BBC
၁၉ မေ ၂၀၂၄
ရိုဟင်ဂျာတွေထွက်ပြေးရစဉ် (ပုံဟောင်း)
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (အရင်က ရက္ခိုင့်တပ်တော် - အေအေ) တို့ တိုက်ပွဲတွေအတွင်း အေအေလက်အောက်ရောက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာတွေ လုံခြုံရေးအကာအကွယ်ပေးနိုင်ဖို့ အရှေ့တောင်အာရှလွှတ်တော်အမတ်တွေက ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို စုပေါင်းတောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေကိုအကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ အလျင်အမြန်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အရှေ့တောင်အာရှလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးအဖွဲ့ APHR က မေလ ၁၈ ရက်မှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ အာရက္ခတပ်တော်က ပစ်ခတ် တဲ့ လက်နက်ကြီးဒဏ်တွေ မေလ ၁၇ ရက်နေ့ ကတည်းက ကြုံတွေ့နေရတယ်လို့ သတင်းအရင်းမြစ်တွေဆီ က သိထားရတဲ့အကြောင်း APHR က ဖော်ပြထားတာပါ။
မျက်မြင်တွေရဲ့အပြောအရ အေအေ တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေကို မြို့က ထွက်ခွာဖို့ ဖိအားပေးခဲ့ပြီး ဘူးသီးတောင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သလို APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးရွှေမောင်ရဲ့ အိမ်အပါအဝင် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တယ်လို့ APHR က ဆိုပါတယ်။

မေလ ၁၈ ရက် အေအေ ထုတ်ပြန်ချက်
အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ အခုလိုစိန်ခေါ်မှုတွေများတဲ့အချိန်မှာ အထင်အမြင်လွဲ မှားစေနိုင်မယ့် ဆောင်ရွက်ချက်တွေမပြုလုပ်ဖို့ မေတ္တာရပ်ခံကြောင်း သူ့ရဲ့ တွစ်တာစာမျက် နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အေအေတပ်ဖွဲ့ဝင်တွေဟာ ဘာသာရေး၊ လူမျိုးရေးနောက်ခံတွေနဲ့မသက်ဆိုင်ဘဲ အကူအညီလို အပ်နေသူ အားလုံးကို ကာကွယ်ပေးနေတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်ပြောထားပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ အေအေ နဲ့ စစ်ကောင်စီတပ်အကြား ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး မေလ ၁၈ ရက်မှာပဲ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် လက်အောက်ခံတပ်ရင်း ၁၃ ရင်းစလုံးကို အေအေ က သိမ်းပိုက်ခဲ့ပါတယ်။
No comments:
Post a Comment