RFA
RFA Burmese
2024.10.22

အင်ဒိုနီးရှားနိုင်ငံ
အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ရိုဟင်ဂျာများ လိုက်ပါလာသည့်
လှေတစ်စီးဆိုက်ကပ်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ AFP
အမျိုးသမီးနဲ့ ကလေးအများစု လိုက်ပါလာတဲ့ ဒီလှေဟာ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်လာတာ နှစ်ပတ်နီးပါး ရှိနေပြီးဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ပင်လယ်ထဲမှာ မျောနေတာလို့ ရဲအရာရှိတစ်ဦးက ပြောဆိုကြောင်း AP သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဒီခရီးမှာ ရိုဟင်ဂျာ သုံးယောက် သေဆုံးသွားခဲ့ပြီး ၁၁ ယောက်က ကျန်းမာရေးအခြေအနေဆိုးလာတာကြောင့် အောက်တိုဘာလ ၂ဝ ရက်နေ့မှာ အစိုးရဆေးရုံကို ခေါ်ဆောင်ကုသပေးထားတယ်လို့ ဆိုပါတယ်။
တောင်အာချေးပြည်နယ်က ဒေသခံတွေကတော့ ဒေသတွင်းမငြိမ်မသက်ဖြစ်လာမှာ စိုးရိမ်တာကြောင့် ရိုဟင်ဂျာတွေ ကမ်းကပ်လာမဲ့အပေါ် ကန့်ကွက်နေကြတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ အောက်တိုဘာလ ၉ ရက်နေ့ကတည်းက ထွက်လာတဲ့ အဲဒီလှေမှာ စုစုပေါင်း ရိုဟင်ဂျာ ၂၁၆ ယောက်ပါလာပြီး အယောက် ၅ဝ က အင်ဒိုနီးရှားနိုင်ငံ ရိုင်ယူပြည်နယ်အနီးမှာ ဆင်းသွားကြတယ်လို့ ရဲအရာရှိတစ်ဦးကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ ဒီလှေနဲ့လိုက်ပါနိုင်ဖို့အတွက် အခကြေးငွေပေးခဲ့ရသူတွေ ရှိပြီး ရိုဟင်ဂျာတွေကို လူကုန်ကူးတယ်လို့ ယူဆရသူ သုံးဦးကို အာချေးရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို ဒေသခံတွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စားစရာတွေ ထောက်ပံ့နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးက ပင်လယ်ပြင်မှာ သေကျေပျောက်ဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ဆက်နွယ်သောသတင်းများ

- ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ ကူညီသွားမယ်လို့ အင်ဒိုနီးရှားပြော
- လူကုန်ကူးခံရတဲ့ရိုဟင်ဂျာတွေ သေဆုံးမှု ထိထိရောက်ရောက်အရေးယူဖို့ HRW တောင်းဆို
- ရိုဟင်ဂျာတစ်ရာကျော်ပါတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားကမ်းခြေရောက်
- ထိုင်းမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံး
- အပစ်ရပ်ရေးပျက်တဲ့အတွက် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေး နှောင့်နှေးရ
Link: Here
No comments:
Post a Comment