" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 29, 2023

ပါလက်စတိုင်းပြည်သူများ ဂါဇာကမ်းမြောင် တောင်ဘက်ကို ရွှေ့ပြောင်းရန် အစ္စရေးထပ်သတိပေး

DVB
October 29, 2023

ပါလက်စတိုင်းတွေ ဂါဇာကမ်းမြောင်တောင်ဘက်ကို ရွှေ့ပြောင်းဖို့ အရေးပေါ် တောင်းဆိုချက်တစ်ရပ်ကိုအစ္စရေး စစ်တပ်က လူမှုကွန်ယက် မီဒီယာ Xပေါ်ကနေ အောက်တိုဘာ ၂၈ရက်မှာ ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး စစ်တပ်ပြောခွင့်ရ ဒန်နီယယ်ဟာဂါရီက “ဒါဟာ အရေးပေါ် စစ်ဘက်ဆိုင်ရာ အကြံပေးချက်ပဲ၊ဘေးကင်း ရေးအတွက်၊ ဂါဇာမြောက်ပိုင်းနဲ့ ဂါဇာစီးတီးက နေထိုင်သူအားလုံး တောင်ဘက်ကို ခဏပြောင်းရွှေ့ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” လို့ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း Xမှာ ပြောပါတယ်။

မကြာခင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ စစ်ဆင်ရေးဟာ ဟားမတ်စ်တွေရဲ့ ခြိမ်းခြောက်မှုကို တိတိကျကျ ပြင်းပြင်းထန်ထန် ချေမှုန်းပစ်ဖို့ စီစဉ်ထားပါတယ်လို့လည်း ပြောပါတယ်။

သောကြာညက ဂါဇာကိုလွှတ်လိုက်တဲ့ တပ်တွေဟာ အောက်တိုဘာ ၂၈ ရက် မနက်မှာ ကွင်းပြင်ထဲမှာသာ ရှိနေ သေးပြီး စစ်ဆက်တိုက်နေတယ်လို့ ဟာဂါရီက စနေမနက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီအချိန်ထိ ဂါဇာဒေသခံတွေဟာ လုံးဝနီးပါး လျှပ်စစ်ပြတ်တောက်နေပြီး ဖုန်းနဲ့အင်တာနက် ဝန်ဆောင်မှုတွေ ဖြတ်တောက်ခံထားရတာ ၁၂ နာရီ ရှိပါပြီ. အစ္စရေးတွေရဲ့ ဗုံးကြဲမှု ရလဒ်ကြောင့် ခုလိုဖြစ်တာလို့ တယ်လီကွန် လုပ်ငန်းတွေနဲ့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့တို့က ပြောပါတယ်။

ဂါဇာကို စိုးမိုးအုပ်ချုပ်နေတဲ့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုက သူတို့ရဲ့ တိုက်ခိုက်ရေးသမား တွေဟာ အစ္စရေးနဲ့ နယ်စပ်ဧရိယာတွေမှာ အစ္စရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့နေတယ်လို့ ပြောပါတယ်။

ညတွင်းချင်းပဲ IDF တိုက်လေယာဉ်တွေက အကြမ်းဖက်တွေရဲ့ ဥမင်လိုဏ်ခေါင်းတွေ၊ မြေအောက်တိုက်ခိုက်ရေး နေရာတွေနဲ့ နောက်ထပ် မြေအောက် အခြေခံအဆောက်အဦတွေ အပါအဝင်၊ ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ ရှိတဲ့ မြေအောက်ပစ်မှတ် ၁၅၀ ကို ထိမှန်ခဲ့ ပြီး ဟားမတ်စ် အကြမ်းဖက်သမား အများအပြား သေဆုံးခဲ့ပါတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ ညတွင်းချင်းစခဲ့တဲ့ စစ်ဆေးရေးအတွင်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဥမင်လိုဏ်ခေါင်းတွေနဲ့ ဟားမတ်စ်တို့ရဲ့ တခြားအခြေခံအဆောက်အအုံတွေနဲ့ အစ္စလာမ္မစ်လှုပ်ရှားမှု ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပြီး စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအဗ်ဂက်လန့်ထ်က ရုပ်သံထုတ် ပြန်ချက် အတွင်း အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။

တပ်ဖွဲ့တွေအတွက် ညွှန်ကြားချက်တွေက ရှင်းလင်းပြတ်သားပြီး အမိန့်အသစ် မရမချင်း စစ်ဆင်ရေး ဆက်လုပ် သွားမယ်လို့လည်းသူက ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာ ၂၈ ရက်က ကြိုကြားကြိုကြား ပစ်ခတ်သံတွေနဲ့အတူ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစောပိုင်းမှာ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို အချိန် ၃ ပတ်အတွင်း ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း သေဆုံးသူဦးရေ ၇၇၀၀ ကျော်ပြီလို့ ဟားမတ်တွေ စီမံခန့်ခွဲနေတဲ့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုး ကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

သိမ်းပိုက်ခံ အနောက်ဘက်ကမ်း ဒေသမှာလည်း အကြမ်းဖက်မှုတွေနဲ့ အစ္စရေးရဲ့ စီးနင်းမှုတွေကြောင့် လူအ ယောက် ၁၁၀ သေဆုံးခဲ့တယ်လို့ အေပီ သတင်းအရ သိရပါတယ်။

Source/Photo-Reuters 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */