နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဖဖေဖေါ်ဝါရီ ၁၄/၂ဝ၂ဝ
ရခိုင်ပြည်နယ်မှ တိုက်ပွဲ ဖြစ်ပွားနေသော မြို့နယ် ၉ ခုမှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၂ဝ ကို လုံခြုံရေး အ ရ ယခုနှစ်တွင် ယာယီ ပိတ်ရန် စီစဉ်နေပြီး စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်ခြား စာစစ်ဌာနများသို့ ပြောင်းရွှေ့ ဖြေဆိုရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဖဖေဖေါ်ဝါရီ ၁၄/၂ဝ၂ဝ
ရခိုင်ပြည်နယ်မှ တိုက်ပွဲ ဖြစ်ပွားနေသော မြို့နယ် ၉ ခုမှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၂ဝ ကို လုံခြုံရေး အ ရ ယခုနှစ်တွင် ယာယီ ပိတ်ရန် စီစဉ်နေပြီး စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တစ်ခြား စာစစ်ဌာနများသို့ ပြောင်းရွှေ့ ဖြေဆိုရမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက “ စုစုပေါင်း မြို့နယ် ၉ ခုက ကျောင်းပေါင်း ၂ဝ လောက်ကို ယာ ယီပိတ်ဖို့ ပြည်နယ် အစိုးရကို တင်ပြထားပါတယ်။ အဲဒီတင်ပြထားချက်ကို မြန်မာနိုင်ငံ စာစစ်ဌာကိုလည်း အကြောင်း ကြားထားပါတယ်။ လုံခြုံရေးအရ ရခိုင်ပြည်နယ် အစိုးရရဲ့ စီမံမှုအောက်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြို့နယ်၊ ခရိုင် ပညာရေးမှူးတွေနဲ့ ညှိနိုင်းပြီး ယာယီပိတ်ဖို့ တင်ပြထားပါတယ်” ဟု ပြော ကြား သည်။
မတ်လ ၁၁ ရက်နေ့တွင် စတင် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာန ပိတ်ထားရမည့် မြို့ နယ်များထဲတွင် ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် တို့ပါဝင်သည်ဟု ပညာရေးမှူးက ပြောသည်။
စာစစ်ဌာန ပိတ်မည့် အထဲတွင် ရသေ့တောင်မြို့နယ်မှ ကျောင်းသား ကျောင်းသူ ၅ဝဝ ကျော် ဝင်ရောက် ဖြေဆိုမည့် လောင်းချောင်းအထကနှင့် ကျောင်းပိတ်ထားရသောကျောက်တန်း အထကတို့ ပါဝင်သည်။
ရသေ့တောင်မြို့နယ်မှ ကျောင်းသားမိဖ တစ်ဦးက “ ဒီလို မြို့ပေါ်ကို သွားရောက် စာမေးပွဲ ဖြေဆို ရမယ် ဆိုရင် မိဘ ချမ်းသာသူတွေက ပြဿနာ မဖြစ်နိုင်ပေမယ့် မိဘ ဆင်းရဲတဲ့ ကျောင်းသား ကလေးတွေ ကတော့ အခက်အ ခဲ ဖြစ်နေပါတယ်။ မြို့ပေါ်မှာ သွားဖြေရမယ်ဆိုရင် နေစရိတ်၊ စားစရိတ် အကုန်လုံး အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် ကိုယ့်ကျောင်းက ကိုယ်စာစစ်ဌာနမှာ ဖြေဆိုရတာက အကောင်းဆုံး ဖြစ်ပါမယ်” ဟု ပြောကြားသည်။
လောင်းချောင်းကျေးရွာမှ ဆရာ ဦးခင်မောင်ဦးက “ ကျွန်တော်တို့ လောင်းချောင်း အထက စာစစ်ဌာနမှာ ဖြေ ဆိုမယ့် ကျောင်းသား ကျောင်းသူက ၅ဝဝ ကျော်ရှိပါတယ်။ ကျွန်တော်တို့ အထက စာစစ်ဌာန ရရှိတာ ၁ဝ နှစ်လောက်ရှိပါပြီ။ ဒီနှစ်မှာ စာစစ်ဌာကို ပိတ်ပြီး ကျောင်းသားတွေ တစ်ခြား စာစစ်ဌာနကို သွားဖြေရမယ် ဆိုတော့ အများကြီး အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒေသက ဆရာတွေ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နဲ့ စစ်တွေကို သွားပြီး စာစစ်ဌာနကို မပိတ်ဖို့ ပြည်နယ်ပညာရေးမှူးကို သွားပြီး တင် ပြထားတာ ရှိပါတယ်။ အခုကတော့ အခြေအနေ မသိရသေးပါ” ဟု ပြောကြားသည်။
ယခင်က လောင်းချောင်းကျေးရွာတွင် နယ်ခြားစောင့် စခန်းရှိပြီး လက်ရှိတွင် နယ်ခြားစောင့် စခန်းကို ရုတ် သိမ်းသွားသဖြင့် လုံခြုံရေး စိုးရိမ်ရသည်ဟု ဆိုကာ စာစစ်ဌာနကို ပိတ်ပြီး တစ်ခြား စာစစ်ဌာနသို့ ပြောင်းရွှေ့ စစ်ဆေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားရာ အနီးရှိ နယ်စာစစ်ဌာနများအနေဖြင့် မေးခွန်းလွှာများနှင့် အဖြေလွှာများကို ထိန်းသိမ်း ရန် အခက်အခဲ ဖြစ်နေသဖြင့် ယခုလို စာစစ်ဌာနများကို ပိတ်ပြီး တစ်ခြား စာစစ် ဌာနများသို့ ပြောင်းရွှေ့ စစ် ဆေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ယမန်နှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်နေစဉ် ရဲစခန်းများကို နေရာ ရွှေ့လိုက်သဖြင့် လုံခြုံရေး မရှိဘဲ လုပ်ကိုင်ခဲ့ရသဖြင့် အခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့အတွက် ယခုနှစ်တွင် ပြသနာ မဖြစ်လျှင် ကောင်းသော်လည်း ပြသနာ ဖြစ်ပွားလျှင် အခက်အခဲရှိနိုင်သဖြင့် လုံခြုံရေး မပေးနိုင် သော စာစစ်ဌာများနှင့် အလှမ်းဝေးပြီး သွားလာရေး ခက်ခဲသော စာစစ်ဌာများကို ယခုနှစ်တွင် ယာယီပိတ် ထားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးက ပြောဆိုသည်။
Link : Here
No comments:
Post a Comment