Thursday, June 22, 2023

Durable solutions to the Rohingya crisis in Myanmar

United Nations
21 June 2023

 

At
Panel discussion on durable solutions to the Rohingya crisis and to end human rights violations and abuses against Rohingya Muslims and other minorities in Myanmar


53rd session of the Human Rights Council

Statement by Nada Al-Nashif, UN Deputy High Commissioner for Human Rights

Mr President,
Distinguished Panelists,
Excellencies,

Rohingya Muslims and other minorities in Myanmar have endured decades of persecution and systematic discrimination. Today, eleven years after the 2012 violence in Rakhine State, and six years after the 2017 military operations that killed thousands and displaced hundreds of thousands of Rohingya, more than one million languish in refugee camps in Bangladesh. An estimated 600,000 remain in Myanmar where they continue to be deprived of their basic rights.

Will a Legal Case in Argentina Bring Justice for the Rohingya?

THE DIPLOMAT
By Istiaque Ahamed
June 21, 2023

 

A case in Argentina, under the principle of universal jurisdiction, seeks to hold Myanmar’s leaders accountable for the atrocities committed against the Rohingya people. 

On June 7, Rohingya witnesses testified before an Argentine court about the atrocities committed by the Tatmadaw, the Myanmar Armed Forces, against civilians during the so-called clearance operation in 2017. This is a small but significant step in the process of ensuring justice for the long-persecuted Rohingya people.

The Rohingya were arbitrarily deprived of their citizenship by the Myanmar government in 1982, and currently, they are the world’s largest group of stateless people. They have been described by the United Nations as one of the most persecuted and most discriminated against minority groups in the world. The Rohingya have been subjected to repeated bouts of ethnic cleansing by the Myanmar government – in 1978, 1991–1992, 2012, and 2015. Hundreds of thousands of Rohingya were forced to flee to Bangladesh in each of these instances.

စစ်တွေမြို့ သီးခြားကမ္ဘာ အောင်မင်္ဂလာမှ ရွှေရည်စိမ် လွတ်လပ်ရေး

Myanmar Now
မျိုးထွန်း
June 21, 2023
 

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာ‌ရေး ပဋိ ပက္ခမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီဖြစ်သော်လည်း ပြည်နယ်မြို့တော် စစ်တွေမြို့တွင်း၌ပင် ရှိသည့်အောင် မင်္ဂ လာ ရပ်ကွက်တွင် နေထိုင်သော ဒေါ်ခင်ခင်*ကဲ့သို့ ရိုဟင်ဂျာများသည်ပင်လျှင် ဆိုးကျိုးဂယက်များ ယနေ့တိုင် ရိုက် ခတ်ခံစားနေရဆဲဖြစ်သည်။

နိုင်ငံအနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသော စစ်တွေမြို့တွင် အခြေစိုက်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီးတွင်သာ ရှိသော အောင်မင်္ဂလာရပ်ကွက်အတွင်းမှ ရိုဟင်ဂျာများ မြို့အတွင်း သွားလာနိုင်ပြီဖြစ် သော်လည်း ဒေါ်ခင်ခင်မှာ ကြောက်ရွံ့စိတ် မကုန်သေး၊ စိတ်ချလက်ချ မသွားလာရဲသေးပေ။

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးကောင်စီဆွေးနွေး

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.06.21 

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AFP

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေကို ဖိနှိပ်မှုတွေရပ်တန့်အောင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရှာဖွေနိုင်ဖို့ ဇွန်လ ၂၁ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီမှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က အဖွင့်အမှာစ ကား ပြောကြားပါတယ်။

Tuesday, June 20, 2023

The Rohingya Crisis

COUNCILL ON FOREIN RELATIONS
Written By
Eleanor Albert and Lindsay Maizland
Last updated : January 23, 2020 

Rohingya refugees help each other after crossing the Bangladesh-Myanmar border. Mohammad Ponir Hossain/Reuters

Hundreds of thousands of Rohingya, a Muslim ethnic minority group, have fled persecution in Myanmar’s Rakhine State, fueling a historic migration crisis. 

 
 

Why India is attacking the rights of Rohingya refugees

MIDDLE EAST EYE
Misbah Haqani
20 June 2023

The state's 'national security' discourse is being used as a weapon in service of Islamophobia

Members of the United Hindu Front hold a protest to demand the deportation of Bangladeshi and Rohingya Muslims in New Delhi in August 2018 (AFP)

Over the past three decades, the borders of the concept and practice of security have expanded dramatically - and vaguely, inasmuch as anything and everything now embodies the potential to be constructed as a security threat.

မိုခါမုန်တိုင်းဒဏ် ကုစားရန် မြို့တော်စစ်တွေ၌ပင် စစ်ကောင် စီ မစွမ်းနိုင်

Myanmar Now
June 19, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးမှုများကို မေ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images
 

အလွန်ပြင်းထန်သော မိုခါမုန်တိုင်း တိုက်ခိုက်ပြီး တစ်လကျော်ရှိလာချိန်တွင် နိုင်ငံတကာအကူအညီများကို ပိတ်ဆို့ ထားသည့် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ပင် ဆန် ၆ ပြည်၊ စားသုံးဆီ ၁ လီတာ၊ မိုးကာစ အနည်းငယ်မှလွဲ၍ ထူထောင်ရေးအကူအညီများ ထိရောက်စွာ မပေးနိုင်ဟု စုံစမ်းသိရှိရသည်။

ကျိုက်ထိုစစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာခြောက်ဦး ဖမ်းဆီး ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2023.06.20

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ခြောက်ဦးအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ People Media
 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာစစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၉ ရက် မနက် ၈ နာရီခန့်ကရိုဟင်ဂျာ ခြောက်ဦးဖမ်းမိတယ်လို့ စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေနဲ့ တယ်လီဂရမ် ချန်နယ်တွေ မှာ ရေးသားဖော်ပြထားပါတယ်။

အသက်မပြည့်သေးသူတစ်ဦးအပါအဝင် အမျိုးသား လေးဦးနဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

Monday, June 19, 2023

အာဂျင်တီးနား တရားရုံးတွင် ရိုဟင်ဂျာ နှိမ်နင်းမှုအပေါ် သက်သေ စ ထွက်

ဧရာဝတီ
8 June 2023 

၂၀၂၁ ခုနှစ် အာဂျင်တီးနား တရားရုံးတွင် တွေ့ရသော မောင်ထွန်းခင်နှင့် သူ့ရှေ့နေ / AFP

မြန်မာစစ်တပ်အပေါ် စွပ်စွဲထားသည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အာဂျင်တီးနား တရားစီရင်ရေး စုံစမ်းစစ် ဆေးမှု တစိတ်တပိုင်းအနေဖြင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူဆလင် လူနည်းစုဝင်များက ဗုဒ္ဓဟူးနေ့ (ဇွန် ၇ ရက်) တွင် ပထမဆုံး အကြိမ် လူကိုယ်တိုင် လာရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။

တံခါးပိတ်ကြားနာမှုသည် မြန်မာနိုင်ငံရှိ “လူတိုင်းအတွက် သမိုင်းဝင်နေ့တနေ့” ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ မောင်ထွန်းခင်က ပြောသည်။

“နောက်ဆုံးတော့ လူကိုယ်တိုင် ကြားနာမှုတွေ ပြုလုပ်ပြီး ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေကို တရားရုံး မှာ စစ်ဆေးနေပါတယ်” ဟု ၎င်းက AFP သတင်းဌာနသို့ ဆိုသည်။

“လုံခြုံရေး” ကြောင့် ထွက်ဆိုခဲ့သည့် “ကျန်ရစ်သူ” အရေအတွက်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ၎င်း က မဖော်ပြခဲ့ပေ။

လူ ဒါဇင်ဝက်၏ ကြားနာမှုကို ဇွန် ၁၃ ရက်အထိ ဆက်လက်ပြုလုပ်ရန် မျှော်လင့်ထားကြောင်း သိရသည်။

တိုင်ကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် အာဂျင်တီးနားတရားစီရင်ရေးစနစ်သည် ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းပုံ အ ခြေ ခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် နိယာမအရ ရိုဟင်ဂျာများအပေါ် မြန် မာ စစ်သားများ၏ ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးမှုကို ဖွင့်လှစ်ထားကြောင်း ကြေညာခဲ့သည်။

ထိုနှစ်တွင်ပင် ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်များအဖြစ် နေထိုင်သည့် ရိုဟင်ဂျာ အမျိုးသမီး ခြောက်ဦးသည် စစ်အ စိုးရ၏ ဖိနှိပ်မှုကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ဆွေမျိုးသားချင်းများ သေဆုံးရခြင်းကို ကိုးကား၍ အာ ဂျင်တီးနား တရားရုံးရှေ့တွင် ကြားနာစစ်ဆေးမှုတွင် ပါဝင်ခဲ့သည်။

“အသက်ရှင် ကျန်ရစ်သူတွေကို လူကိုယ်တိုင် ကြားနာစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်၊ အလွန် အရေးကြီးတဲ့ အထောက်အထားတွေ ထုတ်နေပါတယ်” ဟု မောင်ထွန်းခင်က ပြောသည်။

ယခင်က အာဂျင်တီးနားတရားရုံးများသည် အထူးသဖြင့် စပိန်နိုင်ငံ ဖရန်စစ္စကို ဖရန်ကို၏ ဖက်ဆစ်အစိုးရလက် အောက်တွင် ကျုးလွန်သော ရာဇဝတ်မှုများအား ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် နိယာမအရ နိုင်ငံရပ် ခြား အမှုများကို စစ်ဆေးရန် သဘောတူညီခဲ့ကြသည်။

အဆိုပါမူအရ ပြင်းထန်သောရာဇဝတ်မှုအချို့တွင် ကျူးလွန်သူအား ၎င်းတို့၏ နိုင်ငံသား မခွဲခြားဘဲ မည်သည့် ရာဇဝတ်မှု ကျူးလွန်သည့်နေရာတွင်မဆို တရားစွဲဆိုနိုင်စေသည်။

မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာအသိုက်အဝန်း ၇၅၀,၀၀၀ ခန့်သည် ယခုအခါ နိုင်ငံတကာ ရာဇဝတ်ခုံ ရုံးနှင့် နိုင်ငံတကာတရားရုံးရှေ့တွင် စွပ်စွဲခံထားရသော “လူမျိုးတုံးသတ်ဖြတ်မှု” များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။

ကိုးကား။ ။ AFP သတင်း Rohingya testify on Myanmar crackdown in Argentina court

You may also like these stories:


Topics: မောင်ထွန်းခင်, ရိုဟင်ဂျာ, လူမျိုးတုံးသတ်ဖြတ်မှု, သက်သေ စ ထွက်, အာဂျင်တီးနား တရားရုံး 

Link : Here

Saturday, June 17, 2023

မုန်တိုင်းသင့်ဒေသခံ ၇၀ ရာခိုင်နှုန်းခန့် အရေးပေါ်အကူ အညီ လိုနေဆဲဖြစ်ကြောင်း AA ပြော

RFA
RFA Burmese
2023.06.16

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အရေးပေါ်လိုအပ်နေသည့် စားနပ်ရိက္ခာနဲ့ အမိုးအကာများကို ULA/AA တပ်ဖွဲ့ဝင်တွေက ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဖြန့်ဝေပေနေစဉ်။ Cyclone Mocha ERRCA


မိုခါမုန်တိုင်းကြောင့် နေအိမ်တွေ အများအပြားပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ ၇၀ ရာခိုင်နှုန်းအထိ အရေးပေါ် အကူအညီ လိုအပ်နေဆဲလို့ ရက္ခိုင့်တပ်တော် (AA)/ULA ရဲ့ MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီ(Cyclone Mocha ERRCA)က ဇွန်လ ၁၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဘေး တစ်လကြာပြီးနောက် မြန်မာ နိုင်ငံ အတွင်း အားကိုးရာမဲ့အခြေအနေတွေ ဖြစ်ပေါ်နေ

NHK World Japan
ကြာသပတေး ဇွန်လ 15 -2023

မြန်မာနိုင်ငံအနောက်ပိုင်းကို အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကနေ တစ်လကြာမြင့် ခဲ့ပြီ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာသူတွေက အကူအညီတွေ တောင်းခံနေပေမဲ့လည်း အုပ် ချုပ် သူ စစ်အာဏာပိုင်တွေက ကမ္ဘာ့တစ်ဝန်းကပေးတဲ့ အကူအညီတွေကို ကန့်သတ်ထိန်းချုပ်နေပါတယ်။

ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေအပေါ် အမုန်းစကား တားဆီးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်

VOA
ဗွီအိုအေမြန်မာပိုင်
၁၅ ဇွန်၊ ၂၀၂၃ 

ရိုဟင်ဂျာ ဒုက္ခသည်တွေလို လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကို တားဆီး ရေး ဆုံးဖြတ်ချက်တရပ် မနေ့က ကုသလမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်ပါတယ်။

Link : Here

Friday, June 16, 2023

နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲခံနေရတဲ့ စစ်ကောင်စီ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.06.15

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။Reuters

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC၊ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ သာမက အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာပါ တရားစွဲခံနေရတဲ့ စစ်ကောင်စီဟာ ကမ္ဘာ့မျက်နှာစာမှာ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရဖွယ် ရှိပါသလဲ။

ဦးထွန်းခင် "အကြမ်းဖက်စစ်တပ်ကို များမကြာတဲ့ကာလ အတွင်းမှာ အရေးယူနိုင်မယ်လို့ ကျွန်တော်တို့ ပြောလို့ရ တယ်။"
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး ICJမှာ ထုချေလွှာတင်သွင်း ဖို့ ပြင်ဆင်နေရတဲ့တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီး နားနိုင်ငံမှာ တိုင်ကြားထားတဲ့အမှုအတွက် ရိုဟင်ဂျာတွေကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့တာပါ။

Wednesday, June 14, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး တွန်းအားပေးတဲ့ သတင်းတွေ ကြောင့် စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၄ ဇွန်၊ ၂၀၂၃ 

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)

ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်သွားဖို့အတွက် ဘင်္ဂလားဒေ့ရှ့်အစိုးရက ငွေသား မက်လုံး တွေပေးနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် လူအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ရှေ့ပြေး စီမံကိန်းတွေကိုတွေကို ချက်ချင်း ရပ်ဆိုင်းထားဖို့ ဘင်္ဂလားဒေ့ရှ့်အစိုးရကို ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက တောင်းဆိုလိုက်ပါတယ်။

Tuesday, June 13, 2023

Rapes and massacres detailed in Rohingya genocide case against Myanmar authorities

RFA
By Carlos G. Hamann, special for RFA
2023.06.13


Argentine case, under ‘universal jurisdiction,’ aims to hold leaders accountable

Roshida Begum, 22, shows where the Myanmar military slit her throat, Dec. 1, 2017 in Cox's Bazar, Bangladesh. “The military took me and 5 other women into a house and raped us. After they were done, they slit our necks with machetes. They thought I was dead and they left and set the house on fire. I was the only one who escaped." She fled from Tula Toli village in Myanmar to Bangladesh shortly after the Aug. 25, 2017, attack.  Credit: Allison Joyce/Getty Image
 
Women gang raped, children stabbed and killed, men shot and burned to death.

The criminal complaint of genocide by Myanmar’s armed forces against the Muslim Rohingya minority includes detailed accounts of stomach-churning atrocities.

အာဂျင်တီးနားမှာ ရိုဟင်ဂျာတွေရဲ့သက်သေထွက်ဆိုပွဲ ပြီး ဆုံး

RFA
RFA Burmese
2023.06.13

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ရှေ့နေ မစ္စတာ သောမတ်စ် ကင်တားနားတို့အား အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရှေ့တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို အကြမ်းဖက်ထားတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက စစ်ဘက် အရပ်ဘက်ခေါင်း ဆောင် တွေကို အာဂျင်တီးနားနိုင်ငံမှာ တရားစွဲထားတဲ့အမှု ကြားနာစစ်ဆေးပွဲ ဇွန်လ ၁၃ ရက် အင်္ဂါနေ့မှာ ပြီး ဆုံးသွားပါပြီ။


ဒီကြားနာပွဲကို အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် ဗျူနိုအေးရီးစ်မြို့က ဖက်ဒရယ်တရားရုံးမှာ ဇွန်လ ၆ ရက်နေ့က တည်းက စတင်နေတာပါ။

သက်သေထွက်ဆိုတဲ့သူတွေရဲ့ လုံခြုံရေးအတွက် အများပြည်သူကိုဝင်ခွင့်မပေးဘဲ တံခါးပိတ်ကြားနာပွဲပဲ ပြုလုပ် ခဲ့ပါတယ်။

တရားလိုဖြစ်တဲ့ မြန်မာရိုဟင်ဂျာအသင်း-ယူကေရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က - မြန်မာစစ်ခေါင်းဆောင်တွေကို အရေး ယူနိုင်ဖို့ နီးလာပါပြီ၊ ကမ္ဘာကြီးမှာ ဒီပုဂ္ဂိုလ်တွေ ပုန်းရှောင်နေလို့ မရနိုင်ဘူးဆိုတာ အခုတရားစွဲနေတဲ့လုပ်ရပ်က သက်သေပြနေပါတယ်လို့ ပြောပါတယ်။

ဒီအမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ် ကင်တားနားက တရား လိုဖြစ်တဲ့ မြန်မာ ရိုဟင်ဂျာအသင်း-ယူကေရဲ့ရှေ့နေအဖြစ် ဆောင်ရွက်နေတာပါ။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှုအတွက် စစ်ခေါင်း ဆောင် ဗိုလ် ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးဝီရသူ တို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တာဝန်ရှိသူတွေအဖြစ် စွပ် စွဲထားပါတယ်။

LinK :Here

Unveiling the genocide: The Rohingya struggle for survival

Salaam Media
written by Luqmaan Rawat
June 13, 2023

The campaign to bring awareness to the plight of the Rohingya people Photo Twitter @black4rohingya

World – In recent years, the world has witnessed the unfolding tragedy of the Rohingya people, one of the world’s most persecuted minorities. The Black For Rohingya campaign, initiated by the Free Rohingya Coalition, aims to raise awareness about the dire situation faced by the Rohingya people.

မုန်တိုင်းသင့်ရခိုင်မှာ ကုလနဲ့ နိုင်ငံတကာအဖွဲ့တွေ ကူညီခွင့် စစ်ကောင်စီပိတ်ပင်ထားဆဲ

RFA
RFA Burmese
2023.06.13

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။ RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်တွေ၊ လုပ်ကိုင်စားသောက်ခင်းတွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး သွားလာခွင့်ကို ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့အထိ စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်တယ်လို့ အဖွဲ့အစည်းတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီကနေ ပြီးခဲ့တဲ့ ဇွန်လ၇ရက်နေ့ ကစလို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ထိုးပြီး သွားလာခွင့် ပိတ်ပင်လိုက်တာပါ။

ဒီကနေ့အထိ စစ်ကောင်စီကနေ ကူညီခွင့်မရသေးတာကြောင့် အခြေအနေကို စောင့်ဆိုင်းနေရတယ်လို့ အမည်မ ဖော်လိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်တော်တို့ကို ပြီးခဲ့တဲ့သောကြာနေ့က ခရီးသွားလာခွင့်ကို ရပ်ဆိုင်းတယ်ဆိုပြီးတော့ အကြောင်းကြားစာ ရောက် တယ်ပေါ့နော်။ အဲဒီစာကို ပြန်လည်ရုပ်သိမ်းကြောင်း၊ ခွင့်ပြုကြောင်းပေါ့နော် စာကအခုအထိ ရောက် မလာသေးဘူး။ ကျွန်တော်တို့ ကူညီလို့မရသေးဘူးလို့ပြောရမှာပေါ့။ အခြေအနေကို စောင့်နေရတုန်းပေ့ါ”

ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးကြောင့် ထိခိုက်ပျက် စီးသွားတဲ့ ဒေသတွေကို အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီထံကူညီထောက် ပံ့ ခွင့် တင်ပြ တောင်းဆိုခဲ့ပေမယ့် အခုအထိ ခွင့်မပြုသေးတာလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၁၄၆ ဦးသေဆုံးခဲ့ပြီး စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံစတဲ့ မြို့ နယ်တွေမှာ နေအိမ်တွေ အများအပြား ပျက်စီးသွားတာကြောင့် လူဦးရေ ၁၂ သိန်းလောက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။

ထိခိုက်ပျက်စီးမှုကြီးမားတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီသာမရရင် ပြန်လည် တည်ဆောက်ဖို့အဆင် မပြေနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါ တယ်။

“ဒီလိုသဘာဝဘေးဒဏ်တွေဖြစ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီမှုမရရင် အဲဒီပြည်နယ်၊ အဲဒီတိုင်း၊ အဲဒီ နိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခုဆိုရင် ရခိုင်မှာကြီးမားတဲ့ မုန်တိုင်း ဖြစ်ခဲ့တယ်။ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီမရရင် နဂိုအတိုင်းပြန်ဖြစ်ဖို့က မဖြစ်နိုင်တော့ဘူး။ အချိန်တွေ အ များကြီးယူရမယ့်အခြေအနေရှိတယ်”

လက်ရှိမှာတော့ မုန်တိုင်းကြောင့် အိမ်အနည်းအကျဉ်းသာ ပြန်လည်ပြုပြင်နိုင်ကြပြီး အများစုကတော့ နေအိမ် ပြန် မဆောက်နိုင်တော့ဘဲ တာပေါ်လင်တွေနဲ့ ဖြစ်သလို မိုးကာပြီး နေထိုင်နေကြရတယ်လို့လည်းဆိုပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီမရတာဟာ ပြည်သူတွေအတွက် အများကြီး ဒုက္ခရောက် စေတယ်လို့ ဒေသတွင်းမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အခုက နိုင်ငံတကာအဖွဲ့အစည်းတွေက အချက်အလက်တွေစာရင်းတွေ ကောက်တဲ့ အခြေအနေမှာပဲရှိ သေး တယ်။ ပစ္စည်းတွေပေးတာတွေ သိပ်မရှိသေးဘူး။ အဲဒီအချိန်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီ က ပိတ်ပင်လိုက်တော့ တချို့ပေးမယ့် ပစ္စည်းတွေ ဂိုဒေါင်ထဲမှာ ထည့်ထားရတဲ့ အခြေအနေရှိတယ်။ ပစ္စည်း တွေ က လိုအပ်တဲ့ နေရာမရောက်ဘဲ ကြားထဲမှာရှိနေတဲ့ အခြေအနေရှိတယ်။ ဒါဟာ ပြည်သူလူထုအတွက် အ များကြီး ဒုက္ခရောက်စေတယ်။ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ အခုလိုအချိန်မှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့ တဲ့ ၁၀ ရာခိုင်နှုန်းလောက်တောင် ကျွန်တော်တို့ မလုပ်နိုင်သေးဘူး”

အလားတူပဲ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့ စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ ဒုက္ခသည်စခန်းတွေမှာလည်း ဘာအကူအညီ၊ အထောက်အပံ့မှ မရကြသေးဘူးလို့ ရိုဟင်ဂျာတွေက RFA ကိုပြော ပါတယ်။

ရခိုင်ပြည်နယ်အတွင်း UNOCHA မှ ကူညီထောက်ပံ့ပေးမှုများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: UNOCHA Myanmar) 

ရိုဟင်ဂျာတွေဟာ အမိုးအကာတွေနဲ့ စားနှပ်ရိက္ခာတွေခက်ခဲနေပြီး သူတို့ဟာ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီ ကို စောင့်မျှော်နေကြတယ်လို့ စစ်တွေမြို့နယ် ဒါးပိုင်ရွာက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ဘာအကူအညီမှ မရကြသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ စောင့်မျှော် နေ ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းကရော၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းကရော ပြီးတော့ အစိုးရကရောပေါ့။ အဆောက်အအုံတွေကို ဘယ်လို ပြန်ဆောက်ပေးကြမလဲဆိုတာ စောင့်မျှော်နေကြတယ်။ နေရေးထိုင်ရေးက ပိုပြီး အခက်အခဲဖြစ်နေတယ်။ မိုးရာသီလည်း ရောက်ပြီဆိုတော့ မိုးတွေခံပြီးနေရတယ်။ ကြာလာရင် ကျန်းမာ ရေးတွေ ထိခိုက်လာနိုင်တဲ့ အခြေအနေ ရှိတယ်”

လက်ရှိမှာတော့ ရိုဟင်ဂျာတွေဟာ ပျက်စီးသွားတဲ့ နေအိမ်ရာတွေပေါ်မှာ တာပေါ်လင်တွေနဲ့ ဖြစ်သလို တဲအိမ် ထိုး ပြီး နေကြရသလို ဘာသာရေး အဆောက်အအုံတွေနဲ့ နီးစပ်ရာတွေမှာ စုပြုံ နေထိုင်နေကြရတယ်လို့လည်း ဆိုပါ တယ်။

ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီက အခုလို ပိတ်ပင်တာ ကြောင့် ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်ဆံရေးတင်းမာလာနိုင်တဲ့အတွက် ငြိမ်းချမ်းရေး အလှမ်းဝေးသွားနိုင်တယ် လို့ ထောက်ပြပါတယ်။

“ကျွန်တော်တို့ကတော့ ဖွင့်ပေးစေချင်တာပေါ့။ သူတို့ ပိတ်ပင်ထားခြင်းအားဖြင့် နိုင်ငံတကာရဲ့ ပြောဆိုဝေဖန် အပြစ်တင်တာကိုပဲ ခံရမယ့် အခြေအနေရှိတယ်။ သူတို့အတွက် နိုင်ငံရေးအရ အမြတ်ရစရာမရှိဘူး။ ပြီးတော့ အေအေနဲ့လည်း ကတိကိုချိုးဖောက်တဲ့အတွက် ပိုပြီးဆက်ဆံရေးတွေ အဆင်မပြေဖြစ်လာနိုင်တယ်။ ဆက်ဆံ ရေးတွေ တင်းမာလာတဲ့အတွက် ငြိမ်းချမ်းရေးကလည်း အလှမ်းဝေးသွားနိုင်တယ်”

ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း(INGO)တွေ အနေနဲ့ မုန်တိုင်းသင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို စစ်ကောင်စီကနေတစ်ဆင့် လှူဒါန်းရမယ်လို့ ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စုဒုဝန်ကြီး စိုးကြည်လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။
"နေရေးထိုင်ရေးက ပိုပြီး အခက်အခဲဖြစ်နေတယ်။ မိုးရာသီလည်း ရောက်ပြီဆိုတော့ မိုးတွေခံပြီးနေရတယ်။"
အကူအညီတွေကို လွတ်လွတ်လပ်လပ်ပေးခွင့်မပြုဘဲ စစ်ကောင်စီကနေတစ်ဆင့် လှူဒါန်းခိုင်းတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက် သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေကြားပါဘူး။

NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီလို့ မရအောင် စစ်ကောင် စီကလုပ်ဆောင်တာလို့ ထောက်ပြပါတယ်။

“နိုင်ငံတကာအလှူရှင်တွေအနေနဲ့ လှူတဲ့အခါမှာ အစိုးရကို တိုက်ရိုက်ပေးပိုင်ခွင့် မရှိဘူးဆိုတာရှိတယ်။ ဒါကို လုံး၀ ပိတ်ပင်တားဆီးလိုက်သလိုပဲဖြစ်တယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ ပေးလို့မရအောင် ဆောင်ရွက်ထား တာ ဖြစ်တယ်။ အလှူရှင် နိုင်ငံတွေလည်း လှူလို့မရအောင် ဆောင်ရွက်ထားတာဖြစ်တယ်။ အလှူရှင် နိုင်ငံ တွေက စကစနဲ့ပေါင်းမှ၊ စကစရဲ့ လူကယ်ပြန်နဲ့ပေါင်းမှ လှူလို့ရမယ်ဆိုပြီး ပိတ်ပင် တားဆီးခြင်းတွေကို နိုင်ငံ တကာအနေနဲ့လည်း အသံထွက်ဖို့လိုပါပြီ”

ရခိုင်မှာ မုန်တိုင်းကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ အများအပြားထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံ လူပေါင်း ၁ သန်း ၆ သိန်း အတွက် ကုလသမဂ္ဂအနေနဲ့ အမိုးအကာတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ကူညီဖို့ ပြင်ဆင်ထားပေ မယ့် စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်တာကြောင့် တစ်သိန်းတစ်သောင်းကိုသာ ထောက်ပံ့နိုင်ခဲ့တယ်လို့ UN က ထုတ်ပြန်ထားပါတယ်။

Link : Here

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အသင့်မဖြစ်သေး (ဒုက္ခသည် ဆိုင်ရာ ကန်လက်ထောက်ဝန်ကြီး)

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ ဇွန်၊ ၂၀၂၃

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အသေးစိတ်တိုင်ကြားလွှာ တင်သွင်း

RFA
Carlos G. Hamann, special for RFA
2023.06.13 

အဓမ္မပြုကျင့်ခံရပြီး လည်ပင်းကို ဓားဖြင့်လှီးခံခဲ့ရကြောင်း ပြန်ပြောပြနေသည့် Roshida Begum အမည်ရှိ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။Credit: Allison Joyce/Getty Images

ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသုတ်သင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အာဂျင်တီး နားနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်က အစိုးရတရားရုံးမှာ အသေးစိတ် တိုင်ကြားလွှာ တင်သွင်းလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */