" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 23, 2024

မြန်မာကိုပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းမယ်လို့ ဖင်လန် အစိုးရကြေညာ

RFA
FA Burmese
2024.01.23 

၂ဝ၂၁ ခုနှစ် ဧပြီလက ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြရသော စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။ Photo: AFP 

ဖင်လန်နိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို ရပ်ဆိုင်းတော့မယ်လို့ ဖင်လန် အစိုးရက ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ ကင်ညာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေကို ဖင်လန်နိုင်ငံကပေးနေတဲ့ အကူအညီ တွေ ကို ရပ်ဆိုင်းသွားမှာလို့ ဖင်လန်အစိုးရက ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ အဲဒီနိုင်ငံတွေနဲ့ ဘက် ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချသွားမယ်လို့လည်း ပြောပါတယ်။

ဖင်လန်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြီးခဲ့တဲ့ ဘတ်ဂျက်ကထက် ယူရိုသန်းတစ် ထောင့်သုံးဆယ်ကို ဖြတ်တောက်သွားမှာလို့ ဆိုပါတယ်။

အာရှမှာဆိုရင် အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတွေကို အကြီးမားဆုံး လျှော့ချသွားမှာဖြစ်ပြီး ဒီနှစ်နိုင်ငံလုံးက အစိုးရတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်တော့ဘူးလို့ ပြောထားပါတယ်။

ဖင်လန်နိုင်ငံရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေး မြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်လိုက်ပေမဲ့ယူကရိန်းနိုင်ငံအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်ပေးသွားမယ်လို့လည်းဖင်လန်နိုင် ငံ က ပြောထားပါတယ်။ သီးခြားဘတ်ဂျက်ကနေ ယူကရိန်းနိုင်ငံကို နှစ်စဉ်ယူရို ၅၈ သန်းထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */