" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 25, 2023

မြန်မာစစ်ခေါင်းဆောင် ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရား စွဲ ဖို့လျှောက်ထား

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.24

ထန်တလန်မြို့က မီးလောင်ကျွမ်းခဲ့ရတဲ့ အဆောက်အအုံတွေကို ၂၀၂၁၊ အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရစဉ်။
The Chinland Post

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အ လောင်းတွေကိုဖျက်ဆီးတာ၊ နေအိမ်ရာပေါင်းများစွာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒုက္ခရောက်နေ သူတွေအတွက် အကူအညီတွေကို လက်နက်တစ်ခုအဖြစ် အသုံးချတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက်၊ အာဏာ သိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၀ ဦးကို စစ်ရာဇ ဝတ်မှုအတွက် စုံစမ်းစစ်ဆေးပေးဖို့၊ ချင်းတိုင်းရင်းသား ငါးဦးကဖိလစ်ပိုင်နိုင်ငံမနီလာမြို့တရားရေးဌာနကိုအောက် တိုဘာလ ၂၅ ရက် ဒီနေ့မှာ တိုင်ကြားစာ ပေးပို့ပြီး လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

သူတို့က ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှု အက်ဥပဒေအရ တိုင်ကြားလိုက်တာပါ။

ဒီဥပဒေအရ ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို ဖြစ်ပွားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တိုင်ကြားမှုရှိလာရင် ဖိလစ်ပိုင်အစိုးရက ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားတဲ့အကြောင်း တိုင်ကြားမှုမှာပါဝင်တဲ့ ဖိလစ်ပိုင် ရှေ့နေ တွေက ပြောပါတယ်။

 



ဒီအမှုဟာ ဖိလစ်ပိုင်နိုင်ငံအတွက်လည်း ပထမဆုံး သမိုင်းဝင်လျှောက်ထားမှုတစ်ခု ဖြစ်တဲ့အကြောင်း တိုင်ကြားရာမှာ ပါဝင်တဲ့ ဖိလစ်ပိုင်လူ့အခွင့်အရေးရှေ့နေ ဂေးလ်ဘတ် အန်ဒရေက အောက်တိုဘာလ ၂၄ရက် က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဖိလစ်ပိုင် တရားရေးဌာနရဲ့ National Prosecution Service မှာ တိုင်ကြားလျှောက်ထားမှာ ဖြစ်ပါတယ်။ ဒီဌာနက အခြားနိုင်ငံတွေက ရှေ့နေချုပ်ရုံး အဆင့်နဲ့ ညီပါတယ်။ ပထမဆုံး ဒီအမှုကို ကနဦး စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ရာဇဝတ်မှု တိုင်ကြားလျှောက်ထားလွှာကို ဗုဒ္ဓဟူးနေ့မနက်မှာ လျှောက်ထားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ထန်တလန်မြို့မှာ ချင်းလူမျိုးတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) သဘောတရားအရ စုံစမ်းစစ်ဆေးဖို့ လျှောက်ထားလိုက်တာပါ။ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးအကြိမ်အနေနဲ့ နိုင်ငံတကာ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့် သဘောတရားကို လက်တွေ့ အသုံးပြုပြီး၊ အခြားနိုင်ငံတစ်နိုင်ငံက အမှုကို စုံစမ်းစစ်ဆေးဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် နိုင်ငံအတွက် သမိုင်းဝင် လျှောက်ထားမှုတစ်ခုလဲ ဖြစ်ပါတယ်။”

အခြား ဖိလစ်ပိုင်ရှေ့နေတစ်ဦးဖြစ်တဲ့ ရိုမဲလ် ဘာဂရာ့စ်ကလည်း အာဆီယံအနေနဲ့လည်း ဒီအမှုကို အားပေးထောက်ခံပြီး၊ ဒေသတွင်းမှာ ကောင်းမွန်တဲ့တရားစီရင်ရေးစနစ် ရှိတယ်ဆိုတာ မိတ်ဖက်နိုင်ငံတွေကို ပြသဖို့ သင့်တယ်လို့ ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ဖိလစ်ပိုင် နိုင်ငံကနေ စစ်ဆေးအရေးယူဖို့ တိုင်ကြားလျှောက်ထားတာကို အားပေးထောက်ခံတဲ့ Myanmar Accountability Project အဖွဲ့က ခရစ် ဂန်းနက်က မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်လာရင်၊ နိုင်ငံတကာက ဖိအားပေး တောင်းဆိုတဲ့နေရာမှာ၊ လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့ ပြောတဲ့ အဆင့်ကနေ၊ စစ်ခေါင်းဆောင်တွေကို တာဝန်ယူမှုနဲ့ တရားမျှတမှုရှိအောင် တွန်းအားပေးရမယ့် အချိန်ရောက်နေပြီလို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မြန်မာစစ်တပ်က ချင်းပြည်နယ်က အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို နှိမ်နှင်းခဲ့ရာမှာ၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် လူအနည်းဆုံး ၂၅၀ သတ်ဖြတ်ခံခဲ့ရပြီး၊ နေအိမ် ၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့နောက် ချင်းတိုင်းရင်းသား ခြောက်သောင်းကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတယ်လို့ Myanmar Accountability Project ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြန်မာစစ်ခေါင်းဆောင်တွေကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုဖို့ လျှောက်ထားလိုက်တာဟာ ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်တယ်လို့ ဖိလစ်ပိုင် ရှေ့နေ ဂေးလ်ဘတ် အန်ဒရေ က ပြောပါတယ်။

“ကျွန်တော်တို့ အခုလို လျှောက်ထားတာဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့်ထိခိုက်ခံစား ရသူတွေအတွက် တရားမျှတမှု ရဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေအတွက် ပြင်း ထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်သလို၊ ဖိလစ်ပိုင်နိုင်ငံအတွက်လည်း တည်ဆဲ ဥပဒေ တစ်ခုအရ နိုင်ငံတကာမှာ တာဝန်ရှိမှုတွေကို လက်တွေ့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒီဥပဒေရှိနေပေမဲ့ တစ်ခါမှ လက် တွေ့ မကျင့်သုံးခဲ့ဘူးပါဘူး။ အခုတော့ အရှေ့တောင်အာရှနဲ့ ကမ္ဘာ့ဘယ်နေရာကမဆို နိုင်ငံတကာရာဇဝတ်မှု တွေရဲ့ သားကောင် ဖြစ်ရသူတွေအတွက် တရားမျှတမှုရဖို့ လုပ်လို့ရမယ့် လမ်းကြောင်းတစ်ခု တိုးလာတာ ဖြစ်ပါ တယ်။ နောက်ပြီး မြန်မာနိုင်ငံ ပြဿနာကို အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေနဲ့ ဖြေရှင်းဖို့ ကြိုးစားတာ အ လုပ်မဖြစ်ပါဘူး။ ဒါကြောင့် အခုလို နိုင်ငံတကာလွတ်လပ်စွာတရားစီရင်ပိုင်ခွင့် သဘောတရားကို ကျင့်သုံးပြီး ဖြေရှင်းဖို့ ကြိုးစားတာလဲ ဖြစ်ပါတယ်။”

အခုလို ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူပေးဖို့ လျှောက်ထားခဲ့တဲ့ ချင်းတိုင်းရင်းသားတွေ ထဲမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့မှာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်ခံခဲ့ ရတဲ့၊ နှစ်ချင်းခရစ်ယာန်အဖွဲ့ လူကြီး ဦးပူးရယ်တူးရဲ့ သမီးဖြစ်သူ နဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ရက်မှာ၊ မြန်မာ စစ်တပ်က မီးရှို့သွားတဲ့ နေအိမ်တွေကို မီးငြှိမ်းဖို့အသွားမှာ ပစ်သတ်ခံလိုက်ရတဲ့ ဘုန်းတော်ကြီး ဆန်ဘိုင်ဟန် တို့ရဲ့ တူဖြစ်သူတို့ ပါဝင်ပါတယ်။

မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေဟာ ရပ်ရွာအကျိုးကို ဆောင်ရွက်နေတဲ့ လူကောင်းသူ ကောင်းတွေဖြစ်ပြီး၊ မတရားသတ်ဖြတ်ခံလိုက်ရတာအတွက် တရားမျှတမှု ရအောင် ကူညီပေးဖို့ ဖိလစ်ပိုင်အစိုးရ ကို တောင်းဆိုလိုတဲ့အကြောင်း Myanmar Accountability Project ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */