" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 17, 2023

ဆိုင်ကလုန်းမုန်တိုင်းဘေး တစ်လကြာပြီးနောက် မြန်မာ နိုင်ငံ အတွင်း အားကိုးရာမဲ့အခြေအနေတွေ ဖြစ်ပေါ်နေ

NHK World Japan
ကြာသပတေး ဇွန်လ 15 -2023

မြန်မာနိုင်ငံအနောက်ပိုင်းကို အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကနေ တစ်လကြာမြင့် ခဲ့ပြီ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကနေ လွတ်မြောက်လာသူတွေက အကူအညီတွေ တောင်းခံနေပေမဲ့လည်း အုပ် ချုပ် သူ စစ်အာဏာပိုင်တွေက ကမ္ဘာ့တစ်ဝန်းကပေးတဲ့ အကူအညီတွေကို ကန့်သတ်ထိန်းချုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတူတွဲလှုပ်ရှားနေတဲ့ အဝေးရောက်လွှတ်တော်အမတ်တွေက သေ ဆုံးသူ ၄၅၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အရာရှိတွေက အဲဒီသဘာဝဘေးကြီးကြောင့် လူ ပေါင်း ၁.၆ သန်း ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်သူတွေဟာ ရရာအခြေခံပစ္စည်းတွေနဲ့ သူတို့တတွေခိုလှုံဖို့နေရာတွေကို ဆောက်လုပ်နေကြ ပါတယ်။ အများစုဟာ ရိုဟင်ဂျာမွတ်စလင်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ နှစ်ရှည်ကြာ ညှဉ်းပန်းနှိပ်စက်မှု တွေ ကြောင့် အဆိုးဆုံးအခြေအနေမှာ ရောက်နေပြီးသား ဖြစ်ကြပါတယ်။

ဘေးသင့်ဇုန်အတွင်း နိုင်ငံတကာအဖွဲ့အစည်းတွေ ဝင်ရောက်မှု တားမြစ်တဲ့အမိန့်ကို ဒေသန္တရအာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် ဒေသတွေထဲမှာ စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးက အင်အားသုံးကြမ်းရမ်းမှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် သူ့ရဲ့ နေအိမ် မီးရှို့ခံခဲ့ရတာ ၃ ကြိမ်ရှိပြီလို့ ပြောပါတယ်။ သူ့ရဲ့ မိသားစုဟာ ရှိတာလေးနဲ့ ပြန်တည်ဆောက်ထားရတာ ဖြစ်တယ်လို့ ပြောပါ တယ်။

ဒါပေမဲ့ ဆိုင်ကလုန်းမိုခါကြောင့် သူတို့ရဲ့ လယ်တွေဟာ ရွှံ့ဗွက်တော ဖြစ်သွားခဲ့ပြီး စားဝတ်နေ‌ရေး ထိခိုက်ခဲ့ရပါ တယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */