးအလိမ်း လိမ်း လူးခဲ့ရ၊ လွတ်လပ်ခွင့်တွေ ပျောက်ဆုံးခဲ့ရတယ်။ အရှိန်ရစပြုလာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်းတခဏ ချင်းအတွင်း အငွေ့ပြန်သွားခဲ့ရတယ်။ ဘဝတွေ၊ အိပ်မက်တွေ၊ အသက်တွေဟာ အဲဒီ လက်နက်အားကိုး ဗိုလ်ကျ စိုးမိုးရေးဝါဒအောက်မှာ ကွဲကြေပျက်စီးခဲ့ရတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */