RFA
RFA Burmese
2024.05.23

အင်ဒိုနီးရှားနိုင်ငံမြောက်ဘက်က ဆူမားတြားပြည်နယ်ကို ရိုဟင်ဂျာဒုက္ခသည် ငါးဆယ်ဝန်းကျင် မေလ ၂၃ ရက်နေ့က ရောက်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ အချက်အလက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒေသဆိုင်ရာအာဏာပိုင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံကို လှေစီးဒုက္ခသည်တွေအဖြစ် ရောက်ရှိလာချိန်မှာလည်း ဒေသခံတွေရဲ့ မလိုလားမှုတွေ ကြုံနေရတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
ဆူမားတြားပြည်နယ်က တခြားဒေသတစ်ခုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရိုဟင်ဂျာဒုက္ခသည် ၁၄ဝ ကျော် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ UNHCR စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်က ရိုဟင်ဂျာဒုက္ခသည် ၂၃ဝဝ ကျော် အင်ဒိုနီးရှားကို ရောက်ရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့လေးနှစ်တာအတွင်း စုစုပေါင်းဝင်ရောက်တဲ့ အရေအတွက်ထက် ပိုများတယ်လို့ ဖော်ပြပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာအရေး နိုင်ငံတကာ အရေးပေါ်ကူညီဖို့လိုကြောင်း အထူးကိုယ်စားလှယ်ပြော
- ရက္ခိုင့်တပ်တော် (AA) ကို ဖိအားပေးကြဖို့ နိုင်ငံတကာကို ရိုဟင်ဂျာအဖွဲ့တွေ တိုက်တွန်း
- ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု စိုးရိမ်ပူပန်ကြောင်း OIC ထုတ်ပြန်
- ဘူးသီးတောင်က ရိုဟင်ဂျာ နှစ်ရာကျော်ကို ထပ်မံကယ်တင်ထားကြောင်း AA ပြော
- တိုက်ပွဲအတွင်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက် AA ငြင်းဆို
No comments:
Post a Comment