Friday, November 1, 2024

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ ကူညီသွားမယ်လို့ အင်ဒိုနီးရှားပြော

RFA
RFA Burmese
2024.10.22

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေတစ်စီးပေါ်တွင် ရိုဟင်ဂျာကလေးငယ်တစ်ဦးအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ AFP

အရှေ့တောင်အာရှဒေသတွေကို ရိုက်ခတ်လာတဲ့ ရိုဟင်ဂျာအကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့အတွက် ဦးစားပေး ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာညှိနှိုင်းရေး ဝန်ကြီး ဘူဒီ ဂန်နာဝမ် (Budi Gunawan) က ပြောလိုက်ပါတယ်။

 အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ရိုဟင်ဂျာတွေကြားမှာ ကြားဝင်ညှိနှိုင်းပေးမှာ ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုတယ်လို့ Antara သတင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ဖော်ပြပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းနိုင်မှ ဒေသတွင်း ပထဝီနိုင်ငံရေးအခြေအနေတွေ တိုးတက်လာမှာ ဖြစ်တာကြောင့် ဒီကိစ္စပြေလည်ရေး ပဋိပက္ခဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၊ လေ့လာမှုအသစ်တွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားအနေနဲ့ လက်ရှိကြုံနေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှု မှန်သမျှကို ဖြေရှင်းသွားမှာဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်လိုပြီး ကိုယ့်နိုင်ငံအကျိုးရှိရေးအတွက် တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းချင်တယ်လို့ ပြောဆိုကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */