Thursday, June 6, 2024

ရိုဟင်ဂျာတွေကို အင်ဒိုနီးရှားပို့တဲ့ လူမှောင်ခိုသမား သုံးဦးကို ထောင်ဒဏ်ချမှတ်

RFA
RFA Burmese
2024.06.06

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ AFP


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာ ၁၃၆ ယောက်ကို အင်ဒိုနီးရှားနိုင်ငံ အာချေးပြည် နယ်ဆီ စက်လှေနဲ့ပို့တဲ့သူ သုံးဦးကို လူမှောင်ခိုမှုနဲ့ ထောင်ဒဏ် အသီးသီးချလိုက်တယ်လို့ ဂျကာတာဂလုပ်ဘ် သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

သူတို့ဟာ ပြစ်မှုထင်ရှားတယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက်လို့ အာချေးပြည်နယ် ဂျန်ထိုးခရိုင် တရားသူကြီးက ဇွန်လ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် သင်္ဘောမာလိန်မှူးက ထောင် ဒဏ် ၈ နှစ်၊ ကျန်တဲ့သူ နှစ်ဦးက ၆ နှစ်စီနဲ့ ဒဏ်ငွေအဖြစ် တစ်ဦးကို အင်ဒိုနီးရှား ရူပီးယားငွေ သန်း ၅၀၀ စီ ဆောင်ရမှာဖြစ်ပါတယ်။ အဲဒီဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ဒဏ် ၃ လစီခံရမယ်လို့ ဆိုပါတယ်။

သူတို့ဟာ ရိုဟင်ဂျာတွေဆီက တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၈၆၀ နဲ့ညီတဲ့ ငွေယူပြီး အင်ဒိုနီးရှားကို ပြီးခဲ့တဲ့ မတ်လမှာ ပို့ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */