" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 12, 2023

ဂါဇာရှိ ဆေးရုံ၌ ပိတ်မိ ကလေးများကို ကယ်ဆယ်မည်ဟု အစ္စရေး စစ်တပ် ပြော

DVB
November 12, 2023


အစ္စရေးစစ်တပ်ဟာ ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ကယ်ဆယ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၂ ရက်မှာ ကူညီဆောင်ရွက်သွားမယ် လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီ က နိုဝင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆေးရုံဝန်ထမ်းတွေဟာ ကလေးငယ်တွေကို ပိုပြီးဘေးကင်းတဲ့ဆေးရုံကို လွှဲပြောင်းပေးဖို့ အကူအညီ တောင်းခံ ထားကြောင်း ဟာဂါရီ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

“ဆေးရုံရဲ့အရှေ့ဘက်ခြမ်းက အလ်ဝါဒီလမ်းကို ဖွင့်ပေးထားပြီး ဆေးရုံကနေ ထွက်ခွာချင်ကြတဲ့ ဂါဇာပြည်သူ တွေ ဘေးကင်းကင်း ဖြတ်သန်းနိုင်ရေးအတွက် ဆေးရုံဝန်ထမ်းတွေနဲ့လည်း တိုက်ရိုက် ပုံမှန် စကားပြောနေ ပါ တယ်” လို့လည်း ဟာဂါရီက ဆိုပါတယ်။

ရှီဖှာဆေးရုံက ဝန်ထမ်းတွေက မနက်ဖြန်မှာ ကူညီပေးဖို့ တောင်းဆိုထားပြီး ကလေးအထူးကုဌာန က ကလေး တွေကို ဘေးကင်းလုံခြုံတဲ့ ဆေးရုံ ရောက်အောင် လိုအပ်တာတွေကို ကူညီဆောင်ရွက် ပေးမယ် လို့လည်း ပြော ပါတယ်။

ဂါဇာမြောက်ပိုင်းရှိ ဆေးရုံတွေမှာ ခိုလှုံနေကြတဲ့ ဆရာဝန်တွေ၊ လူနာတွေနဲ့ ထောင်နဲ့ချီတဲ့ ခိုလှုံသူတွေဟာ ဘေး လွတ်ရာကို ထွက်ခွာရမယ် လို့ အစ္စရေးက ပြောကြားခဲ့ပြီး ဒါမှသာ ဆေးရုံတွေ အောက်ဖက်နဲ့ အနီးတဝိုက်မှာ ကွပ်ကဲရေးဌာနတွေ ချထားတဲ့ ဟားမတ်စ် သေနတ်သမားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ် လို့လည်း ဆိုပါ တယ်။

ဟားမတ်စ်တွေကတော့ ဆေးရုံတွေကို ဒီနည်းလမ်းတွေနဲ့ အသုံးပြုထားတယ် ဆိုတာကို ငြင်းဆန်ထားပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကတော့ လူနာတွေကို ရွှေ့ပြောင်းရရင် သေဆုံးနိုင်ကြောင်းနဲ့ ပါလက်စတိုင်း အ ရာရှိ တွေကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုဟာ တခြားသူတွေ ထွက်ခွာနိုင်ဖို့အတွက် အန္တရာယ် ရှိနေတယ် လို့ ပြောကြပါတယ်။

စနေနေ့က ဂါဇာကမ်းမြောင်ရှိ အကြီးဆုံးဆေးရုံတဝိုက်မှာ အစ္စရေးရဲ့ပစ်ခတ်မှုကြောင့် ကလေးငယ် တဦး သေ ဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ နောက်ထပ်လူနာတွေလည်း အန္တရာယ်ရှိနေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အစ္စရေးကတော့ အဲဒါဟာ တခြားဆေးရုံကို ရွှေ့ပြောင်းခြင်းမပြုဖို့ တားဆီးခဲ့တဲ့ ဟားမတ်စ် စစ်သွေးကြွ တဦးကို သတ်ခဲ့တာလို့ ဆိုပါတယ်။

Source/Photo-Reuters

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */