VOA
အင်ကြင်းနိုင်
24 မေ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ မူဝါဒ အခိုင်အမာ ရှိနေကြောင်း အမေရိကန် လွှတ်တော်အမတ်တွေကို ရှင်းပြနိုင်ခဲ့တယ်လို့ CRPH နိုင်ငံတကာကိုယ်စားလှယ် ဦးထင်လင်း အောင်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဝါရှင်တန်ဒီစီအခြေစိုက် the Wilson Center က ကြီးမှူးပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမေရိကန် ဝါရင့်လွှတ်တော်အမတ်တွေ၊ ထိပ်တန်း နိုင်ငံရေး သမားတွေနဲ့ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့် အစီအစဉ်ကို အသေအချာဆောင် ရွက်သွားမယ်လို့ NUG က ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင် တင်ပြပေးထားပါတယ်။

















