Thursday, November 23, 2023

ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ်

BBC
November 23'2023

ဂါဇာဒေသမှာ ၄ ရက်ကြာ အပစ်အခတ် ဆိုင်းငံ့ထားရေး သဘောတူချက် သောကြာနေ့မှာ စတင် အ သက်ဝင်မယ်လို့ ကာတာအစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို အမြန်ဆုံး စတင် ပို့ဆောင်သွားမယ်လို့ ဒိုဟာမှာရှိတဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ဟားမတ်စ်လက်နက်ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံ ၁၃ ဦးကို သောကြာနေ့ နှောင်းပိုင်း မှာ လွှတ်ပေးဖို့ ရှိပြီး ပါလက်စတိုင်း အတော်များများကို အစ္စရေးအကျဉ်းစခန်းတွေကနေ လွှတ်ပေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေရာမှာ အဲဒီ မှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံက လူနာတွေအတွက် အန္တရာယ်တွေ တိုးလာနေတဲ့အတွက် လူနာတွေကို ကယ်ထုတ်ပေးဖို့ ဆေးရုံအုပ်ကြီးက ပန်ကြားလိုက်ပါတယ်။

အဲဒီဆေးရုံအပြင်ဘက်မှာ တင့်ကားတွေနဲ့ ပစ်ခတ်မှုအပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။ ဆေးရုံထဲက လူနာ ၂၀၀ လောက်ကို ဘေးကင်းရာ  ကယ်ထုတ်နိုင်ဖို့အတွက် ဘတ်စ် ကားတွေ အမြန်ဆုံး လွှတ်ပေးဖို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနကို ဆေးရုံအုပ်ကြီး ဒေါက် တာ မာဝန် ဆူလ်တန်က ပန်ကြားထားပါတယ်။ လူနာအများအပြားဟာ မီးလောင်ဒဏ်ရာ ရထားတဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */