မြန်မာတိုင်းမ်
မြတ်သူရ
မြန်မာတိုင်းမ်အပတ်စဉ်
19 Sep 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားသူများထဲံမှ မြန်မာနိုင်ငံသို့ မိမိသဘောဆန္ဒအလျောက်ပြန် လည် ဝင်ရောက်လာသူ ဦးရေ ၂၀ဝ ခန့်ရှိနေပြီး ဥပဒေနှင့်အညီဆောင်ရွက်ပေးလျက်ရှိကြာင်း အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။
"သူတို့ ပြန်လာတာစုစုပေါင်း ၂၀ဝလောက်တော့ရှိသွားပါပြီ ပြန်လာတဲ့သူတွေက ဟိုဘက်မှာနေ ရတာအ ဆင်မပြေလို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လာကြတာဖြစ်ပါတယ် ပြန်လာရင်လည်းပဲ UEHRD အစီအစဉ် အ ရ စနစ်တကျမှတ်တမ်းတင်တယ်လက်ခံတယ် သူတို့ကိုသေချာစီစစ်တယ် သေချာတော့မှ သူတို့ကိုလက် ခံ တာတွေ NVC ကတ်ထုတ်ပေးတာတွေ ဆောင်ရွက်တာဖြစ်ပါတယ်" ဟုဦးသိန်းဆွေကပြောသည်။
စက်တက်ဘာလ ၁၉ ရက်နေ့တွင်ကျင်းပသည့်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးအတွင်း သတင်း ထောက်များကိုဖြေကြားသွားခြင်းဖြစ်သည်။
ပြန်လာသူများသည် ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ပြန်လာခြင်းကြောင့်နှစ်ဖက်ညှိုနှိုင်းထားခြင်းမျိုးမရှိပဲ တဖက် နိုင်ငံမှာ ကျန်ရှိခဲ့သည့်မိသားစုဝင်များကို နှစ်နိုင်ငံသဘောတူညီချက်များအရ ညှိုနှိုင်းဆောင်ရွက်သွား မည် ဖြစ်ကြောင်းဝန်ကြီးကဆိုသည်။
သြဂုတ်လ ၂၂ ရက်နေ့က ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘောတူဆော င်ရွက်ခဲ့ကြ သော်လည်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များပြန်လည်ဝင်ရောက်လာနိုင်ဖြင်းမရှိပဲ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ပျက်ပြယ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် MOU ပါအချက်များအတိုင်းလက်ခံနိုင်ရန်ဆောင်ရွက်နေပြီး UNHCR UNDP ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း သဘောတူလက်မှတ်များရေးထိုးကာ ဒုက္ခသည်များပြန်လည် လက် ခံရေးဆောင်ရွက်နေကြောင်းသိရသည်။
Link : Here
No comments:
Post a Comment