" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

စင်ကာပူ မလေးရှားဝန်ကြီးချုပ် တွေ့ဆုံ၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး တောင်းဆို

DVB
October 30, 2023

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၃၀ ရက်မှာ စင်ကာပူ ဝန်ကြီးချုပ်လီရှန် လွန်းနဲ့ တွေ့ချိန်မှာ အစ္စရေးကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခတွေ ပြင်းထန်လာနေချိန်တဲ့ အ ရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ချိန်မှာ အန်ဝါက ခုလို မှတ်ချက်ပေးခဲ့တာပါ။ စင်ကာပူနိုင်ငံဆီ နှစ်ရက်ကြာ အလည်အပတ်ရောက်နေတဲ့ မလေးရှားခေါင်းဆောင်ဟာအိမ်နီးချင်းနိုင်ငံတွေရဲ့ပူးပေါင်း ဆောင်ရွက်မှုကို ဗဟိုပြုတဲ့ ၁၀ ကြိမ်မြောက် စင်ကာပူ-မလေးရှား ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ရွေး ကောက်ခံ စင်ကာပူ သမ္မတအသစ် သာမန် ရှန်မူဂါရတ်နမ် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပါလက်စတိုင်းကို ထောက်ခံအားပေးသူ မွတ်စလင် အများစု နေထိုင်တဲ့ မလေးရှားမှာ အောက်တို ဘာ ၂၄ ရက်က အန်ဝါဟာ ပါလက်စတိုင်း လိုလားသူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူဟာ ပါလက်စ တိုင်း အ ရေးကို ထောက်ခံအားပေးသူဖြစ်ပြီး အစ္စရေးနဲ့ ပဋိပက္ခကို နှစ်နိုင်ငံ တည်ထောင်တဲ့ နည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

Source/Photo - Reuters

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */