22 မတ်လ 2021

ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃၂ ဦးနဲ့ ကလေးငယ် ၃ ဦး စုစုပေါင်း ၄၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
သူတို့တွေဘယ်ကလာပြီး ဘယ်ကိုသွားမှာလည်းဆိုတာကိုတော့ RFA က မသိရသေးပါဘူး။ဒီကိစ္စနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ဒုရဲမှုးကြီး ထွန်းရွှေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒီနေ့ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၄၁ ဦးလုံးကို ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုထဲက အထက်တန်းကျောင်းတစ်ကျောင်းမှာရှိတဲ့ ကိုဗစ်လူနာစောင့်ကြည့်ရေးစင်တာမှာ ထိန်းသိမ်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။ RFA
Link : Here
No comments:
Post a Comment