" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 29, 2023

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သေဆုံးသူ ၈၈၀၀ ကျော် ရှိလာ

DVB
October 28, 2023

အစ္စရေး-ဟားမတ်စ် ပဋိပက္ခရဲ့ ၂၁ ရက်မြောက်နေ့အထိ ၂ ဖက်စလုံးမှာ သေဆုံးသူပေါင်း ၈,၈၀၀ ကျော်သွားပြီ လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ ဂါဇာကမ်း မြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း စုစုပေါင်း ၇,၄၃၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဲဒီထဲက လူပေါင်း လူ ၇၃၂၆ ဦးဟာ ဂါဇာကမ်းမြောင်မှာ သေဆုံးတာဖြစ်ပြီး အနောက်ဘက်ကမ်းမှာ လူ ၁၁၀ ဦး အသက်ဆုံးရှုံးခဲ့တာပါ။

ကမ်းရိုးတန်းနယ်မြေအတွင်း ပါလက်စတိုင်း ၁၈,၉၆၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၈ ရက်အထိ အစ္စရေးဘက်ခြမ်းမှာ ဒီပဋိပက္ခကြောင့် သေဆုံးသူ ၁၄၀၀ ကျော်ရှိ ခဲ့ကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး ဂျေရုဆလင်မ်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ရဲ့ စစ်စခန်းတွေနဲ့ မြို့တွေကို အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်ခဲ့တဲ့ ဂါဇာကို အုပ်ချုပ်နေတဲ့ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာကမ်း မြောင် ကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကန့်သတ် မြေပြင် စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */