Thursday, April 11, 2019

လက္ကာကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၄ ဦးကို ပြန်လည်လွတ်မြောက်လာ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၁၉
ယနေ့ နေ့လယ်ပိုင်းက စစ်တပ်က ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည့် မြောက်ဦးမြို့နယ် လက္ကာရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၄ ဦးကို ယနေ့ ညနေပိုင်းက ပြန်လည် လွတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

၎င်းတို့ ၄ ဦးမှာ လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းမြင့် (၃၈) နှစ်၊ ဦးထွန်းစိန်လှ (၆၅) နှစ်၊ ဦးမောင်စောသိန်း (၅၇) နှစ်နှင့် ရွာပြင်တွင်သွားလာနေသူ ဦးထွန်းမောင်နုတို့ ဖြစ်ကြသည်။

လက္ကာကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူက “ ကျွန်မ ယောင်္ကျား အပါအဝင် ရွာကလူ ၄ ဦး ညနေ ၇ နာ ရီလောက်မှာ ရွာကို ကောင်းမွန်စွာ ပြန်လည် ရောက်ရှိလာပါတယ်။လမ်းပြဖို့ ခေါ်သွားတာ ဖြစ်တယ်လို့ သိ ရပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */