" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 9, 2020

မိဘမဲ့ဖြစ်သွားတဲ့ ရိုဟင်ဂျာကလေးပေါင်း ၄၃၀၀၀ ကျော်တယ်လို့ အာဆီယံအမတ်အဖွဲ့ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-03-08

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေထဲမှာ ကလေးပေါင်း ၄ သောင်း ၃ ထောင်လောက် မိဘမဲ့တွေ၊ မိတကွဲ ဖတကွဲတွေဖြစ်နေတာတွေ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR က ပြောလိုက်ပါတယ်။

ကလေး ၂ သောင်း ၈ ထောင်ကျော်က မိဘတဦးဦးမဲ့နေပြီး၊ ၇ ထောင့် ၇ ရာက မိဘနှစ်ပါးလုံးနဲ့ ကွဲနေကြတာတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် မိဘမစုံတော့တဲ့ ကလေးပေါင်း ၄ သောင်းကျော်ရှိသွားတာလို့ ဆိုပါတယ်။ APHR အဖွဲ့က ဒုက္ခသည်တွေကို စစ်တမ်းကောက်ယူသလို၊ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စာရင်းကိုလည်း ကိုးကားတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအာဏာပိုင်တွေကတော့ ပျောက်ဆုံးတဲ့သူစာရင်းကို ၄ ရာလောက်တွက်ချက်ထားတယ်လို့ဆိုပါတယ်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ကတော့ သေဆုံးသူ ၆၇၀၀ လောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

Source: FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */