Friday, November 1, 2024

ရိုဟင်ဂျာ ၁၅၂ ဦးကို အင်ဒိုနီးရှားမှာ ကယ်တင်ထား

RFA
RFA Burmese
2024.10.25 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း Labuhan Haji ရှိ ယာယီတဲများတွင် UNHCR ဝန်ထမ်းများမှ ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ကိုယ်ရေးအချက်အလက်များ မေးမြန်းနေစဉ်။ AFP

အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာ ၁၅၂ ဦး ပါတဲ့ စက်လှေတစ်စီးကို အင်ဒိုနီးရှားနိုင်ငံမှာ ကယ်တင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အောက်တိုဘာ ၂၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။

အဲဒီလှေဟာ အင်ဒိုနီးရှားနိုင်ငံ တောင်အာချေးခရိုင် ကမ်းရိုးတန်းမှာ ရက်အတော်ကြာ ကျောက်ချထားတာဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ အာဏာပိုင်တွေက ကမ်းပေါ်ကို ဆိုက်ကပ်ခွင့်ပြုလိုက်တာလို့ AFP သတင်းက ဖော်ပြပါတယ်။ ဒီရိုဟင်ဂျာတွေကို လူသားချင်းစာနာတဲ့စိတ်ဓာတ်နဲ့ ကမ်းကပ်ခွင့်ပြုခဲ့တဲ့ ဒေသခံတွေနဲ့ အာဏာပိုင်တွေကို UNHCR က ကျေးဇူးတင်ကြောင်းလည်း ပြောထားပါတယ်။

ဒီလှေပေါ်မှာ ပါလာတဲ့အများစုက လူကုန်ကူးတဲ့အဖွဲ့တွေရဲ့ ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီးသူ တို့ကို လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေက အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။အောက် တိုဘာ ၂၄ရက်နေ့မှာပဲ နောက်ထပ် ရိုဟင်ဂျာ ၁၄ဝ ကျော်ကိုလည်း အင်ဒိုနီးရှားအနောက်ကမ်းရိုးတန်းမှာ ကမ်း ကပ်ခွင့်ပြုခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် ၂ဝ၁၇ ခုနှစ်နောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးကျပ်တည်းပြီး အခက်အခဲပေါင်းစုံကြုံနေရတဲ့အတွက် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ခွာနေကြတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးထားပေမဲ့ ရိုဟင်ဂျာတွေကို လက်ခံထားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်လောက်ကစပြီး ဒေသခံတချို့ကတော့ အခုလိုရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံတဲ့အပေါ် ကန့်ကွက်တာတွေ ရှိလာပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */