မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ မေ ၃ဝ/ ၂၀၁၉
ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်ရှိ အမှတ်(၁)ရဲစခန်း ဘေးပတ်ပတ်လည်တွင် ရောင်းချနေကြသည့် ဈေး ဆိုင်ခန်း ၇ဝ ကျော်ကို နေရာမှ ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည့်အတွက် ဆိုင်ခန်း ပိုင် ရှင်များ အခက်တွေ့နေကြောင်း သိရသည်။
အမှတ်(၁)ရဲစခန်းကို လုံခြုံရေးတိုးမြှင့်နိုင်ရန် ခြံစည်းရိုးကာရန်မည်ဆိုကာ စခန်းပတ်ပတ်လည်တွင် ရောင်း ချနေသည့် ဈေးဆိုင်ခန်းအားလုံးစုစုပေါင်း ၇၆ ခန်းကို မေလ ၃ဝ ရက်နေ့မှစတင်၍ ၁၅ ရက်အတွင်း နေရာမှ နောက် ဆုံးထား ဖယ်ပေးရန် အမိန့်ထုတ်ပြန်ထားသည့်အတွက် ဆိုင်ခန်းပိုင်ရှင်များတွင် မြေနေရာ အခက် အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
"အခုဆိုရင် မိုးရာသီဖြစ်လာပါပြီ။ မိုးရာသီဖြစ်လာတဲ့အတွက် အုပ်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေ အစစ အရာ ရာ ဈေးမြင့်လာတဲ့အချိန်မှာ ကျမတို့ ဘယ်ပိုက်ဆံနဲ့ဝယ်ပြီးတော့ ဘယ်နေရာမှာ သွားဆောက် ရမှာလဲ"ဟု ရဲစခန်းရှေ့မျက်နှာစာတွင် အထည်ဆိုင်ရောင်းချနေသည့် မဝင်းဝင်းက နိရဉ္စရာကိုပြောသည်။
ဆိုင်ခန်းများအတွက် လိုအပ်သည့်မြေနေရာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သွားမည်ဟု ဆိုသော် လည်း လောလောဆယ်တွင် ပြည်နယ်အစိုးရအဖွဲ့က မြေနေရာရှာမပေးသေးသည့်အတွက် ၁၅ ရက်အ တွင်း နေရာမှဖယ်ရှားပေးရန် မဖြစ်နိုင်ဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။
"ကျနော်ကတော့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့တွေ့ပြီး တစ်ခေါက် ပြောပြချင်ပါ တယ်။ ကျနော်တို့လည်း မြေနေရာ ဘယ်နားမှာရမလဲမသိဘူး၊ ဘယ်နားမှာ စီစဉ်ရမလဲ မသိဘူးလေ။ ဆိုတော့ သူတို့ လူကြီးချင်းလည်း ပြောစေချင်ပါတယ်။ ကျနော်တို့ မြေနေရာရရှိရေးနဲ့ ကျနော်တို့ ဆိုင်ခန်း တည်ဆောက်ရေးတွေအတွက်ပါ "ဟု စခန်း၏တောင်ဘက်တွင် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦး သာမြင့်က နိရဉ္စရာကိုပြောသည်။
အဆိုပါဆိုင်ခန်း ၇ဝ ကျော်တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ စတိုးဆိုင်၊ ဆေးဆိုင်၊ အထည်ဆိုင်၊ ပန်းထိမ် ဆိုင်၊ ရေဒီယို/တီဗီ/ဖုန်း/နာရီပြုပြင်ရေးဆိုင်များနှင့် ပလတ်စတိတ် ပစ္စည်းအရောင်းဆိုင်များ ပါဝင်သည်။
ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ယခုနေရာမှ ဖယ်ရှားပေးရမည်ဆိုပါက မြို့မဈေးနှင့် နီးကပ်လျက်ရှိသော မိဇံရပ် ကွက်ရှိ စစ်တွေမြို့ တိုးချဲ့မြေနေရာစီမံကိန်းအနီးတွင် တောင်းဆိုထားသော်လည်း ပြည်နယ် အစိုးရ အဖွဲ့က ယခုထိ အကြောင်းမပြန်သေးဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
"အားလုံးသူက စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရချိန်မှာ ကျမတို့ဆိုရင်လည်း ဒီနေ့ဈေးရောင်းပြီးတော့ မနက်ဖြန် စားနေရတာပါ။ ဘာလဲဆိုတော့ သူတို့ပြောလိုက်တဲ့စ ကားတစ်ခွန်းဟာ ကျမတို့ မိသားစု ၇၆ ခန်းလုံး စားဝတ်နေရေးကို လုံးဝ ချွတ်ခြုံကျသွားအောင် လုပ်ပစ်လိုက်တာနဲ့ တူတယ်လို့ ကျမကတော့ လောလောဆယ်ထင်ပါတယ်။"ဟု အထည်ဆိုင်ပိုင်ရှင် မဝင်းဝင်းက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနမှ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူးကြီး ကြည် လင်း ကို နှစ်ရက်တိုင်တိုင် သွားရောက်တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ပါ။ အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ထံကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
အဆိုပါဆိုင်ခန်းများကို နေရာမှဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က နှစ်ကြိမ်တိုင်တိုင် အမိန့် ထုတ်ပြန် ထားသော်လည်း ဆိုင်ခန်းပိုင်ရှင်များတွင် ဆိုင်ခန်းတည်ဆောက်ရန် မြေနေရာ အခက်အခဲများဖြစ်ပေါ်နေ၍ ယခုကဲ့သို့ ဖယ်မပေးနိုင်သေးခြင်းဖြစ်သည်ဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ဆိုသည်။
အဆိုပါဈေးဆိုင်ခန်းများသည် ၁၉၉ဝ နောက်ပိုင်းမှစတင်ကာ ရဲတပ်ဖွဲ့၏တရားဝင်ခွင့်ပြုချက်ဖြင့် ကန်ထရိုက် ထံမှ အဆောက်အဦကိုဝယ်ယူကာ မြေနေရာငှားရမ်းခကိုမူ အမှတ်(၁)ရဲစခန်းထံ လစဉ် ပေးသွင်း၍ ရောင်းချနေသည့်ဆိုင်ခန်းများဖြစ်ကြောင်းလည်း သိရသည်။

No comments:
Post a Comment