" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

အစ္စရေးတပ်ဖွဲ့တွေ ဂါဇာ ထဲကို ၃ ကီလိုမီတာ အထိဝင် ရောက်ပြီ

NHK World Japan
October 30' 2023

ဂြိုဟ်တုဓာတ်ပုံတွေက အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်သွားပြီဖြစ်ပြီး တောင်ဘက်ကို ၃ ကီလိုမီတာလောက်အထိ ရောက်ရှိသွားပြီဆိုတဲ့ အရိပ်လက္ခဏာကို ပြနေပါတယ်။ 

အစ္စရေးစစ်တပ်ဟာ တနင်္ဂနွေနေ့က ပြင်းထန်လှတဲ့ လေကြောင်း ထိုးစစ်နဲ့ မြေပြင်စစ်ဆင်ရေးကို ဆက်လုပ်ခဲ့ ပါတယ်။

စစ်တပ်ဟာ မြေပြင်စစ်ဆင်ရေးကို ဖြည်းဖြည်းချင်း ချဲ့သွားမယ် ဆိုတာနဲ့ နောက်ထပ်တပ်ဖွဲ့တွေကို ဂါဇာဆီ စေ လွှတ်နေခဲ့တယ် လို့ အစ္စရေး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။အစ္စရေး-ဂါဇာ နယ် စပ်အနီး စနေ နေ့ မှာ ရိုက်ယူခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေက မော်တော်ယာဉ်တွေ ဖြစ်ပုံရတဲ့ လမ်းကြောင်းတွေဟာ မြောက်ဘက် က နေ တောင်ဘက်ကို သွားနေတာ ပြသနေပါတယ်။ ဒီမတိုင်မီ ၂ ရက်က အဲဒါ မရှိခဲ့ပါဘူး။

အစ္စရေးကတင်ထားတဲ့ လူမှုမီဒီယာတစ်ခုက ဗီဒီယိုမှာ အစ္စရေးစစ်သားနှစ်ဦးဟာ ခေါင်မိုးပေါ်မှာ နိုင်ငံရဲ့အလံကို လွှင့်ထူနေတာကို ပြနေပါတယ်။

CNN ရုပ်မြင်သံကြားက အဲဒီဗီဒီယိုပုံရိပ်ရဲ့ တည်နေရာဟာ အစ္စရေး-ဂါဇာနယ်စပ်ကနေ ၃ ကီလိုမီတာလောက်အ ကွာက နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးအာဏာပိုင်တွေက သူတို့ကို တိမ်းရှောင်ကြဖို့ ပြောခဲ့တယ်လို့ ဂါဇာမြောက်ပိုင်းမှာရှိတဲ့ ဆေးရုံတစ်ရုံက အရာရှိတွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဆေးရုံမှာ လူနာ ၄၀၀ ကျော်နဲ့ ခိုလှုံလာသူ ၁၄,၀၀၀ ကျော် ရှိနေတဲ့အ တွက် တိမ်းရှောင်ဖို့ဆိုတာဟာ လက်တွေ့မဖြစ်နိုင်ဘူးလို့ သူတို့က ပြောပါတယ်။

အစ္စရေးနဲ့ အစ္စလာမစ်အုပ်စု Hamas တို့အကြား တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူ ၈,၀၀၅ ဦး၊ အစ္စရေးမှာ အနည်းဆုံး ၁,၄၀၀ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */