" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 14, 2023

၅ ရက်ကြာ အပစ်အခတ်ရပ်စဲမှုအတွက် ဂါဇာဒေသရှိ ဓားစာခံ ၅၀ ဦး လွှတ်ပေးရန် အသင့်ရှိဟု ဟားမက်စ်ပြော

ဆင်ဟွာသတင်း
ဂါဇာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) 

ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်ဖွဲ့က ၎င်းတို့အနေဖြင့် ဂါဇာတွင်ထိန်းသိမ်း ထားသော ဓားစာခံ အမျိုးသမီးနှင့် ကလေး ၅၀ ဦးကို ငါးရက်ကြာ အပစ်အခတ်ရပ်စဲမှုနှင့် လဲလှယ်ရန် အသင့်ရှိသည်ဟု ကြားဝင်စေ့စပ်ပေးသူများကို အသိပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က ပြောခဲ့သည်။

“အစ္စရေး ဓားစာခံတွေကို ပါလက်စတိုင်း ကလေးငယ် ၂၀၀ ဦး၊ အမျိုးသမီး ၇၅ ဦးတို့နဲ့ လဲလှယ်လွှတ် ပေးရေးအတွက် ကာတာ ကြားဝင်စေ့စပ်ပေးသူတွေက ကြိုးပမ်းအားထုတ်မှုတွေ ဆောင်ရွက်နေပါ တယ်” ဟု Al-Qassam တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abu Ubaida က တယ်လီဂရမ်ချန်နယ်တွင် ဖော် ပြထားသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲမှုက စစ်မက်တိုက်ခိုက်မှုများကို ရပ်နားထားခြင်းနှင့် ဂါဇာရှိ ပြည်သူများအ တွက် အကူအညီ ဝင်ရောက်ခြင်းအတွက် အခိုင်အမာဆောင်ရွက်သင့်ကြောင်း ၎င်းက အလေး ထား ပြောခဲ့သည်။

အစ္စရေး၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင် တိုက်ခိုက်မှုများက ဂါဇာဒေသရှိ ဟားမက်စ်နှင့်အခြားပါလက်စ တိုင်း လက်နက်ကိုင်အဖွဲ့များမှ ထိန်းသိမ်းထားသူများ၏ အသက်များကို ခြိမ်းခြောက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

အစ္စရေးစစ်ဆင်ရေးများသည် အောက်တိုဘာ ၇ ရက်က ဟားမက်စ်ဦးဆောင်သော တိုက်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အစ္စရေးတွင် လူဦးရေ ၁,၂၀၀ ခန့် သေဆုံးခဲ့ ကြောင်းနှင့် ဓားစာခံ ၂၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးဘက်မှ အချက်အလက် များ အရ သိရသည်။ (Xinhua)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */