" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, November 17, 2023

ဂါဇာကို တစ်ရက် ဆီကား နှစ်စီး ဝင်ခွင့်ပြု

BBC
17 November 2023

ကုလသမဂ္ဂယာဉ်တွေ သုံးဖို့ ဓာတ်ဆီနည်းနည်းပဲ အစ္စရေးက ခွင့်ပြု

ဂါဇာကို တရက်ကို ဆီကား နှစ်စီး ဝင်ခွင့်ပြုတယ်လို့ အစ္စရေးက လာတဲ့ သတင်းတွေအရ သိရပါတယ်။

လောင်စာဆီ မရှိတဲ့အတွက် ကူညီရေးအဖွဲ့တွေ ဂါဇာကို အကူအညီတွေ မပို့နိုင်ဘဲ ဆိုင်းငံ့ခဲ့ရပါတယ်။

ဂါဇာက ကုလသမဂ္ဂအဖွဲ့တွေ အတွက် လိုတဲ့ ဆီကို ခွင့်ပြုတာဆိုပြီး အမည်မဖော်လိုတဲ့ အစ္စရေးအရာ ရှိ တယောက်က ပြောပါတယ်။

ဒါ အမေရိကန် အစိုးရရဲ့ တောင်းဆိုမှုကြောင့် ဆုံးဖြတ်တာလို့လည်း ပြောပါတယ်။

ဂါဇာမှာ နေ့စဉ်လိုအပ်တဲ့ အစားအသောက်ရဲ့ ဆယ်ရာခိုင်နှုန်းပဲ ရတော့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စား နပ်ရိက္ခာ အစီအစဉ် ပြောခွင့်ရ အမျိုးသမီး အဘီရာ အီတီဖာက ဆိုပါတယ်။

ဒီအပတ်ထဲ ဂါဇာကို ဝင်မယ့် ကုလသမဂ္ဂယာဉ်တွေ သုံးဖို့ ဓာတ်ဆီနည်းနည်းပဲ အစ္စရေးက ခွင့်ပြုထား ပြီး အခု ကုန်သွားပြီ ဖြစ်ပါတယ်။ 

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */