" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 9, 2023

ဂါဇာကို နျူးကလီးယားနှင့်တိုက်ရန် အစ္စရေးဝန်ကြီး ပြောဆို ခဲ့မှု အမေရိကန် ရှုတ်ချ

DVB
November 8, 2023

ဂါဇာကို နျူးကလီးယားနဲ့တိုက်ခိုက်ဖို့ အစ္စရေးရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ အစ္စရေးအစိုးရအဖွဲ့ စစ်ရေးဝန်ကြီးရဲ့ မှတ်ချက်ကို အမေရိကန်က နိုဝင်ဘာ ၆ ရက်မှာ ရှုတ်ချလိုက် ပါတယ်။

နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူဗေးဒန့်ပတေးလ်က“အမုန်းပွားစရာစကားအပြော အဆိုတွေကို ရှောင်ကြဉ်ဖို့ ဒီပဋိပက္ခရဲ့ ဘက်အားလုံးအတွက် အရေးကြီးတယ်လို့ ကျနော်တို့ ဆက်ပြီး ယုံကြည်နေပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မှတ်ချက်ပေးခဲ့သူ အစိုးရအဖွဲ့ဝင်ကိုမေးခွန်းထုတ်ရင်း တနင်္ဂနွေနေ့မှာ အရေးယူခဲ့ပါတယ်။

“ဒီလိုမှတ်ချက်တွေကို အစ္စရေးဝန်ကြီးချုပ်နဲ့ အစိုးရက ငြင်းပယ်ခဲ့တာ ခင်ဗျားတို့မြင်မယ်လို့ ကျနော် သေချာပါတယ်။ ဒါဟာ လုံးဝ လက်မခံနိုင်စရာကိစ္စပါ။ တင်းမာမှုတွေကိုထပ်လှုံ့ဆော်မယ့်အမုန်းတရား ပါတဲ့ ရန်လိုမှုတွေကို ရှောင်ကြဉ်ထိန်းသိမ်းဖို့ ပဋိပက္ခရဲ့ ဘက်အားလုံးအတွက် အရေးကြီးတယ်လို့ ကျ နော်တို့ ဆက်ယုံကြည်ပါတယ်” လို့ ပတေးလ်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ပတေးလ်က “အခု အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တို့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေနဲ့ အနာဂတ်မှာ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်မယ့် ဘေးကနေ တားနိုင် မှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဟားမတ်စ်တွေကို ပြန်စုဖွဲ့ဖို့ အချိန်အလုံအလောက် ပေးပါလိမ့် မယ်။ အဲဒါကို ကျနော်တို့ ခွင့်မပြုနိုင်ဘူး။ ဒီလိုအခြေအနေမျိုးကို ဘယ်နိုင်ငံမှ ခံနိုင်ရည်ရှိမှာ မဟုတ် ဘူး” လို့လည်း ပြောခဲ့ပါတယ်။

Source/Photo-Reuters
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */