" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 6, 2023

မြောက်ဦး၊ အမ်း၊ မင်းပြားနှင့် မောင်တောတွင် ပစ်ခတ်တိုက် ခိုက်မှုများ ဆက်ဖြစ်နေ

DVB
December 6, 2023 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက် ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

​မြောက်ဦးမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်လောက်ကို ဒီနေ့ မွန်း လွဲ ၁ နာရီလောက်က မြောက်ဦးမြို့မရဲစခန်းရှေ့ အရောက်မှာ အေအေ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အေအေနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မိုင်း ၅ လုံးလောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံး ကာ အယောက် ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မွန်းလွဲ ၂ နာရီကျော်လောက်ကနေ စတင်ပြီး မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အတွင်းက စစ် ကောင်စီတပ်သားတွေ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်ပြီး မြို့ထဲကို ထွက်ဖို့စီစဥ်နေကြတယ် လို့ ပြောပါတယ်။

အမ်းမြို့နယ်မှာတော့ ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူတ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ် ကဇုကိုင်း တောဟိန်းတောင်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဒီမ နက် ၉ နာရီကျော်လောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အလယ်ကျွန်းကျေးရွာမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒါးလက်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလက်နက်ကြီးကျည်ဟာ အလယ်ကျွန်းကျေးရွာက ထင်းခွဲနေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုမောင် ညွန့် အေးရဲ့ ဘယ်ဘက်နောက်ကျောကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညနေပိုင်းကလည်း တောဟိန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ် လို့ဒေသခံ တွေ ဆီကနေ သိရပါတယ်။

မင်းပြားမြို့နယ်မှာတော့ စက်ပိုက်ပြင်ကျေးရွာကို ဒီဇင်ဘာ ၄ ရက် ည ၁၁ နာရီ ကျော်မှာ စစ်ရဟတ် ယာဥ် နဲ့ ဗုံး ၆ လုံး ကြဲချခဲ့လို့ စစ်ဘေးရှောင် အမျိုးသားတဦးနဲ့ အရပ်သားတဦး ဒဏ်ရာပြင်းထန် စွာရရှိ ခဲ့ ပါတယ်။

အဆိုပါ ည ၈ နာရီ ကျော်မှာ အိုးပုံတောင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် အမျိုးသားတဦး ဒဏ်ရာရသွားကြောင်း ဒေသခံတွေထံ က သိရပါတယ်။

ဒေသခံတဦးက “မင်းပြားမြို့အခြေစိုက် တိုင်းဗဟို ၉ က ည ၈ နာရီကျော်လောက်မှာ လက်နက်ကြီးတွေ ပစ်တာဗျ။ အိုးပုံတောင်ရွာကို လက်နက်ကြီး ၃ လုံး ဆက်တိုက်ကျပြီး ပေါက်ကွဲတာ။ တလုံးက ဘုန်းကြီး ကျောင်းအတွင်း ကျရောက်ပေါက်ကွဲတာ။ အိပ်နေတဲ့ အမျိုးသားတဦး ဒဏ်ရာရသွားတယ်။ ည ၁၁ နာရီကျော်မှာ ရဟတ်ယာဥ်နဲ့ စက်ပိုက်ပြင်ကျေးရွာကို ဗုံး ၆ လုံး လာချတယ်”လို့ ပြောပါတယ်။

ရဟတ်ယာဥ်နဲ့ ဗုံးကြဲချမှုကြောင့် စက်ပိုက်ပြင်ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးသန်းမောင်နဲ့ စစ် ကိုင်းကျေးရွာက စစ်ဘေးရှောင်အမျိုးသားတယောက်ဒဏ်ရာရရှိခဲ့ပြီးအိုးပုံတောင်ကျေးရွာဘုန်းတော် ကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၈ နှစ်အရွယ် ဦးငပြားချေ ရဲ့ ညာဘက်ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိပြီး နီးစပ်ရာဆေးခန်းမှာ ဆေးကုသမှု ခံယူနေရ ကြောင်း ရွာသားတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက်ကလည်း မင်းပြားမြို့နယ်မှာ တိုင်းဗဟို ၉ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ​ထိခိုက်ဒဏ်ရာရရှိခဲ့သူ အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်တဦး အပါအဝင် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရှိခဲ့ရပါတယ်။

အလားတူ ဒီဇင်ဘာ ၃ ရက် ည ၁၀ နာရီကျော်က မြို့တွင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အ လယ်စျေးခွဆုံက အသက် ၅၃ နှစ်အရွယ် ဒေါ်ဦးသိန်းနု ဒဏ်ရာရရှိခဲ့ပါသေးတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့မှာတော့ မြို့အနီးနားကို စစ်ကောင်စီတပ်က လက်နက် ကြီး တွေ အဆက်အပြတ် ပစ်ခတ်နေတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတဦးက “ဘင်္ဂလားနယ်စပ်က မောင်တောမြို့အနီးကို လက်နက်ကြီးတွေ တနာရီ လောက် အဆက်အပြတ် ပစ်ခတ်နေတာဗျ။ ငွေတောင်၊ ခရေမြိုင်၊ ရွှေရင်အေး စတဲ့ ကျေးရွာတွေ အနီးတွေကို လက်နက်ကြီး ဆက်တိုက်ပစ်နေတာ” လို့ ပြောပါတယ်။

အိန္ဒိယ-မြန်မာ ကုန်သွယ်မှုအတွက် အဓိကကျတဲ့ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုထိန်းချုပ်နိုင် ရေးအတွက်အရေးပါတဲ့ ကုလားတန်မြစ်ကမ်းဘေး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ‘တရွန် အိုင် ဗျူဟာ’ နဲ့ ‘နှုံးဘူးဗျူဟာ’ စခန်းကုန်းကြီးနှစ်ခုလုံးကို အေအေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက် အခုလို ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ရခိုင်စစ်ရေးလေ့နဲ့ နိုင်ငံရေးလေ့လာသူတဦးက “အိန္ဒိယနဲ့ ရခိုင် ကုန်သွယ်မှုလမ်းကြောင်း ပြီးတော့ ရခိုင်နဲ့ ဘင်္ဂလား ကုန်သွယ်မှုလမ်းကြောင်းပေါ့ဗျာ။ နိုင်ငံတခု တည်ဆောက်ဖို့က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ထားနိုင်ဖို့က အဓိကကျတယ်လေ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီကတပ်က မောင်တောမြို့နဲ့ ၅ မိုင်ခန့်ဝေးတဲ့ရွှေရင်အေးကျေးရွာမှာနေထိုင်သူတွေ ကို ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ထွက်ခွာသွားကြဖို့ ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ခရေမြိုင်၊ ဗောဓိကုန်း၊ ကင်းချောင်း၊ ရွှေဗဟို၊ သရိကုန်ဘောင်၊ ကိုင်းကြီး၊ မောရဝတီ စတဲ့ ကျေး ရွာတွေကိုလည်း ၂ ရက်အတွင်း ကျေးရွာတွေကနေ အပြီးထွက်သွားကြဖို့ ပြောထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အ တည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */