Showing posts with label အမ်း. Show all posts
Showing posts with label အမ်း. Show all posts

Wednesday, December 6, 2023

မြောက်ဦး၊ အမ်း၊ မင်းပြားနှင့် မောင်တောတွင် ပစ်ခတ်တိုက် ခိုက်မှုများ ဆက်ဖြစ်နေ

DVB
December 6, 2023 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

​မြောက်ဦးမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်လောက်ကို ဒီနေ့ မွန်း လွဲ ၁ နာရီလောက်က မြောက်ဦးမြို့မရဲစခန်းရှေ့ အရောက်မှာ အေအေ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

Monday, October 12, 2020

ကျောက်တော်နဲ့ အမ်း ပစ်ခတ်မှုမှာ အရပ်သား သုံးဦး ဒဏ် ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ 
2020.10.12

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြစ်ကမ်းနဘေးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်နဲ့ အမ်းမြို့နယ် ဒလက်အနောက်ရွာက အရပ်သား သုံးဦးဟာ အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက လက်နက်ကြီးအစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားကြ တယ် လို့ ကာယကံရှင်တွေနဲ့ ကျေးရွာလူကြီးတွေကပြောပါတယ်။

Tuesday, February 5, 2019

အမ်းမြို့နယ်မှာ မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ် မှုတချို့ဖြစ်

VOA 
ဗွီအိုအေမြန်မာပိုင်း
February 05, 2019

ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော်ယာဉ်တန်း လမ်း ကြောင်းကို တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော် ဘက်ကရော၊ ဒေသခံ တာဝန် ရှိသူတွေကပါပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */