" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 11, 2019

OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာက မြန်မာကို ကုလသမဂ္ဂတရားရုံးတွင် တရားစွဲ

7DAY DAILY
ကျော်သူမောင်
Monday, November 11, 2019

    အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင် သော အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)ကိုယ် စားဂမ်ဘီယာနိုင်ငံက မြန်မာ အစိုးရကို ကုလသမဂ္ဂ၏အဆင့် အမြင့်ဆုံးတရားရုံးတွင် လူမျိုး တုံးသတ်ဖြတ်မှုဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုထားသည်။

မြန်မာအစိုးရက ဘင်္ဂါလီ များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သည် ဟိတ်ဂ်မြို့ရှိ နိုင်ငံတ ကာတရား မျှတရေးတရားရုံး (ICJ) တွင် ဂမ် ဘီယာက တရားစွဲဆိုထားခြင်းဖြစ် သည်။

မွတ်စလင်လူများစုရှိသော အနာက်အာဖရိကနိုင်ငံ ဂမ်ဘီ ယာက မြန်မာအစိုးရကို လူမျိုး တုံးသတ်ဖြတ်မှု ကျူး လွန်ခဲ့သည် ဆိုသော စွပ်စွဲချက်များနှင့်ပတ် သက်ပြီး ယင်းတရားရုံးကပြစ်တင် ရှုတ်ချရေးတောင်း ဆို ထားသည်ယင်းတရားစွဲဆိုမှုတွင် မြန်မာအစိုးရသည် ၎င်းတို့၏မှား ယွင်းသောလုပ်ရပ်များကို ဖုံးဖိ ရေးသက်သေ အထောက် အထား များကို တမင်ဖျက်ဆီးပစ်နေသည်ဟု ဖော်ပြထားသည်။ ယင်းတရားရုံး၏ တရားသူကြီး ၁၅ ဦးသည် လူမျိုးတုံးသတ်ဖြတ်မှု တရားစွဲဆိုမှုများအပေါ် ဖြေရှင်းရခြင်းမှာ ကြုံခဲသောကိစ္စ ဖြစ်သည်။ သည်ဟိတ်ဂ်မြို့အခြေ စိုက် ICJ ကို ကုလသမဂ္ဂက နိုင်ငံများကြား အငြင်းပွားမှုများ ဆုံးဖြတ်ပေးရန် တည် ထောင် ထားခြင်းဖြစ်သည်။

မြန်မာ၏ အနောက်မြောက် ပိုင်းတွင် ဘင်္ဂါလီများအပေါ်အ ကြမ်းဖက်မှုဆက်လက်ဖြစ်ပွား နေကြောင်း ကုလ သမဂ္ဂသတိပေး ပြီး သီတင်းပတ်များအကြာတွင် ယခုတရားစွဲဆိုမှုထွက်ပေါ်လာ ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထူ: ကိုယ်စားလှယ်က မြန်မာနိုင်ငံအ ကြီးတန်းအရာရှိများကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲ အပ်ရေး ကုလသမဂ္ဂလုံခြုံ ရေးကောင်စီကို တိုက်တွန်းခဲ့ သည်။

ဝမ်ဘီယာက ICJ အနေဖြင့် မြန်မာအစိုးရသည် လူမျိုးတုံး သတ်ဖြတ်မှုအပေါ် တားမြစ်သော ဂျီနီဗာသဘော တူညီမှုကို ချိုး ဖောက်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးရေး တောင်းဆိုထားသည်။

        ယင်းတရားစွဲဆိုမှုသည် ၂၀၁၈ သြဂုတ်က ထုတ်ပြန်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အ ဖွဲ့၏ စွဲချက်များအပေါ် အခြေခံကြောင်း ဥပဒေလုပ်ငန်း Foley Hoag ၏ ထုတ်ပြန်ချက်တစ်ရပ် အရသိရသည်။

ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ဦးဆောင်ရှေ့နေ ပေါလ်ရိန်ချလာ က ICJ အနေဖြင့် မြန်မာအစိုးရ ၏ လုပ်ရပ်များ ရပ် ဆိုင်းရေး ညွှန် ကြားချက်ထုတ်ပြန်မည်ဟု မျှော်လင့်ကြောင်း ကြေညာသည်။

ထိုအတောအတွင်း ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ၎င်းတို့နိုင်ငံတွင် လက်ခံထားသော ဘင်္ဂါလီ ၁ ဒသမ ၁ သန်းသည် ဘင်္ဂလားဒေ့ရှ်နှင့် ဒေသတွင်းလုံ ခြုံရေးအပေါ် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်ဟု နိုဝင် ဘာ ၁၁ ရက်က ပြုလုပ်သော သုံးရက်ကြာ ဒါကာကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲဖွင့်ပွဲ၌ ပြောကြားသည်။ နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် ယင်းခြိမ်းခြောက်မှုကြောင့် သင့်တော်သော အရေးယူဆောင်ရွက်မှု ပြုလုပ် ပေးရန် ၎င်းက တိုက်တွန်းသည်။-Ref: New York Times

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */