" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 30, 2023

အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံတည်ထောင်ဖြေရှင်းရေး ကန်သမ္မတတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ အောက်တိုဘာ၊ ၂၀၂၃

အမေရိကန်သမ္မတ Joe Biden

စစ်ပြီးသွားတဲ့အခါ နိုင်ငံ ၂ နိုင်ငံ တည်ထောင်ဖြေရှင်းရေး သဘောတူညီချက်ရရှိအောင် အားထုတ်ကြဖို့ အမေရိ ကန်သမ္မတဂျိုးဘိုင်ဒန်က အစ္စရေးနဲ့ အာရပ်ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။ 

အစ္စရေးကိုဟားမတ်စ်က တိုက်ခိုက်ဖို့တရက်အလို ‘အောက်တိုဘာ ၆ ရက်နေ့ အခြေအနေအတိုင်းပြန်သွားလို့ မဖြစ်တော့ပါဘူး’ လို့ သမ္မတဘိုင်ဒန်က သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့အအပတ် အစ္စရေး ဝန်ကြီး ချုပ် နာတန်ရာဟုနဲ့ တယ်လီဖုန်းကနေ စကားပြောခဲ့တုန်းကလည်း ဒီသဘောကိုပဲ သမ္မတဘိုင်ဒန်က ပြောခဲ့ပါ တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ 

အစ္စရေးနဲ့ပါလက်စတိုင်း ၂ နိုင်ငံ ထူထောင် အပြန်အလှန် အသိအမှတ်ပြုရေးဟာ အရင်ကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာ ကြိုးစားခဲ့ကြတဲ့အကြောင်းအရာ ဖြစ်ပါတယ်။ ၂၀၁၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားရာမှာ လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတဘိုင်ဒန်အနေနဲ့ ပါလက်စတိုင်းနိုင်ငံတော်ကိစ္စကို ပြောခဲပြီး မြေပြင်အခြေအနေက ဒီ စကားကိုပြောဖို့ မရင့်မှည့်သေးဘူးလို့ မနှစ်က အနောက်ဘက်ကမ်းခရီးစဥ်မှာ ဆိုခဲ့ပါ သေးတယ်။ 

ဘိုင်ဒန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း အစ္စရေးနဲ့ အာရပ်အိမ်နီးချင်းနိုင်ငံတွေ ပုံမှန်ဆက်ဆံရေးကို ဦးစား ပေး လုပ်ငန်းစဥ်အဖြစ် ထားခဲ့တာပါ။ ဒါပေမဲ့ ဗုံးကြဲတာတွေနဲ့ တိုက်ပွဲတွေ ရပ်သွားခဲ့ရင် ပါလက်စတိုင်း နိုင်ငံ တော် ထူထောင်ရေးကို လျစ်လျူပြုလို့ မရတော့ဘူး လို့ သမ္မတဘိုင်ဒefက စတင်ပြောဆိုလာခဲ့တာလည်း ဖြစ်ပါ တယ်။ 

အစ္စရေး-ဟားမတ်စ် စစ်ပွဲက အရှေ့အလယ်ပိုင်း ဒေသတခုလုံးကို ပျံ့နှံသွားလေမလား စိုးရိမ်လာကြပြီး ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ မူဆလင်နဲ့ အရှေ့အလယ်ပိုင်း အဆက်အနွယ်တွေရဲ့မဲကိုထည့်တွက်လာရချိန်မှာပါလက် စတိုင်းနိုင်ငံတော်ထူထောင်ရေးက သမ္မတ ဘိုင်ဒန်ရဲ့နိုင်ငံခြားရေးမူဝါဒမှာ ပြန်လည်ပါလာခဲ့တာပါ။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */