Sunday, June 30, 2019

တပ်မတော်စစ်ကြောင်းဝင်လာ၍ မင်းပြားမြို့နယ် မင်းဖူးကျေးရွာသားများ စိုးရိမ်နေ

DVB
By ဒီဗွီဘီ
30 June 2019

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မင်းဖူးကျေးရွာကို ဒီကနေ့ မနက် ပိုင်း ၁၀ နာရီဝန်းကျင် လောက်က တပ်မေ တာ်စစ်ကြောင်းတခုဝင်လာတာကြောင့် ကျေးရွာသားတွေက စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ကျေးရွာသား တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီဗွီဘီကိုပြောပါတယ်။

အဲ့ဒီကျေးရွာအနီးအနား ရွှေကျင်ကျေးရွာကြားနဲ့ သာစည်ကြားမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်တော် အေအေ တို့ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားနေတဲ့နေရာ အနီးကျေးရွာဖြစ်တဲ့ မင်းဖူးကျေး ရွာ ကို တပ် မတော်စစ်ကြောင်းက ဝင်လာတာကြောင့် ကျေးရွာသား တွေ ကြောက်လန့်ပြီး အခြားကျေးရွာ တွေကို ထွက်ပြေးနေကြတယ်လို့ ကျေးရွာသားတွေက အမည်မဖော်သူ ကျေးရွာသားတဦးက ပြောပါတယ်။

“ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် လောက်ရှိမယ်။ စစ်သားတွေဝင်လာတာ။ အကုန် ၁၀၀ ကျော်လောက် ရှိတယ်။ ရွာရဲလမ်းမှာ လှည့်လည်ကြည့်နေတာတွေရှိတယ်။ တချို့လည်းရွာထိပ်မှာ နေရာယူထားကြတယ်။ ရွာကလူ တွေကတော့ တယောက်မှာလမ်းတွေကို မထွက်ရဲဘူး။ အကုန်ကြောက်လန့်နေကြတယ်။ ဘယ်လိုဖြစ်လာမလဲဆိုပြီး စိုးရိမ်နေကြတယ်” လို့ပြောပါတယ်။

ဒါ့အပြင် ရွှေကျင်ကျေးရွာ-သာစည်ကြားမှာကြားမှာ ဒီကနေ့ မနက်ပိုင်းတိုက်ပွဲ ဖြစ်နေတာ ကြောင့် အဲ့ဒီအနီးအနား ကဒေသခံ ကျေးရွာသားတွေကတော့ ကြောက်လန့်ပြီး တခြားရွာတွေကို ထွက်ပြေးနေကြရတယ်လို့ မင်းပြားမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။

“ဒီကနေ့ မနက်ပိုင်းက ဒီလိုစစ်ကြောင်းတွေ ရွာထဲကို ဝင်လာတော့အဲ့ဒီကျေးရွာအနားက ဝါးတောင်ကျေး ရွာတွေကို ထွက်ပြေးကြတယ်။ ဒီမနက်ကလည်းပဲ ရွှေကျင်ကျေးရွာ-သာစည် ကြားမှာ နှစ်ဖက်တိုက်ပွဲ ဖြစ် နေကြတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တာ မပြောလိုပေမယ့် ဒေသခံတွေရဲ့ ကျေးရွာတွေကို ဝင်ပြီးတော့ အခုလိုအ စု လိုက်အပြုံလိုက် ထိုင်ပြီး ကာဗာယူတဲ့အနေထားတော့ ဒီလိုမလုပ်သင့်ဘူးလို့ ကျနော်မြင်တယ်။”

တပ်မတော်စစ်ကြောင်း ကျေးရွာထဲမှာနေရာယူတာ၊ ကျေးရွာထဲဝင်လာလို့ ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေ တာ နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီဗွီဘီက မေးမြန်းရာမှာတော့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“တပ်မတော်စစ်ကြောင်းက ရွာထဲကို ဝင်လာတာနဲ့ ဒေသခံ ကျေးရွာသားတွေဘာဖြစ်လို့ ကြောက်နေကြ တာလဲ၊ အေအေသောင်းကျန်းသူဝင်လာတာကျတော့ ဘာလို့ မကြောက်ကြ တာလဲ။ ကျနော် အဲ့ဒါတော့ သိချင်တယ်ဗျ။ ကျနော်တို့ တပ်မတော်စစ်ကြောင်း တွေရွာထဲကို ဝင်ပြီးတော့ ခိုးဆိုးလုယက်ပြီးတော့မှ ဒေ သခံပြည်သူတွကိုကြောက် နေအောင်လုပ်နေတာမှ မဟုတ်တာ။ ကျနော်တို့အဖွဲ့ အစည်းတွေ ဓားပြမှမ ဟုတ်တာ၊ ကျနော်တို့ ဒေသခံ ပြည်သူလူထုကို အကုန်လုံး လုံခြုံစိတ်အောင် လုပ်ပေးနေတာ၊ ဒေသဖွံြ့ဖိုးမှု ဖြစ်အောင်လုပ်ပေးနေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းက အဲ့ကျေးရွာအနားတွေမှာ တပ်မတော်နဲ့ အေအေတို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်  ပွားခဲ့တာမှန်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ယခင်က ကျောက်တန်းကျေးရွာသားတွေကို တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့တဲ့ဖြစ်စဉ်တွေမှာ ပစ်ခတ် မှုတွေဖြစ်ပြီး ကျေးရွာသားတွေ သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်စစ်ကြောင်း တွေ ရွာထဲဝင်တာကို ဒေသခံတွေ စိုးရိမ်နေကြတာလို့ သိရပါတယ်။

မင်းဖူးကျေးရွာသားတဦးက “ကျနော်တို့ကတော့ အရင်တုန်းကလို ကျောက်တန်းလိုဖြစ်မှာကို အရမ်းစိုးရိမ် တယ်။ လက္ကာလို၊ စပါးထားလို ဖြစ်မှာကိုလည်း စိုးရိမ်နေကြတယ်။ ဒီရွာတွေကဖြစ်သွားတဲ့ သင်္ခန်းစာတွေ အများကြီးရှိတယ်။ စစ်တပ်ကရွာက ထွက်သွားမှာကို မြန်မြန်ဆုတောင်းနေရတယ်။” လို့ ပြောပါတယ်။

ဝဏ္ဏခွာညို


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */