Tuesday, October 22, 2024

အင်ဒိုနီးရှားပင်လယ်ပြင်က ရိုဟင်ဂျာစက်လှေ ကမ်းကပ်ခွင့်ပေးဖို့ ကုလတောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၂ အောက်တိုဘာ၊ ၂၀၂၄ 

အာချေးပြည်နယ်တောင်ပိုင်း လာဘူဟန်ဟာဂျီ ကမ်းခြေအနီး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ပါ လှေတစီးကို တွေ့ရစဉ်။ ကုလက အင်ဒိုနီးရှားအစိုးရထံ ကယ်ဆယ်ရေးတောင်းဆို။ (၂၀၂၄ အောက်တိုဘာ ၂၂ က)

အင်ဒိုနီးရှားကမ်းခြေနား မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် စက်လှေတစင်းကို ကမ်းကပ်ခွင့်ပြုဖို့ ကုလသမဂ္ဂက တောင်း ဆိုလိုက်ပါတယ်။ ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် ဒုက္ခသည် ၁၀၀ ကျော်ပါတဲ့စက်လှေတစင်း အင်ဒိုနီးရှား အနောက်ဖက်အာချေးပြည်နယ်ကမ်းရိုးတန်းနား မျောနေတာကို ကယ်တင်ပေးဖို့ UNHCR ကုလဒုက္ခသည်များဆိုင်ရာရုံးက အင်ဒိုနီးရှားအစိုးရကိုတောင်းဆိုလိုက်တာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အင်ဒိုနီးရှားဆိုင်ရာ အကာအကွယ်ပေးရေး တာဝန်ခံ Faisal Rahman က ဒုက္ခကြုံနေတဲ့ ရိုဟင်ဂျာမိသားစုတွေ အန္တရာယ်ကင်းရေး ကမ်းကပ်ခွင့်ပေးဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေကို မနေ့က အရေးပေါ် တောင်းဆိုခဲ့တာပါ။ ဒုက္ခသည်တစ်ဦးကတော့ ပြီးခဲ့တဲ့အပတ်ထဲ သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား ဒေသခံအရာရှိက ပြောဆိုပြီးတဲ့နောက် ဒီဒုက္ခသည်တွေကို ဆက်အကူအညီပေးဖို့ ကုလဒုက္ခသည်များ ရုံးနဲ့ မိတ်ဘက်အဖွဲ့တွေဘက်ကအသင့်ပြင်ထားတယ်လို့ အင်ဒိုနီးရှားဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး တာဝန်ခံ Fisal Rahman က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနဲ့ အင်ဒိုနီးရှားကို အခုလို မကြာခဏ ပင်လယ်ခရီးကနေ လှေတွေနဲ့ ထွက်ခွါလေ့ရှိပြီး အခု စက်လှေကတော့ ပြီးခဲ့တဲ့အပတ်ထဲက အာချေးကျွန်းရဲ့ ၄ မိုင်အကွာမှာ ကျောက်ချနေခဲ့တယ်လို့ ကုလဒုက္ခသည်ရုံးက ပြောပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */