" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

ဂါဇာစစ်ပွဲ အဆင့်သစ်တရပ်ရောက်ပြီး ကြာရှည်ခက်ခဲမယ် လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ အောက်တိုဘာ၊ ၂၀၂၃ 

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာစစ်ပွဲဟာ ဒုတိယအဆင့်ကို ဝင်ရောက်သွားပြီဖြစ်ပြီး စစ်က ကြာရှည်ခက်ခဲလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ရာဟုက စနေနေ့ညက တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားလိုက်ပါတယ်။ ကြည်း၊ ရေ၊ လေ တိုက်ပွဲအားလုံးကို အစ္စရေးက တိုးချဲ့လိုက်ပြီး ကျယ်ပြန့်တဲ့ မြေပြင်ထိုးစစ်မလာမီမှာ တိုက်ခိုက်မှုတွေ ပြင်းထန် လိမ့်မယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ 

 

တိုက်မလား၊ သေမလား ဆိုတဲ့ ဖြစ်နိုင်ခြေ ၂ ခုကို နိုင်ငံတွေရင်ဆိုင်ရတဲ့ ကာလတွေ ရှိပါတယ် လို့ နာတန်ရာဟု က ဆိုပါတယ်။ “ဒီစမ်းသပ်မှုကို ကျနော်တို့ ခု ရင်ဆိုင်နေရပါပြီ။” လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောသွားပါတယ်။ “ဒါဟာ စစ်ရဲ့ ဒုတိယအဆင့် ဖြစ်ပါတယ်။ ရည်မှန်းချက်တွေက ရှင်းပါတယ်။ ဟားမတ်စ်ရဲ့စစ်ရေးနဲ့ အစိုးရ စမ်း ဆောင်ရည်တွေကို ဖျက်ဆီးပြီး အဖမ်းခံရသူတွေကို အိမ်ကို ပြန်ခေါ်ဖို့ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ဂါဇာမှာတော့ အစ္စရေးက လေကြောင်းက ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ သေဆုံးသူ ၈,၀၀၀ ကျော် သွားပြီလို့ ဂါဇာ ကျန်းမာရေးဌာနက ဆိုပါတယ်။ လူ ထောင်ပေါင်းများစွာ ဟာ ကုလသမဂ္ဂ အကူအညီပေးရေး ဂိုဒေါင်ကို ဖောက်လိုက်ကြပြီး ဂျုံနဲ့ အခြားအခြေခံပစ္စည်းတွေကို ယူသွားကြတယ်လို့ ကုလသမဂ္ဂက တနင်္ဂနွေနေ့ က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */