" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 25, 2023

မိုခါမုန်တိုင်းသင့် မိုခါမုန်တိုင်းအတွက် အီးယူက အရေးပေါ် အကူအညီ ပေါင် ၂ သန်းခွဲ ထောက်ပံ့မည်

DVB
May 25, 2023 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အင်အားပြင်း မိုခါမုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည် တွေအတွက် ဉ ရောပ သမဂ္ဂ (အီးယူ) က အရေးပေါ် အကူအညီ ပေါင် ၂ သန်းခွဲ ထောက်ပံ့ သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အီးယူအမှုဆောင်အဖွဲ့က မေ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအကူအညီဟာ အထူးသဖြင့် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ တွေရဲ့ “အရေးတကြီး လိုအပ်ချက်တွေ” ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းတွေက ယာယီတဲတွေ ကြီးမားစွာပျက်စီးခဲ့ရပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေလည်းထပ် မံပြီး‌တော့ ရှိလာနိုင်ပြီး ရေကြီးမြေပြိုမှုအန္တရာယ်တွေလည်း တိုးမြင့်လာစေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း ထိခိုက်ပျက်စီးသွားပြီး လူ ၁၀၀ ကျော်သေဆုံးကာ အများအပြား ပျောက်ဆုံးနေတယ်လို့ အကူအညီပေးရေး NGO တွေနဲ့ ဒေသခံတွေရဲ့ ပြော ဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြခဲ့ပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနက် ၁၁ နာရီခွဲလောက်ကစပြီး လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဲဒီနောက် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ် အနီးတို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီးနောက် အားပျော့ပျက်ပြယ်ကာ တရုတ်နိုင်ငံ ဘက် ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ခဲ့ချိန်မှာတော့ ဖြတ်သန်းရာ ဒေသတွေမှာ မုန် တိုင်းရဲ့ သက်ရောက်မှုတွေ ကြောင့် ဆည်တွေရေလျှံတာ၊ မိုးကြီးတာ၊ ချောင်းရေတွေ စီး ဆင်းတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ခဲ့ပြီး ထိ ခိုက် ပျက်စီးမှု များစွာရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းကြောင့် လူသေဆုံးမှုတွေအပြင် နေအိမ်၊ အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား ပျက်စီးမှုတွေ၊ သီးနှံ စိုက် ခင်းတွေ ရေလွှမ်းမိုးပျက်စီးတာတွေ၊ ကျွဲနွားဆိတ်ဝက်တွေ ရေထဲ မျောပါသေဆုံးတာတွေလည်း ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */