" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 10, 2019

ကျောက်တော်မြို့နယ်တွင် ကျည်ဆံထိမှန်၍ တစ်ဦး သေ၊ တစ်ဦးဆေးရုံရောက်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၁၀/ ၂၀၁၉
 ယနေ့ နံနက်က ဖြစ်ပွားခဲ့သည့် ကျောက်တော်မြို့အနီး ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ လူတစ်ဦးသေဆုံးပြီး တောင်ပေါက်ရွာမှ ကူးတို့ပို့နေသူ တစ်ဦး ဦးခေါင်းတွင် ကျည် ဆံ ထိမှန် ဒဏ်ရာ ရရှိသွားပြီး လက်ရှိ ကျောက်တော်မြို့နယ်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရ ရှိ ကျသည်။
သေဆုံးသူမှာ ဘုရားပေါင်းရွာမှ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးမောင်မောင်လှဖြစ်ပြီး လက်ရှိ ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ရောက်ရှိနေကြောင်း ကျောက်တော် ဒေသခံ လူထု ဇော်ဝင်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော် အလောင်းကို သွားကြည့်တယ်။ သူ့ရဲ့ ခြေထောက်မှာ မျက်နာတွေမှာ ဒဏ်ရာဗလပွ ဖြစ်နေတယ်။ မြင်ရတာ စိတ်မကောင်းပါဘူး။ သူနဲ့ ကျွန်တော်နဲ့ ရင်းနှီးပါတယ်” ဟု လူထု ဇော်ဝင်းက ပြောကြား သည်။

နောက်ထပ် ဒဏ်ရာရသွားသူ တစ်ဦးမှာ တောင်ပေါက်ရွာနှင့် စစ်အောင်ရွာကို ကူးတို့ပို့နေသည့် ဦးတင်ဝင်း (၂၈) နှစ် ဖြစ်ကြောင်း သိရသည်။

“ သူက ဒီကနေ့ နံနက်က ကုလားတန်မြစ် အနောက်ဘက်ခြမ်း တောင်ပေါက်ရွာကနေ အရှေ့ဘက်ကမ်း စစ်အောင် ရွာကို ကူးတို့ပို့ပြီး ဟိုဘက်ကမ်းကို ရောက်ပြီး ထိုးဝါးစိုက်နေစဉ် နဖူးကို ကျည်ဆံ လာထိတာပါ။ ကျည်ဆံက အဝေးကလာတယ်ထင်ပါတယ်။ အားပျော့ပြီး ဦးခေါင်းမှာ ထွင်းပြီး ကျန်ခဲ့ပါတယ်။ သူလည်း အခု ကျောက်တော် ဆေးရုံကို ရောက်နေပါပြီ” ဟု သူက ဆက်လက် ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တရားဝင် အတည်ပြုချက်ရယူနိုင်ရန် ကျောက်တော်မြို့နယ်မှူးသို့ ဆက်သွယ်ရာသူက “ အခု စခန်းမှူးသွားရောက်စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှတိတိကျကျ မသိရသေး ဘူး။ စစ်ဆေးနေတုန်းဘဲ ဖြစ်ပါတယ်။ ဘာမှ မသိရသေးဘူး။ ဘယ်လို ဖြစ်သလဲဆိုတာ မပြောနိုင်သေးဘူး” ဟု ပြောဆိုသည်။

ယနေ့နံနက် ၆ နာရီခန့်က ကျောက်တော်မြို့မှ စစ်တွေဘက်သို့ ထွက်၀ အနီးရှိ တောင်ပေါက်ရွာနှင့် ဘုရား ပေါင်းကျေးရွာအကြား ပေါက်ကွဲသံများနှင့် အတူ သေနတ်ပစ်ခတ်သံများ ထွက်ပေါ် လာခဲ့ပြီးနောက် ပိုင်း ဘုရားပေါင်းမှ တစ်ဦးသေပြီး တောင်ပေါက်ရွာမှ ကူးတို့သည် တစ်ဦး ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

သေဆုံးသွားသူ ဦးမောင်မောင်လှနှင့် ကူးတို့ပို့သူ ကိုတင်ထွန်းတို့ကို မည်သူက ပစ်သည်၊ မည်သို့ မည်ပုံ သေဆုံး/ ဒဏ်ရာရရှိသွားသည်ကို မိသားစုများအပါအဝင် ကျေးရွာသားများနှင့် အဆက်အသွယ် မရရှိသေး သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

အဆိုပါ ကျောက်တော်တောင်ပိုင်းနှင့် ပုဏ္ဍားကျွန်းမြို့နယ် အကြားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ် တော် (AA)တို့ အကြား ယခုရက်ပိုင်းအတွင်းတွင် တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေကြောင်း ဒေသခံရွာသားများက ပြောကြားသည်။

လက်ရှိ အချိန်တွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာသားများမှာ ကြောက်လန့်ပြီး ရွာကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သိရသည်။

( ဘုရားပေါင်းကျေးရွာမှ ရွာကိုစွန့်ခွာထွက်ပြေးနေကြသည့် ရွာသားများ/ ဓာတ်ပုံ- ခိုင်ပင်လယ်)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */