" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ တိုက်ပွဲ ဖြစ်

DVB
October 30, 2023

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သားတွေ ပင် လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်က စပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ်တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲက ပေါက်ကွဲသံတွေက ၁၂ မိုင်အကွာမှာရှိတဲ့ တာယာမြို့ကနေ ကြားနေရလို့ မြို့နားမှာပဲ ငါးဖမ်းနိုင်တယ် လို့ တံငါသည်တွေက ပြောပါတယ်။

ငါးဖမ်းသမား အာမဒ် အာဇူဇူက “ငါးတွေက ရှားနေရတဲ့အထဲ ခုတော့ ကျနော်တို့ဆီမှာ စစ်ပါဖြစ်နေပြီ။အန္တရာယ် ရှိလို့ နာကိုရာနဲ့ အယ်လ်ဘေးယာဒါလို တောင်ပိုင်းဒေသတွေကို မသွားဖို့ လက်ဘနွန်စစ်တပ်က ကျနော်တို့ကို သတိပေးထားတယ်” လို့ ပြောပါတယ်။

ပိုလီနီရှန်းလူမျိုးတွေ မြေထဲပင်လယ်ဒေသတဝန်း ရွက်လွှင့်ချိန်ကတည်းက ရှေးဟောင်း လူ့အဖွဲ့အစည်းရဲ့ ဗဟို ချက်ဖြစ်တဲ့ တာယာမြို့မှာ ငါးဖမ်းလုပ်ငန်းဟာ လူဦးရေ ၂၀၀၀ လောက်ကို အလုပ်အကိုင် ပေးထားတာပါ။

ငါးနဲ့ ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းဟာ လက်ဘနွန်မှာ မိသားစု ၄၀၀၀ ကျော်ကို ထောက်ပံ့နိုင်ပြီး တနှစ်ကို ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၇၇ သန်းကို ဖန်တီးပေးနေတယ်လို့ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေက ပြောထား ပါတယ်။

Source/Photo - Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */