" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 29, 2023

ဂါဇာဆေးရုံကြီးကိုဟားမတ်စ်ကစစ်ဆင်ရေး ဒိုင်းကာအဖြစ် သုံးနေဟု အစ္စရေးပြော

DVB
October 29, 2023

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဂါဇာရှိပင်မဆေးရုံကြီးကို သူ့ရဲ့ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ဆင်ရေးစင် တာတွေအတွက် ဒိုင်းကာအဖြစ် သုံးစွဲနေတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဟားမတ်စ်တွေဟာ အထူးသဖြင့် ဂါဇာကမ်းမြောင်အောက်ရှိ ကျယ်ဝန်းလှတဲ့ ဥမင်လိုဏ်ခေါင်း ကွန်ရက်ထဲကို အဝင်ဂိတ်တွေ အများအပြားနဲ့ အမိန့်ပေးစခန်း အမျိုးမျိုး ထားရှိပြီးတော့ အလ်ရှီဖှာ ဆေးရုံနဲ့ ဆေးရုံစနစ်တွေကို အသုံးချနေကြောင်းကို အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ် ဟာဂါရီက အောက်တိုဘာ ၂၇ ရက် သ တင်းစာရှင်းလင်းပွဲမှာ ဓာတ်ပုံတွေ၊ ပုံပြကားချပ်တွေနဲ့ အသံမှတ်တမ်းတွေကို ပြသခဲ့ပါတယ်။

ဟာဂါရီရဲ့ ထုတ်ပြန်ချက်တွေကိုတော့ အတည်ပြုဖို့ မဖြစ်နိုင်ပါဘူး။ အစ္စရေးစစ်တပ်က ဟားမတ်စ်တွေဟာ လူ နေရပ်ကွက်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအနီးမှာ ခေါင်းဆောင်ပိုင်းနဲ့ စစ်ဆင်ရေးစင်တာတွေကို အခြေစိုက်ထားကြောင်း မကြာခဏ စွပ်စွဲထားတာ ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ဟားမတ်စ်တည်နေရာတွေကို အထူးအဖွဲ့ Flotilla 13 မှ ပစ် မှတ်ထား တိုက်ခိုက်နေတဲ့ ဗီဒီယို ကို အောက်တိုဘာ ၂၇ ရက် သောကြာနေ့က ထုတ်ပြန်ပြသခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်ရဲ့ ကွန်မန်ဒို ရေတပ်တပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ဝင်းတခုအတွင်းက ဟားမတ်စ် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ထားပါတယ်။

ဂါဇာမှာ အနည်းဆုံး ဓားစာခံ ၂၂၄ ဦးကို ထိန်းသိမ်းထားတာဖြစ်ပြီး ဟားမတ်စ်ဟာ အခုချိန်အထိ ဓားစာခံ ၄ ဦး ကို ပြန်လွှတ်ပေးထားပါတယ်။

Source/Photo-Reuters
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */