RFA
RFA Burmese
2024.11.30
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ရိုဟင်ဂျာ ၁၁၆ ဦးလိုက်ပါလာတဲ့ စက်လှေကို ဒေသခံတံငါသည်တွေ ဒီနေ့ ကယ်တင်လိုက်တယ်လို့ AP သတင်းက ဖော်ပြပါတယ်။
စက်လှေပေါ်လိုက်ပါလာသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကနေ ထွက်လာကြတဲ့ ရိုဟင်ဂျာတွေဖြစ်ပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ကြသူတွေဖြစ်တယ်လို့ ဒေသဆိုင်ရာရဲချုပ်က AP သတင်းဌာနကို ပြောထားပါတယ်။
လှေပေါ်ပါလာသူ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
အာချေးနဲ့ မြောက်ဆူမားတြားပြည်နယ်တွေကိုလည်း ပြီးခဲ့တဲ့လက ရိုဟင်ဂျာ ၄ဝဝ ဝန်းကျင် လှေတွေနဲ့ ရှောက်ရှိခဲ့ပါသေးတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူ Faisal Rahman ကလည်း အာချေးအရှေ့ပိုင်းကို ဒုက္ခသည်စုစုပေါင်း ၁၁၆ ဦး ရောက်ရှိလာတယ်လို့ ပြောထားပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ငတ်မွတ်ခေါင်း ပါးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့်အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို ဦးတည်ပြီး စက်လှေတွေနဲ့ သွားနေကြတာဖြစ်ပါတယ်။
UNHCR စာရင်းတွေအရ ပြီးခဲ့တဲ့နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ နှစ်ထောင်ကျော် ရောက်ရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ရောက်လာတဲ့ အရေအတွက်ထက် ပိုများနေတာဖြစ်ပါတယ်။
အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ များလာတာကြောင့် ဒေသခံအများစုက ကန့် ကွက်တာတွေ၊ မောင်းထုတ်တာတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပြီးကူညီပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားကြပါတယ်။
အင်ဒိုနီးရှားအစိုးရကလည်း ပြီးခဲ့တဲ့နှစ်ကစပြီး သူတို့နိုင်ငံကိုရောက်လာတဲ့ ရိုဟင်ဂျာအရေအတွက် သိသိသာသာများလာတာကြောင့် ဒီအရေးကိုကူညီဖြေရှင်းဖို့ နိုင်ငံတကာကို အကူအညီတောင်းခံထားပါတယ်။
ဆက်နွယ်သောသတင်းများ

- စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ ကြိုဆို
- ကော့ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ နှစ်ထောင်ခန့် စစ်သားစုဆောင်းခံရ
- ရိုဟင်ဂျာအရေး ကုလသမဂ္ဂ အဆင့်မြင့်ညီလာခံ ကျင်းပမည်
- ဧရာဝတီတိုင်းမှာ လှေမြုပ်လို့ ရိုဟင်ဂျာ ၁၇၄ ဦး သေဆုံးခဲ့ကြောင်း BROUK အဖွဲ့ပြော
- တရားမဝင်ရောက်လာတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို ထိုင်း ဖမ်းဆီး
No comments:
Post a Comment