" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 22, 2023

စစ်တွေမြို့ သီးခြားကမ္ဘာ အောင်မင်္ဂလာမှ ရွှေရည်စိမ် လွတ်လပ်ရေး

Myanmar Now
မျိုးထွန်း
June 21, 2023
 

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာ‌ရေး ပဋိ ပက္ခမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီဖြစ်သော်လည်း ပြည်နယ်မြို့တော် စစ်တွေမြို့တွင်း၌ပင် ရှိသည့်အောင် မင်္ဂ လာ ရပ်ကွက်တွင် နေထိုင်သော ဒေါ်ခင်ခင်*ကဲ့သို့ ရိုဟင်ဂျာများသည်ပင်လျှင် ဆိုးကျိုးဂယက်များ ယနေ့တိုင် ရိုက် ခတ်ခံစားနေရဆဲဖြစ်သည်။

နိုင်ငံအနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားသော စစ်တွေမြို့တွင် အခြေစိုက်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီးတွင်သာ ရှိသော အောင်မင်္ဂလာရပ်ကွက်အတွင်းမှ ရိုဟင်ဂျာများ မြို့အတွင်း သွားလာနိုင်ပြီဖြစ် သော်လည်း ဒေါ်ခင်ခင်မှာ ကြောက်ရွံ့စိတ် မကုန်သေး၊ စိတ်ချလက်ချ မသွားလာရဲသေးပေ။

လွန်ခဲ့သော ၁၀ နှစ်ကျော် ၂၀၁၂ တွင် စစ်တွေမြို့၌ ဖြစ်ပွားသည့် ပဋိပက္ခမတိုင်မီအထိ စီးပွားရေးပြေလည်သူ အ များစု နေထိုင်သော စစ်တွေမြို့ပေါ်ရပ်ကွက် အောင်မင်္ဂလာနေ ဒေါ်ခင်ခင်နှင့် အခြားရိုဟင်ဂျာများမှာ နဂိုမူလကဲ့ သို့ လူမှုစီးပွားဘဝ ပြန်ရရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် အခြေအနေကြောင့် အကြောင်းကိစ္စမရှိဘဲ ပြင်ပ ထွက်၍ သွားလာလည်ပတ်ရန်လည်း အချိန်မပေးနိုင် ဖြစ်နေကြရသည်။

အသက် ၅၀ ဝန်းကျင် ဒေါ်ခင်ခင်ဆိုလျှင် ၂၀၁၂ မတိုင်မီအထိ စစ်တွေမြို့ ဈေးကြီးအတွင်းမှ ကုန်စုံဆိုင်ပိုင်ရှင် အ ဖြစ် ချောင်လည်စွာ ရပ်တည်နိုင်ခဲ့သည်။ ယခုမူ ရပ်ကွက်ဈေးမှ အကြော်သည်တစ်ဦးအဖြစ် ဝမ်းရေးကို ဖြေ ရှင်း နေရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ကို ၂၀၂၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
 

၂၀၁၂ ပဋိပက္ခအပြီးတွင် မြန်မာပြည်ဖွား အစ္စလာမ်ဘာသာ ကိုးကွယ်သူများနေထိုင်သည့် အောင်မင်္ဂလာမှာ စား ဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကန့်အသတ်မျိုးစုံဖြင့် နေထိုင်ရသည့် အကျယ်ချုပ်စခန်းတစ်ခုသာသာ ဖြစ်ခဲ့ရသည်။

ရပ်ကွက်အပြင်သို့ ထွက်ခွင့်မရသူ ရပ်ကွက်သားတို့မှာလည်း ရှိရင်းစွဲ စီးပွားရေးအခွင့်အလမ်းများကို လက်လွှတ် လိုက် ရကာ အခြေခံလူတန်းစားဘဝသို့ တစ်မုဟုတ်ချင်း သက်ဆင်းကုန်ကြရသည်။

“ပြဿနာတွေဖြစ်တော့ အပြင်ကိုလည်း မသွားရဘူး။ ဆိုင်ရောင်းဖို့ ကုန်ပစ္စည်းမှာရင်လည်း မရဘူး၊ ဆိုတော့ ရှိ တာလေး (စုဆောင်းထားတာ) တွေကို ထုခွဲစားသောက်နေထိုင်တာ အကုန်လုံးကုန်သွားတယ်” ဟု ဒေါ်ခင်ခင်က ပြောသည်။

စစ်တွေမြို့ပေါ် အချက်အချာကျသည့် မင်းဘာကြီးလမ်းဘေးတွင် ရှိသည့် အောင်မင်္ဂလာရပ်ကွက်ရှိ ရိုဟင်ဂျာ များ မှာ ၂၀၁၂ ပဋိပက္ခမတိုင်မီ ကုန်သည်၊ ရေလုပ်ငန်း၊ စစ်တွေမြို့မဈေးကြီးမှ ဆိုင်ခန်းပိုင်ရှင်များအဖြစ် ရပ်တည်နိုင်ခဲ့ သော်လည်း မည်သည့်နေရာမျှ သွားခွင့်မရဘဲ ရပ်ကွက်အတွင်း ၅ နှစ်ဝန်းကျင် ပိတ်လှောင်ခံခဲ့ရပြီးနောက်တွင် စီး ပွားရေး အခြေပျက်သွားကြခြင်းဖြစ်သည်။

အပြင်ထွက်ခွင့်မရသည့် ကာလအတွင်း စစ်တွေမြို့မဈေးကြီးတွင် ပိုင်ဆိုင်ထားသည့် ဆိုင်များကိုလည်း သွားမဖွင့် နိုင် ၍ တစ်ပါးသူကို ငှားလျှင်ငှား၊ မငှားလျှင် အပြီးအပြတ်ရောင်းကာ ရသည့်ငွေဖြင့် မိသားစု စားဝတ်နေရေးကို အဆင်ပြေသလို ဖြေရှင်းနေသူ၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်ပြင်ပသို့ ရောက်နေသည့် အမျိုးအဆွေများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေသူ အများစုသာ အောင်မင်္ဂလာတွင် ရှိတော့သည်။

အောင်မင်္ဂလာတွင် နေထိုင်သည့် အလွန်ချမ်းသာသူများသာလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် ဖြေလျှော့မှုများ စတင်ရလာချိန်နောက်ပိုင်းမှသာ စစ်တွေမြို့အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအနီး ဈေးဆိုင်၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ လူသုံးကုန်၊ ကုန်မာ၊ ရေလုပ်ငန်းသုံးလယ်ယာသုံးပစ္စည်း ဆိုင်များ ဖွင့်၍ စီးပွားရေး ပြန်လည်လုပ်ကိုင်နိုင်ကြသည်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၄၀ အရွယ် ဦးရွှေတင့်*ကလည်း “အရင် စီးပွားရေးလုပ်တဲ့ လူတွေက လည်း ဘာမှ လုပ်လို့မရဘူး။ ထိုင်စားရင်း စားရင်းနဲ့ ရှိတဲ့ဟာ ကုန်သွားတယ်” ဟု ပြောသည်။
ရိုဟင်ဂျာအများစု နေထိုင်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ နာဇီရပ်ကွက် အပျက်အစီးများကို ၂၀၁၂ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA

မှောင်မိုက်သော နေ့ရက်များ

ထိုရပ်ကွက်မှာ ၂၀၁၂ ပဋိပက္ခပြီးကတည်းက ရပ်ကွက် ဝင်ပေါက်ထွက်ပေါက်မှန်သမျှတွင် သံဆူးကြိုးနှင့် အတား အဆီးများ ချကာ ရဲတပ်ဖွဲ့၏ စောင့်ကြပ်ခြင်းခံရသည်။ ၂၀၁၈ မတိုင်မီအထိ အရေးပေါ် ဆေးကုသရန် အပါအဝင် မည်သည့်အကြောင်းဖြင့်ဖြစ်စေ ရပ်ကွက်နေပြည်သူများ အပြင်ထွက်လိုလျှင် အောင်မင်္ဂလာရဲကင်းထံ ခွင့်ပြုချက် ယူရသည်။

ပြဿနာမှာ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ၂၀၁၂ တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ၌ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်တွင် အစ ပြုသည်။ ကြံ့ခိုင်ရေးအစိုးရက နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်ရာရောက်သော အ သုံးအနှုန်းများ၊ အမုန်းစကားများ ဖြန့်ချိခဲ့ပြီးနောက် ပေါ်ပေါက်လာသော ဂယက်ဖြစ်သည်။

ထိုပဋိပက္ခအတွင်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေကဲ့သို့ အစိုးရရုံးစိုက်ရာ မြို့တွင်ပင် ရခိုင်၊ ရိုဟင်ဂျာ နှစ်ဖက်လူ့ အဖွဲ့အစည်းကြား အဓိကရုဏ်းများဖြစ်ပွားပြီး နောက်ဆက်တွဲအကျိုးဆက်ကို စူးစမ်းလိုလျှင် အောင်မင်္ဂလာ ရပ် ကွက်သည် အကောင်းဆုံးနမူနာများထဲမှ တစ်ခုပင်။

အဓိကရုဏ်းမှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မြေပုံ၊ ပေါက်တော အစရှိသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များသို့ ပျံ့နှံ့ခဲ့ကာ လူ ၈၀ ကျော် သေ၊ ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၃၀၀၀ နီးပါးနှင့် ဘာသာရေးအဆောက်အအုံ ၂၀ နီးပါး ပျက်စီးသည်ဟု ကြံ့ခိုင်ရေးအစိုးရက ၂၀၁၂ အောက်တိုဘာလကုန်တွင် ထုတ်ပြန်ဖူးသည်။

ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လူ့အဖွဲ့အစည်းအတွင်း ကြီးမားစွာ တောက်လောင်ခဲ့သော အမုန်းမီးတောက်အတွင်း ဒေါ်ခင်ခင်တို့ စစ်တွေ အောင်မင်္ဂလာရပ်ကွက်သူရပ်ကွက်သားများမှာ မီးရှို့ခံရခြင်းဘေးမှ ကင်းလွတ်ကာ ကိုယ့်ရပ် ကွက်အတွင်း၌သာ အချုပ်အချယ်ဖြင့် နေထိုင်ခွင့်ရခဲ့သည်၊ အခြားရပ်ကွက်များနှင့် နှိုင်းယှဉ်လျှင် အလွန်ကံ ကောင်းသည့်အခြေအနေဟု ဆိုနိုင်သည်။ စစ်တွေမြို့ပေါ်မှ ကုန်တန်း၊ ကျောင်းကြီးလမ်း၊ ကသဲနှင့် မောလိပ်ရပ် ကွက်နေ ရိုဟင်ဂျာများပင်လျှင် အောင်မင်္ဂလာရပ်ကွက်၌ လာရောက်ခိုလှုံကြရသည်။

စစ်တွေမြို့နယ်အတွင်းရှိ အခြားသော ရိုဟင်ဂျာ ၂ သိန်းခန့်မှာ ထိုပဋိပက္ခအတွင်း ကိုယ့်ရပ်၊ ကိုယ့်ဒေသ၊ကိုယ့်အိုး ကိုယ့်အိမ် ဖျက်ဆီးခံရ၍ ရုတ်ခြည်း စွန့်လွှတ်လိုက်ရကာ မြို့ပြင်ရှိ သက္ကယ်ပြင်၊ သဲချောင်း၊ ဘောဒူဖ၊ ဆေးသမား၊ ဒါးပိုင်၊ ဘာဆာ စသည့် ဒုက္ခသည်စခန်း ၁၃ ခုတွင် ယနေ့တိုင် နေထိုင်နေရဆဲ ဖြစ်သည်။ 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ကို ၂၀၂၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့
 

ဒေါ်ခင်ခင်တို့၏ အောင်မင်္ဂလာသည်သာ စစ်တွေမြို့ပေါ်၌ တစ်ခုတည်းကျန်ရှိသော ရိုဟင်ဂျာရပ်ကွက်ဖြစ်သည်။ အောင်မင်္ဂလာတွင် လက်ရှိ၌ အိမ်ခြေ ၇၂၀၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေတင့်ထံမှ သိရသည်။

၂၀၁၂ မှစ၍ စစ်တွေမြို့ပေါ်မှ သီးခြားကမ္ဘာအဖြစ် အလွှာကန့်သတ်ခံထားရသည့် အောင်မင်္ဂလာရပ်ကွက်နေ ရိုဟင်ဂျာများ လွတ်လပ်စွာ အပြင်ထွက်သွားလာခွင့်၊ ဆေးကုခွင့်၊ စီးပွားရှာခွင့်တို့မှာ ရခိုင်အရေးကို နိုင်ငံတကာ နှင့် ပါ ချိတ်ဆက်ဖြေရှင်းသည့် NLD အစိုးရလက်ထက် ၂၀၁၈ ဝန်းကျင်မှစ၍ တဖြည်းဖြည်း ပြန်ရလာသည်။

၂၀၂၀ ရွေးကောက်ပွဲထပ်နိုင်သည့် NLD အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းပြီးနောက်တွင် ပြည်တွင်း စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးပြဿနာများသာမက နိုင်ငံတကာဖိအားများကိုပါ အကြီးအကျယ်ရင်ဆိုင် နေရ သည့် စစ်တပ်က ၎င်းတို့ မွှေးသည့် မီးစ ရိုဟင်ဂျာပြဿနာကို ဖြေလျှော့ဟန်ပြလာရာ အောင်မင်္ဂလာရပ်ကွက်သူ ရပ်ကွက်သားများ ယနေ့တိုင် ဆက်လက် အသက်ရှူချောင်နေဆဲဖြစ်သည်။

၂၀၁၆၊ ၂၀၁၇ တွင် ပြုလုပ်သည့် စစ်တပ်၏ စစ်ဆင်ရေးများအတွင်း ပြည်နယ်တွင်းမှ ရိုဟင်ဂျာတစ်သန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရရာ ထိုလုပ်ရပ်ကို လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြံစည်မှုအဖြစ် ကမ္ဘာက ရှုမြင်ထားချိန်၊ ထိုလုပ်ရပ်ကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စစ်ကောင်စီ တရားရင်ဆိုင် နေရချိန်တွင် အောင်မင်္ဂလာမှ ရိုဟင်ဂျာများ တစ်ကျော့ပြန်ရလာသည့် လွတ်လပ်ခွင့်ကို ဆက်လက် ဆုပ်ကိုင်ထား နိုင်ကြခြင်းဖြစ်သည်။

သို့သော် ပဋိပက္ခအတွင်း ပျက်စီးခြင်းမရှိ၊ ရွှေ့ပြောင်းခြင်းမခံရသည့် အောင်မင်္ဂလာရပ်ကွက်ကို ရိုဟင်ဂျာအရေး အကူအညီပေးနေသည့် နိုင်ငံတကာက ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်မထား၍ ထောက်ပံ့မှု၊ အာရုံစိုက်ခံရမှု မရှိဖြစ်နေရာ ရပ်ကွက်သူရပ်ကွက်သားများမှာ အထက်ပါအတိုင်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဘဝရပ်တည်ရေး ကို လုံးပန်းနေရသည်။

၂၀၁၁ မှ ၂၀၁၈ အထိ ပိတ်ဆို့ခံရသည့် ကာလများအတွင်းကဆိုလျှင် အောင်မင်္ဂလာရပ်ကွက်နေသူများမှာ ကိုယ် ပိုင် ငွေဖြင့် ဝယ်ခြမ်းစားသောက်ရေးအတွက်ပင် ခက်ခဲစွာ ရုန်းကန်ခဲ့ကြရသည်။

“နည်းလမ်းမျိုးစုံသုံးပြီးတော့ ဆန်၊ ဆီ၊ ဆားတွေ သွင်းရတာပဲ။ ရဲတွေကို ပိုက်ဆံပေးပြီးတော့လည်း ဝယ်ခိုင်းရ တယ်။ အရင်သိခဲ့ကြတဲ့ ရခိုင်လူမျိုးတွေကို အကူအညီတောင်းပြီး သွင်းရတယ်။ ဒါပေမဲ့ ဆန် နည်းလာရင် ထမင်းရည်ကိုလည်း သောက်ရတာပဲ” ဟု ဒေါ်ခင်ခင်က ပြန်ပြောင်းပြောပြသည်။

ထိုစဉ်က အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အဓိကကျသည့် ကျန်းမာရေးဆိုင်ရာ ကုသမှုရရန်ပင် အောင်မင်္ဂ လာ ရပ်ကွက်၌ အလွန်ခက်ခဲခဲ့သည်။

အရေးအခင်းဖြစ်ပြီးနောက် ကျွန်တော်တို့ အပြင်ကို ထွက်လို့မရဘူး။ ကျန်းမာရေးပိုင်းနဲ့ ပတ်သက်လို့အပြင်ထွက် ချင်ရင်တော့ ရဲကို ပြောပြီး ရဲနဲ့ သွားရတယ်။ ဆေးကုဖို့သွားရင်လည်း ရဲနဲ့ သွားနေရပါတယ်” ဟုအောင်မင်္ဂလာရပ် ကွက်နေ အသက် ၃၅ နှစ်အရွယ် ဦးမောင်ခင်*က ပြောသည်။
 
စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ကို ပိတ်ဆို့ စောင့်ကြပ်နေသည့် စစ်သားတစ်ဦးကို ၂၀၁၂ ဇွန် ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA 
 
အသည်းအသန်ဖြစ်နေသော အရေးပေါ်လူနာပင်လျှင် စစ်တွေမြို့မြောက်ဘက် ဆိုင်ကယ်ဖြင့် နာရီဝက်ကျော်သွား ရသည့် သက္ကယ်ပြင်ဆေးခန်းသို့သာ သွားရောက် ပြသရသည်။ ထိုဆေးခန်း၏ ထောက်ခံချက်ပါမှ စစ်တွေဆေးရုံ ကြီးတွင် ကုသခွင့်ရသည်။ ဆေးရုံတက်ရန် မလိုပါက သက္ကယ်ပြင်ဆေးခန်းနှင့်သာ နှစ်ပါးသွားရသည်။

အောင်မင်္ဂလာမှ အသက် ၄၀ အရွယ် ဦးမောင်လူ *ကလည်း စစ်တွေဆေးရုံကြီးသို့ တက်ရောက်ကုသခွင့် ရလျှင် ပင် ဆေးရုံအနောက်ဘက်တွင် ရှိသည့် သီးခြားအဆောင်တစ်ခုတွင် လုံခြုံရေးအစောင့်အကြပ်ဖြင့် နေထိုင်ကြရ ကြောင်း၊ အခြားကန့်သတ်ချက်များလည်း ရှိကြောင်း သူက ပြောပြသည်။

“ရောဂါအသည်းအထန်ဖြစ်နေတဲ့ လူနာတစ်ယောက်ကို အမျိုးသမီးတစ်ယောက်ပဲ လူနာစောင့်လုပ်ရမယ် ဆိုတာ က သိပ်ခက်ခဲတယ်။ ကိုယ့်မိသားစုမှာ အမျိုးသမီးမရှိ၊ ပြီးတော့ ရှိရင်လည်း အသက်ကြီးနေပြီဆိုရင် သိပ်ခက်ခဲ တာပါပဲ။ နောက် အမျိုးသမီးနဲ့ဆိုရင် အပေါ့သွားမယ်ဆိုလည်း မကောင်းဘူးပေါ့” ဟု ဦးမောင်လူက ဆက် ပြော သည်။

“ပြီးတော့ အထဲမှာ ဖုန်းမကိုင်ရဘူး။ တံတားကလည်း ပိတ်ထားတယ်။ အပြင်ကလူတွေ ဝင်လို့မရဘူးဆိုတော့ လူ နာအခြေအနေကိုလည်း မသိရဘူး။ မနက်မိုးလင်းမှ ဆေးရုံသွားပြီး အချိန်အကန့်အသတ်နဲ့ ကြည့်ခွင့်ရတယ်”

ပညာရေးကို ကြည့်မည်ဆိုလျှင်လည်း ၂၀၁၂ ပဋိပက္ခဖြစ်ပြီးနောက် အောင်မင်္ဂလာရပ်ကွက်ရှိ တစ်ခုတည်းသော အခြေခံပညာမူလတန်းလွန်ကျောင်းကို တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည်။ ထိုကာလအတွင်း ကိုယ်ထူကိုယ် ထ စနစ် ရပ်ကွက်အစီအစဉ်ဖြင့် ဆရာဆရာမများ ငှားရမ်းကာ အောင်မင်္ဂလာရပ်ကွက်နေ ကလေးများ ပညာသင် ကြား ရေးအတွက် လုံးပန်းခဲ့ရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေတင့်က ပြောပြသည်။

ထို့နောက်တွင် လွတ်လပ်ခွင့်များ တစ်စတစ်စ တိုးတက်ရရှိလာပြီး အောင်မင်္ဂလာမူလွန်ကျောင်း ပြန်ဖွင့်နိုင်ခဲ့ကာ အထက်တန်းအထိ သင်ကြားနိုင်သည့် အခြေအနေသို့ ရောက်လာသော်လည်း ၂၀၁၇ ခုနှစ် မတိုင်မီအထိ အောင် မင်္ဂလာရပ်ကွက်မှ ဆယ်တန်းအောင်သူများ တက္ကသိုလ်တက်ခွင့် ဆုံးရှုံးခဲ့ရသည်။

ယင်းနှစ်မှစတင်ကာ ရိုဟင်ဂျာကျောင်းသားကျောင်းသူများကို ဘာသာရပ်အကန့်အသတ်ဖြင့် အဝေးသင်တက္က သိုလ် တက်ခွင့်ပြုလာသည်။ သို့သော် ပထဝီ၊ သမိုင်း၊ မြန်မာစာဘာသာရပ်တို့ကိုသာ ယူခွင့်ရှိပြီးစစ်တွေတက္ကသိုလ် တွင်လည်း တက်ရောက်ခွင့်မရခဲ့။ အောင်မင်္ဂလာရပ်ကွက်မှ ၁၀ တန်းအောင်သူများမှာ စစ်တွေမြို့မြောက်ဘက် ဆိုင်ကယ်ဖြင့် နာရီဝက်ကျော်သွားရသည့် သက္ကယ်ပြင်ရွာတွင် ဖွင့်လှစ်ထားသော သင်ကြားရေးဌာနသို့ သွားရ သည်။ ထိုနေရာကို တက္ကသိုလ်မှ ဆရာဆရာမတို့က လာရောက်သင်ပြပို့ချကြသည်။ 
 
၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ လက်ချက်ကြောင့် လူပေါင်းသိန်းချီ ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားရသည့် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)
 
စစ်ကောင်စီ သကာလောင်းမှု

၂၀၂၁ ခုနှစ်တွင် NLD အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးချိန်၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို ဖြေရှင်းနေရချိန်တွင် စစ်ကောင်စီက လက်ကျန် ရိုဟင်ဂျာများ၏ ပညာရေးအခွင့်အလမ်းအပေါ် လူကြားကောင်းအောင် သကာလောင်းလာရာ အောင် မင်္ဂလာရပ်ကွက်ကိုလည်း သက်ရောက်မှုရှိလာသည်။

ယခင်က ခွင့်မပြုခဲ့သည့် စစ်တွေတက္ကသိုလ်တွင် ရိုဟင်ဂျာများ ပြန်လည်တက်ရောက်ခွင့်ကို စစ်ကောင်စီက အာ ဏာသိမ်းပြီး များမကြာမီတွင် ပေးလာသည်။ သို့သော် ရိုဟင်ဂျာတို့မှာ ဥပဒေ၊ စီးပွားရေး၊ ဘူမိဗေဒ တရား မျှတမှု နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များကို ရွေးချယ်ခွင့်မရှိ၊ နည်းပညာ၊ ဆေးကဲ့သို့ တက္ကသိုလ်များ တက်ခွင့်မရှိဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာကျောင်းသားခေါင်း ဆောင်တစ်ဦး က ပြောသည်။

“အဲဒါကို တက်ခွင့်ရဖို့အတွက်ဆိုရင် မိဘနှစ်ပါးနဲ့ ကျောင်းသားကိုယ်တိုင်က နိုင်ငံသားဖြစ်ရမယ်လို့မော်ကွန်းထိန်း ကိုယ်တိုင်က ပြောတာ။ တကယ်လို့ ကျွန်တော်တို့မှာ နိုင်ငံသားကတ် (မှတ်ပုံတင်) ရှိရင်လည်း အဲဒီမေဂျာတွေကို ရဖို့မလွယ်ဘူး” ဟု သူက ပြောသည်။

“ဘာလို့လဲဆိုတော့ မပေးချင်လို့ပေါ့ဗျာ။ အခုတော့ ကျွန်တော်တို့မှာ ဥပဒေတက်နေတဲ့တစ်ယောက်ရှိတယ်။ အဲဒီတစ်ယောက်တောင်မှ မိဘနှစ်ပါးနဲ့ သူကိုယ်တိုင် နိုင်ငံသားကတ်ရှိနေလျက်နဲ့ သိပ်ဒုက္ခခံပြီး တက်ခဲ့ရတာပါ”

စစ်ကောင်စီ ရန်ရှာမည်စိုး၍ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရိုဟင်ဂျာ ကျောင်း သားခေါင်းဆောင်က ငြင်းဆိုသည်။

“နိုင်ငံသားကတ် အတုလား၊ အစစ်လားဆိုတာကို လဝကဆီက ထောက်ခံစာယူခဲ့၊ ခဏနေရင် နိုင်ငံသားကတ်မူ ရင်း ယူလာခဲ့ဆိုပြီး လုပ်တယ်။ အဲဒါတောင်မှ နောက်ဆုံးမှာ ကတိဝန်ခံချက်ထိုးပြီး တက်ခဲ့ရတာပါ။ တကယ်လို့ ဘွဲ့ရတဲ့အချိန်မှာ မိဘနှစ်ပါးဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ် ဘွဲ့မယူရဆိုပြီး ဝန်ခံချက်နဲ့ တက်နေရတာပါ“ ဟု ကျောင်းသားခေါင်းဆောင်က ဆိုသည်။

ရိုဟင်ဂျာတို့၏ ပညာသင်ကြားခွင့်အခြေအနေအပေါ် နိုင်ငံတကာဝေဖန်မှုများ မြင့်တက်လာနိုင်ချိန်တွင် စစ်ကောင် စီ ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “တက္ကသိုလ်မှာ ဘာသာရပ်ရွေးချယ်မှုအပေါ် ကန့်သတ်ချက်မရှိဘဲ ဘာသာရပ် ရွေးချယ်မှုမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့တဲ့ ရမှတ်ပေါ် မူတည်တာပဲ ဖြစ်တယ်” ဟု မတ် ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ရိုဟင်ဂျာကျောင်းသားခေါင်းဆောင်ကမူ ၎င်းတို့ကို ကန့်သတ်ချုပ်ချယ်ထားခြင်းသည် မည်သူ့အတွက်မျှ အကျိုးမ ရှိ ဟု ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံက ဥပဒေဘာသာရပ်နဲ့ဖြစ်ဖြစ် ဘွဲ့ရရ၊ ဘယ်ဘာသာရပ်နဲ့ဖြစ်ဖြစ် ဘွဲ့ရရ၊ ကျွန်တော်တို့ ဟာ တခြားနိုင်ငံကို သွားပြီး အလုပ်လုပ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဘွဲ့ရတစ်ယောက်ဖြစ်ရင် မြန်မာနိုင်ငံအ တွက် အကျိုးဖြစ်ထွန်းလေပဲ။ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံမှုမလုပ်ရင် တိုင်းပြည်ကို ပိုပြီးချစ်မယ်။ အခုက ကျွန် တော်တို့ကို ဘေးဖယ်ထားရင် စိတ်ခံစားချက် သိပ်အဆင်မပြေဘူး” ဟု သူက ပြောသည်။ 
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်အတွင်း ဈေးရောင်းဈေးဝယ်များကို ၂၀၁၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

လက်တွေ့အခြေအနေများမှာ စစ်ကောင်စီက ရိုဟင်ဂျာများကို အခွင့်အရေးတိုးပေးသယောင် ရှိနေသော်လည်း ပညာရေးဆိုင်ရာကိစ္စများကိုပင် အထက်ပါကဲ့သို့ ခွဲခြားဆက်ဆံနေဆဲဖြစ်သည်။ ထို့ပြင် အောင်မင်္ဂလာရပ်ကွက်မှ ရိုဟင်ဂျာများ စစ်တွေမြို့ပေါ်တွင် လွတ်လပ်စွာ သွားခွင့်ရှိနေသော်လည်း စစ်ကောင်စီ၏ ရဲ၊ ယာဉ်ထိန်းကဲ့သို့ ဝန် ထမ်းတို့၏ ခြိမ်းခြောက်ငွေညှစ်မှုများ ပေါ်ပေါက်နေသည်။

စစ်တွေတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် အသက် ၂၀ အရွယ် ကျောင်းသူ မဂျူးဂျူး*က အိမ်တွင်ရှိသည့် ဘေးတွဲတပ်ဆိုင်ကယ်ဖြင့် ကျောင်းမတက်ရဲ၊ ဈေးမသွားရဲဟု ပြောပြသည်။

“ရခိုင်သား ဘေးတွဲမောင်းသူတွေဆိုရင် ရတယ်။ မွတ်စလင်ဘေးတွဲမောင်းသူတွေ သွားလို့မရတာပါ။ ရခိုင်တွေကို မဖမ်းဘူး။ မွတ်စလင်တွေကို ကြည့်ပြီး ဖမ်းတာပါ” ဟု သူက ပြောသည်။

ထို့အတူ ကျန်းမာရေးကိစ္စအတွက် ဆေးရုံတက်လိုလျှင် ယခင်ကကဲ့သို့ သက္ကယ်ပြင်ဆေးခန်းတွင် စစ်ဆေးချက်ခံ ယူရန် မလိုအပ်တော့သော်လည်း အမျိုးသမီးတစ်ဦးသာ လူနာစောင့်ရမည်ဆိုသော ကန့်သတ်မှုများ ကျယ် ကျယ် ပြန့်ပြန့်ရှိနေဆဲပင်။

ရိုဟင်ဂျာတို့မှာ ဆေးရုံတွင်လည်း အကျဉ်းသားများကဲ့သို့ ဆက်ဆံခံနေရသည်ဟု အမျိုးသားတစ်ဦးက ပြောသည်။

“ဆေးရုံကြီးမှာက အခုထိ လုံခြုံရေးနဲ့ တက်ရတယ်။ ရခိုင်တွေနဲ့ ကုတဲ့နေရာမှာ ကုလို့မရဘူး။ ဆေးရုံအဆုံးက အခန်းတစ်ခန်းမှာ ကုသရတယ်။ အဲဒီအခန်းမှာ လုံခြုံရေး (ရဲ) နှစ်ယောက်ရှိတယ်။ အခန်းက ထောင်သားတွေကို ထားတဲ့ ပုံစံမျိုးပါ။ အပြင်ကိုလည်း ထွက်လို့မရဘူး” ဟု အောင်မင်္ဂလာရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် အမျိုး သားက ပြောပြသည်။

“ဖုန်းတွေယူလို့မရဘူး။ ကိုယ့်မှာ ညဉ့် ၁ နာရီ၊ ၂ နာရီမှာ မိသားစုတစ်ယောက် အသည်းအသန်ဖြစ်နေတယ်။ မိ သား စုကို သတင်းပို့ဖို့ဆို ဖုန်းမကိုင်ရတော့ ဆက်သွယ်လို့မရဘူး”
စစ်တွေမြို့ပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားလာရာတွင် အချက်အချာကျသည့် တံတားတစ်စင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည်ကို ၂၀၁၃ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ – EPA) 

မိုခါ ထပ်မံနှိပ်စက်

အောင်မင်္ဂလာရပ်ကွက်နေ ရိုဟင်ဂျာများ၏ လူမှုဒုက္ခမှာ ဤမျှသာမကပါ။ မကြာသေးမီကပင် သဘာဝကပ်ဘေး ကြီးတစ်ခုက နှိပ်စက်ခဲ့ပြန်ရာ ယနေ့တိုင် ပြန်လည်မထူထောင်နိုင်ကြသေးပေ။ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် တစ် နာရီ မိုင် ၁၄၀ ကျော် လေတိုက်နှုန်းဖြင့် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသည့် မိုခါမုန်တိုင်းဒဏ် ကို အကြီးအကျယ်ခံကြရသည့် ဒေသများထဲတွင် အောင်မင်္ဂလာရပ်ကွက်လည်း အပါအဝင်ဖြစ်ခဲ့သည်။

အောင်မင်္ဂလာရှိ အိမ်ခြေ ၇၀၀ ကျော်အနက် ၉၀ ရာခိုင်နှုန်းကျော်မှာ အကြီးအကျယ်ပျက်စီးသွားခဲ့ရာ မုန်တိုင်းအ ပြီး တစ်လကြာချိန်အထိ အိမ်ဆောက်ပစ္စည်း ဝယ်မရ၊ ငွေမရှိ၊ ထောက်ပံ့မှုမရှိ ဖြစ်နေ၍ အကြီးအကျယ် အခက် တွေ့နေကြသည်ဟု အသက် ၅၀ ကျော်အရွယ် ကိုရွှေအောင်*ထံမှ သိရသည်။

မုန်တိုင်းဝင်သည့် နေ့က ရပ်ကွက်အတွင်း အခိုင်ခန့်ဆုံးနှင့် လူများများ ပုန်းခိုနိုင်စွမ်းရှိသည့် အဆောက်အအုံဖြစ် သည့် ဗလီနှင့် စာသင်ကျောင်းတွင် ၎င်း၏ ဇနီးနှင့် ကလေး ၄ ဦး အပါအဝင် ရပ်ကွက်နေ ရိုဟင်ဂျာအများအပြား သွားရောက် ခိုလှုံကြရသည်။ ယခုမူ ကိုရွှေအောင်အပါအဝင် ရပ်ကွက်သူရပ်ကွက်သားများမှာ ကိုယ့်အိမ်ရှိရာတွင် ရရာအမိုးအကာများဖြင့် ဖြစ်သလို နေထိုင်နေကြရသည်။

“အခုထိ ရပ်ကွက်ထဲမှာ ငွေကြေးတတ်နိုင်သူတွေရဲ့ အိမ် လေးငါးလုံးပဲ ပြန်ပြင်နိုင်သေးတယ်။ မြို့နယ်အုပ်ချုပ်ရေး က စာရေးမ စာရင်းလာကောက်သွားတာပဲ ရှိတယ်။ အိမ်ပြန်ဆောက်ဖို့ ကူညီမှုတွေ မရသေးဘူး” ဟု ကိုရွှေ အောင် က ဇွန် ၇ ရက်နေ့တွင် ပြောပြသည်။ သူ၏ သစ်သားအိမ်မှာ မုန်တိုင်းဒဏ်ကြောင့် ယိုင်နဲ့ကာ အမိုးများ ပျက်စီးသွားသည်။ 
မိုခါမုန်တိုင်းကြောင့် သေဆုံးသွားသူတစ်ဦး၏ နာရေးကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘာဆာရာ ဒုက္ခသည်စခန်း၌ ပြုလုပ်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA
 
အောင်မင်္ဂလာမှ ဒုက္ခများဟာ ပါမွှား

လက်တွေ့တွင်မူ အောင်မင်္ဂလာရပ်ကွက်၌ ကြုံတွေ့ခံစားနေရသည့် လူမှုဒုက္ခနှင့် မုန်တိုင်းကပ်ဘေး အစရှိသည် တို့ မှာ ရခိုင်ပြည်နယ်အတွင်း အခြားသော ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် အဖြစ်အပျက်များနှင့် နှိုင်းယှဉ်လျှင် တော်သေးသည်ဟု ဆိုနိုင်သည်။

မိုခါမုန်တိုင်းကြောင့် အောင်မင်္ဂလာရပ်ကွက်တွင် သေဆုံးသူ မရှိသော်လည်း ရခိုင်ပြည်နယ် စစ်တွေနှင့် ရသေ့ တောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ သေဆုံးသူ ၁၀၀ နီးပါး ရှိခဲ့သည်။ ထို လူအသေအပျောက် စာရင်းမှာ စစ်ကောင်စီ၏ စာရင်းသာဖြစ်သည်။ လက်တွေ့တွင် မုန်တိုင်းအတွင်း ရိုဟင်ဂျာ မည်မျှသေဆုံးခဲ့သည် ကို သီးခြားအတည်မပြုနိုင်သေးပေ။

မုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စစ်ကောင်စီကခွင့်မပြုသေး ဟု ကုလသမဂ္ဂက ဇွန် ၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ယနေ့ (ဇွန် ၂၁) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ ရို ဟင်ဂျာဒုက္ခသည်စခန်းများ ပြန်လည်ထူထောင်ရေးကိစ္စများ မည်သို့ရှိမည်ကို အတိအကျ စုံစမ်း၍ မရသေးပေ။

ထို့ပြင် အောင်မင်္ဂလာရပ်ကွက်ပြင်ပမှ ရိုဟင်ဂျာအများစုထံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိကြ၊ ရှိလျှင်လည်း အသိအမှတ်ပြုမခံရ၍ ရခိုင်ဒေသတွင်းပင် လှုပ်ရှားသွားလာရန် ခက်ခဲလှသည်။ ၎င်းတို့ကို NVC ကတ် ခေါ် နိုင်ငံသားစိစစ်မှုသက်သေခံကတ်သာ ထုတ်ပေးထားသည်။

နေရာတစ်ခုခုတွင် ပိတ်လှောင်ခံထားရပြီး အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခွင့်အလမ်းလုံးဝ မရှိဖြစ်နေသည့် ရိုဟင်ဂျာများ ရခိုင်ပြည်ပသို့ စွန့်စား၍ ခိုးထွက်ကြရာ ဖမ်းဆီးခံရမှုများ၊ လမ်းခရီးတွင် အသက် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေသည်။

အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်များတွင် ရခိုင်ပြည်နယ်ပြင်ပသို့ ခိုးထွက်လာသည့် ရိုဟင်ဂျာ အများအပြား အကျဉ်းကျခံနေရပြီး ထောင်တွင်း ဒုက္ခဆင်းရဲများကို အကြီးအကျယ် ခံစားနေကြရသည်။

အထက်ပါကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့် မျှော်လင့်ချက်မဲ့မှုများကို အဆုံးသတ်နိုင်ရန် ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်စလုံးက ကြိုးပမ်းအားထုတ်လာကြပြီး အခြေအနေကောင်းများ ပေါ်ထွန်းနေချိန် ၂၀၂၁ တွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းထားသဖြင့် ပြန်လည်ဆုတ်ယုတ်လာမည်ကို စိုးရိမ်ကြောင်း ကိုရွှေအောင်က ပြော သည်။

“အရင်လို ဒုက္ခတွေ ပြန်ရောက်လာမလားပေါ့။ မသုံးသပ် (မဝေဖန်) တတ်ဘူး”
စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ကို ပိတ်ဆို့ စောင့်ကြပ်နေသည့် ရဲတစ်ဦးကို ၂၀၁၂ အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA
 
စစ်တွေအခြေစိုက် သက်တမ်းရင့် ပရဟိတအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ဦးခိုင်မောင်*ကမူ ရခိုင်နှင့် ရိုဟင် ဂျာ လူ့အဖွဲ့အစည်းနှစ်ရပ် ပြေလည်ရေးကို ကြားဝင်လုပ်ဆောင်နေသည့် ရက္ခိုင့်တပ်တော် (AA) ၏ ပြည်နယ် တွင်း စစ်ရေး၊ အုပ်ချုပ်ရေး ဩဇာလွှမ်းမိုးနိုင်မှုကြောင့် အခြေအနေဆိုးများ တစ်ကျော့ပြန်မလာနိုင်ဟု ဆိုသည်။

အမှန်တကယ်တွင်လည်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ၊ ရပ်ကွက်များတွင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံ ထားရသည့် ရိုဟင်ဂျာများ လွတ်လပ်မှုအချို့ကို NLD အစိုးရလက်ထက် ၂၀၁၈ မှစ၍ ပြန်ရလာခြင်းသည် ပြည် နယ် လွတ်မြောက်ရေး ကြိုးပမ်းနေသည့် ရက္ခိုင့်တပ်တော် (AA) ၏ ဒေသတွင်း စစ်ရေး၊ အုပ်ချုပ်ရေး တိုးမြှင့်လုပ် ဆောင်လာနိုင်သည့် အခြေအနေများနှင့်လည်း တိုက်ဆိုင်နေသည်။

၂၀၁၈ မှ ယနေ့အထိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကို စစ်ရေးအရ အပြင်းအထန်တိုက်ခိုက်နိုင်ခဲ့ပြီးအုပ်ချုပ် ရေးကို အတိုင်းအတာတစ်ခုအထိ ကြားဝင်လာနိုင်သည့် AA သည် ရခိုင်နှင့် ရိုဟင်ဂျာ လူမျိုးစုနှစ်ခုကြား သဟဇာ တဖြစ်စေရန် ဘောလုံးပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီး စည်းရုံးလာသည်။

AA သြဇာလွှမ်းမိုးမှုအောက်တွင် ရှိသော ရခိုင်ပြည်နယ်တွင်းဒေသများတွင်ရခိုင်လူမျိုးတို့သည်လည်းရိုဟင်ဂျာများ နှင့် ပတ်သက်ပြီး အပြုသဘောဆောင် ဆက်ဆံလာကြသည်။ ညီညွတ်ရေးပိုင်းကို တည်ဆောက်လာကြသည်။

“အဓိကတော့ ပဋိပက္ခဖြစ်စဉ်မှာ နောက်ကွယ်က ဖြစ်ခဲ့တာတွေကို၊အမုန်းတရားဖြစ်ခဲ့တာတွေကိုလည်းသင်ခန်းစာ ယူကြတယ်။ ပြီးတော့ လူမှုအဖွဲ့အစည်းကလည်း သဟဇာတဖြစ်မှုကိုလည်း လုပ်ကြတယ်” ဟု ဦးခိုင်မောင်က ပြော သည်။

အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ အရွယ် စစ်တွေတက္ကသိုလ်မှ ရိုဟင်ဂျာကျောင်းသူ မဂျူး ဂျူးကလည်း သူ့သက်တမ်း ထက်ဝက်ခန့် ကြုံတွေ့ခဲ့ရသည့် လူမျိုးစုနှစ်ခုကြား ပဋိပက္ခဂယက်မှ ရုန်းထွက်မှုအခြေ အနေကောင်းများမှာ နာလန်ထူစအခြေအနေမှ သန်သန်စွမ်းစွမ်း ဆက်လက်ရှင်သန်သွားနိုင်ရန် မျှော်လင့်ထား သည်။

“အနာဂတ်မှာ နှစ်ဦးနှစ်ဖက် အေးအေးဆေးဆေး ဖြစ်စေချင်ပါတယ်။ ရခိုင်နဲ့ မွတ်စလင်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာဖြစ်တာတွေ လုံးဝမရှိစေချင်ဘူး” ဟု သူက ပြောသည်။

သို့သော် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပြည်သူ့အသက် အိုးအိမ် စည်းစိမ်များကို ထင်တိုင်းကြဲ နေ သည့် စစ်ကောင်စီလက်ထက်တွင် အောင်မင်္ဂလာရပ်ကွက် ရရှိထားသော ရွှေရည်စိမ်လွတ်လပ်ရေးသည်ပင် မည်မျှ တာရှည်ခံမည်ကို မည်သူမျှ တပ်အပ်မပြောနိုင်ကြပေ။

(*လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားသည်) 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */