" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 25, 2023

မြန်မာဗိုလ်ချုပ်ကြီးတွေကို Fortify Rights လူ့အခွင့်အရေး အဖွဲ့ ဂျာမဏီမှာ တရားစွဲ

RFA
ခင်မောင်စိုး (ထိုင်းနိုင်ငံ)
2023.01.24
၂၀၂၂ မေလ ၁ဝ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားစဥ် Photo:Citizen Journalist

မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေနဲ့ တရားစွဲဆိုလိုက်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ထုတ်ဖော်ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်ကြီးတွေကို လူသားဖြစ်တည်မှုဆိုင်ရာပြစ်မှုတွေကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ Fortify Rights လူ့အခွင့်အ ရေးအဖွဲ့က မြန်မာနိုင်ငံသား ၁၆ ဦးနဲ့အတူ ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ တရားစွဲဆိုလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

 
အခုလိုတရားစွဲဆိုတဲ့ အမှုကိုတင်ပြရာမှာ သက်သေအထောက်အထား စာမျက်နှာ ၁ဝဝဝ ကျော်ပါဝင်တယ်လို့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဒီနေ့မနက်က ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith- မက်သရူးစမစ်က အခုတရားစွဲဆိုမှုမှာ မြန်မာနိုင်ငံသား ၁၆ ဦးလည်း တရားလိုတွေအဖြစ်ပါဝင်ကြောင်း RFA ကို ပြောပါတယ်။

တရားလိုအဖြစ်ပါဝင်တဲ့ လူမျိုး ၇ မျိုးကတော့ ရခိုင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်၊ မြန်မာနဲ့ ရိုဟင်ဂျာ တွေဖြစ် ကြောင်း၊ ၂ဝ၁၆ နဲ့၂ဝ၁၇ ခုနှစ်တွေက ရခိုင်ပြည်မှာ ကျူးလွန်ခဲ့မှုတွေအပြင် ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ တိုင်ကြားတဲ့အမှုဖြစ်ကြောင်း သူကပြောပါတယ်။

ဘာဖြစ်လို့ ဂျာမဏီနိုင်ငံမှာ သွားပြီးတရားစွဲတာလဲလို့ မေးတဲ့အခါ ဂျာမဏီဟာ ကမ္ဘာပေါ်မှာ အပြည်ပြည်ဆိုင် ရာ တရားဥပဒေတောင့်တင်းခိုင်မာမှုအရှိဆုံး နိုင်ငံတစ်ခုဖြစ်လို့ပါပဲလို့ ပြောပါတယ်။ ဘာတွေဆက်လက်ပေါ် ထွန်းဖို့ မျှော်လင့်ပါသလဲလို့ မေးမြန်းရာမှာတော့ အချိန်ကာလ အတိအကျ မသိနိုင်ပေမယ့် ဂျာမဏီ အစိုးရ ရှေ့နေတွေက မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးမယ်လို့ မျှော်လင့်ပါတယ်၊ သူတို့ကို ဖမ်းဝရမ်းထုတ်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘာများပြောချင်သလဲလို့ မေးတဲ့အခါမှာတော့

မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေး၊ အမှန်တရားပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ခုခံတော်လှန်တိုက်ပွဲဝင်မှု၊ စွန့်လွှတ်ကြိုးပမ်းမှု၊ ရုန်းကန်လှုပ်ရှားမှုတွေအတွက် ကျွန်တော်တို့ များစွာ အားကျလေးစား ဂုဏ်ယူပါတယ်။ သူတို့ကို ထောက်ခံနေသူတွေ ကမ္ဘာတစ်ခုလုံးမှာ ရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့အကြောင်းကို ကျွန်တော်တို့ နေ့တိုင်းဆွေးနွေးကြတယ်။ ကမ္ဘာတစ်ခွင်က အစိုးရတွေ၊ အကြီးအကဲတွေ၊ အဖွဲ့အစည်းတွေကို တင်ပြပြောဆိုနေကြပါတယ်။ လုံးဝ စိတ်မလျှော့ကြပါနဲ့၊ ကျွန်တော်တို့ သူတို့ကို ဘယ်တော့မှ မေ့ပစ်လိုက်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ဆောင်ရွက်ကြိုးပမ်းမှုတွေကိုလည်း ဘယ်တော့မှ ဇွဲလျှော့မှာ မ ဟုတ်ပါဘူးလို့ Matthew Smith က RFA ပြောကြားပါတယ်။

အခုလို Fortify Rights နဲ့ မြန်မာနိုင်ငံသား ၁၆ ဦးက မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံမှာ တရားစွဲဆိုလိုက်တာနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးကြီးမြင့်က ကြိုဆိုလိုက်ပါတယ်။

" ဒါက ကျွန်တော်တို့ပြည်တွင်းမှာဘယ်လိုမှလုပ်မရတဲ့ဟာတွေကိုနိုင်ငံတကာကဝိုင်းကူညီတာပေါ့ အဲအပေါ်မှာ ကျွန်တော်တို့တန်ဖိုးလည်းထားပါတယ် အမှန်ကတော့ရာဇဝတ်မှုကျူးလွန်တာအမှန်ပဲ၊ အထောက်အထားသက် သေတွေလည်အများကြီးရှိတယ် ဗီဒီယိုမှတ်တမ်းတွေ လူပုဂ္ဂိုလ်သက်သေတွေ မြောက်များစွာရှိပါတယ် အချိန်မရွေးခေါ်ယူစစ်ဆေးလို့ရပါတယ် ဒီလိုစွဲဆိုမှုဟာ ကျွန်တော်တို့လူထုအတွက်ကအားရစရာဖြစ်ပါတယ်။ PDF တွေအတွက်ရော EAO တွေအတွက်လည်းပဲ ဒါအားတက်စရာတစ်ခုပေါ့ဗျာ နောက်ပြီးတော့ ကျွန်တော်တို့ ဖိနှိပ်ခံနေရတဲ့ပြည်သူတွေပေါ့ဗျာ မီးရှို့အသတ်ခံခဲ့ရတယ် အိမ်တွေမီးရှို့တယ် ဓားပြတိုက်တယ် မုဒိမ်းကျင့်တယ် အဲလိုခံရတဲ့ ကာယကံရှင်တွေကတော့ သူတို့ရဲ့နာကျင်မှုကို ကုစားပေးရာရောက်တာပေါ့။ "

အခုလိုတရားစွဲတဲ့အမှုကို လက်ခံရရှိကြောင်း ဂျာမဏီအာဏာပိုင်တွေထံက အကြောင်းပြန်စာကို သောကြာနေ့က ရရှိခဲ့ပြီးဖြစ်တယ်။

ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ စစ်ခေါင်းဆောင်တွေကို တရားစွဲလိုက်တာနဲ့ပတ်သက်လို့ စစ်ကောင် စီပြောခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဂျာမဏီအစိုးရရှေ့နေတွေအနေနဲ့ အမှုတွေ အများအပြားကို လက်ခံစစ်ဆေးရတဲ့ အချိန်ကာလတခုအထိနောက် ဆက်တွဲဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ဆိုင်းရဖွယ်ရှိပါတယ်လို့လည်း Fortify Rights - အမှုဆောင်အရာရှိချုပ် Matthew Smith က RFA ကိုပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */