RFA
RFA Burmese
2024.10.24
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေတစ်စင်း ဆိုက်ကပ်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ AFP
အင်ဒိုနီးရှားနိုင်ငံ အနောက်ကမ်းရိုးတန်းမှာ ရက်အတန်ကြာမျောနေတဲ့ လှေပေါ်က ရိုဟင်ဂျာဒုက္ခသည် ၁၄၆ ဦးဟာ အောက်တိုဘာ ၂၄ ရက် ဒီနေ့မှာ ကမ်းကပ်ခွင့်ရပြီလို့ AFP သတင်းက ဖော်ပြပါတယ်။
အမျိုးသား ၆၄ ဦး၊ အမျိုးသမီး ၆၂ ဦး နဲ့ ကလေး နှစ်ဆယ် လိုက်ပါလာတဲ့ အဲဒီလှေဟာ မြောက်ဆူမားတြား ပြည် နယ်က ပင်တိုင်းလက်ဘူ (Pantai Labu) မြို့မှာ ဆိုက်ကပ်ခဲ့တာလို့ အင်ဒိုနီးရှားအစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။
ဒုက္ခသည်တွေကို ယာယီခိုလှုံမဲ့နေရာကို ခေါ်ဆောင်ထားပြီး ပြန်လည်လွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတယ်လို့ လည်း ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲက ကမ်းခြေအနီးမှာ ဆိုက်ကပ်လာတဲ့ အဲဒီလှေကို ဒေသခံတွေက အစပိုင်း မှာ ကမ်းကပ်ဖို့ ခွင့်မပြုကြပါဘူး။
ဒါပေမဲ့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက ရိုဟင်ဂျာဒုက္ခသည်တွေလိုက်ပါလာတဲ့ စက်လှေကို ကယ် တင်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံကို မေတ္တာရပ်ခံခဲ့တာပါ။
အဲဒီနောက် လှေပေါ်က ရိုဟင်ဂျာဒုက္ခသည် တစ်ရာကျော်ကို ကယ်ဆယ်သွားမဲ့အကြောင်း အင်ဒိုနီးရှား အာဏာ ပိုင်တွေက AFP ကို မနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။
လတ်တလောမှာတော့ သူတို့ကို ဒေသခံတွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စားစရာတွေ ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာ အယောက် ၅၇ဝ နီးပါးက ပင်လယ်ပြင်မှာ သေကျေပျောက်ဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာတွေ အရေးပေါ် အကူအညီလိုအပ်နေကြောင်း AI ထုတ်ပြန်
- ဒုက္ခသည်တွေကို ကယ်ဖို့ အင်ဒိုနီးရှားကို UNHCR မေတ္တာရပ်ခံ
- ထိုင်းမှာ မြန်မာနိုင်ငံက ဝင်လာတဲ့ ရိုဟင်ဂျာ ၁၃ ဦး ဖမ်းဆီးခံရ
- ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ ကူညီသွားမယ်လို့ အင်ဒိုနီးရှားပြော
- အင်ဒိုနီးရှားကမ်းခြေရောက် ရိုဟင်ဂျာလှေ ကမ်းကပ်ဖို့ ဒေသခံတွေ ခွင့်မပြု
No comments:
Post a Comment