By ကိုတူး
Thursday, June 4, 2020
ဘင်္ဂလားဒေ့ရှ်မှပြန်လာသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ပြီး စုစုပေါင်းအတည်ပြုလူနာ ၂၃၄ ဦးရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်တွင် ထုတ်ပြန်သည်။
ဇွန်လ၃ရက်အတွက် ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ် ခွဲနမူနာ ၆၈၄ခုအား စစ်ဆေးရာတွင် အထက်ပါအတိုင်း လူနာသစ်တစ်ဦးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြသည်။
အသစ်တွေ့ရှိသော မောင်တောမြို့နယ်မှ (၃၈)နှစ်အရွယ်အမျိုးသား လူနာအမှတ် (၂၃၄)သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှပြန်လာသူဖြစ်ပြီး မောင်တောမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူဖြစ်သည်။
ယမန်နေ့ညထုတ်ပြန်ချက်အရ အတည်ပြုလူနာဟောင်းများအနက် နှစ်ကြိမ်ဆက်တိုက်ပိုး မတွေ့သူ နှစ်ဦး ထပ်တိုးလာပြီး၎င်းတို့မှာ တောင်တွင်းကြီးမြို့နယ်မှ (၅၀)နှစ်အရွယ်အမျိုးသား လူနာအမှတ် (၁၈၉)နှင့် ပန်း တနော်မြို့နယ်မှ (၂၀)နှစ်အရွယ် အမျိုးသား လူနာအမှတ်(၁၉၁)တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ မလေးရှား နိုင်ငံမှ ပြန်ရောက်လာသူများ ဖြစ်သည်။
Link : Here

No comments:
Post a Comment