Sunday, May 12, 2019

ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူး စစ်တွေသို့ ရောက်ရှိ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၁၂/၂၀၁၉




ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကမ္ဘာ့ကုလသမဂ္ဂ၏ လူသားချင်းစာနာ မှုဆိုင်ရာ လက်ထောက် အထွေထွေ အတွင်း ရေးမှူး၊ အရေးပေါ်ကယ်ဆ ယ်တုန့်ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ (Ursula Mueller) သည် မေလ ၁၂ ရက် ယနေ့နေ့လည်က ရောက်ရှိနေသည်။

သူမသည် စစ်တွေမြို့ ဘာဆာရာကျေးရွာရှိ မွတ်စလင်ရွာသားများနှင့် ယနေ့တွင် တွေ့ဆုံခဲ့ပြီး မေလ ၁၃ ရက် မနက်ဖြန်တွင်လည်း စစ်တွေမြို့ရှိ မွတ်စလင် ဒုက္ခသည်စခန်းများသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

မစ္စအာရ်ဆူနာမြူလာသည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေအနေများကို လေ့လာရန် မေလ ၉ ရက်နေ့မှ ၁၄ ရက်နေ့ အထိလာရောက်ခြင်း ဖြစ်သည်။

သူမသည် ၂ဝ၁၈ ခုနှစ် ဧပြီလက မြန်မာနိုင်ငံသို့ ပထမ ဆုံးအကြိမ် လာရောက်ခဲ့ဖူးသူ ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့်ဒေသခံပြည်သူ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် ရှိနေပြီး ထိုစစ်ဘေးဒုက္ခသည်များသို့ သွားရောက် တွေ့ဆုံမည်/ မတွေ့ဆုံမည်ကို မသိရှိရသေးကြောင်း အစိုးရလုံခြုံရေး အရာရှိ တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

သူမ၏ ယခုခရီးစဉ်တွင် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ လူသားချင်းစာ နာမှုအကူအညီလိုအပ်သည့် အခြေအနေများ၊ ပဋိပက္ခ၏သက်ရောက်မှု အခြေအနေများကို ကိုယ်တိုင်တွေ့မြင်သိရှိနိုင်ဖို့ ရည်ရွယ်ကြောင်း UN ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */