VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၄ ဇွန်၊ ၂၀၂၃
ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်သွားဖို့အတွက် ဘင်္ဂလားဒေ့ရှ့်အစိုးရက ငွေသား မက်လုံး တွေပေးနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် လူအခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး ရှေ့ပြေး စီမံကိန်းတွေကိုတွေကို ချက်ချင်း ရပ်ဆိုင်းထားဖို့ ဘင်္ဂလားဒေ့ရှ့်အစိုးရကို ကုလသမဂ္ဂ အကြီးတန်းအရာရှိတဦးက တောင်းဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ့် အစိုးရကနေ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့အတွက် အတင်းအကြပ် ဖိအားပေးနေတယ်လို့ သတင်း တွေ ထွက်ပေါ်လာတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူး ကိုယ် စားလှယ် Tom Andrews က ပြောဆိုတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ ဇွန် ၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့ ဂုဏ်သိက္ခာရှိမှု၊ ရေရှည် လုံခြုံစိတ်ချရမှု တွေလို အပ်ပြီး မိမိသဘော ဆန္ဒအလျှောက်သာ ပြန်ဖို့လိုအပ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ့် အစိုးရအနေနဲ့ အတင်းအကြပ် ပြန်ပို့တာတွေကိုရပ်ဆိုင်းထားဖို့ Tom Andrews က တောင်းဆိုလိုက်ပါတယ်။
ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေဆီကနေ စီးပွားရေးအရ အမြတ်ထုတ် နေသလို အခွင့်အရေးတွေကိုလည်း ချိုးဖောက်နေပြီး မြန်မာနိုင်ငံပြန်ဖို့ တိုက်တွန်းနေတာတွေဟာ လုံးဝ လက်မ ခံ နိုင်စရာတွေဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှဆိုင်ရာ ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
မိမိတို့အနေနဲ့ မြန်မာနိုင်ငံကို မပြန်ရင် အကြမ်းဖက်မယ်ဆိုပြီး ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ဘင်္ဂလားဒေ့ရှ့် အစိုးရအရာရှိတွေက ခြိမ်းခြောက်ခဲ့ကြောင်း Bhasan Char ကျွန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ တယောက် ကလည်း ဗွီအိုအေကို ပြောပါတယ်။
Link : Here
.png)
.png)
No comments:
Post a Comment