VOA
ဗွီအိုအေ (မြန်မာဌာန)မဆုမွန် ၊
03 မတ်၊ 2019
![]() | ||||||||||||||||||
အုပ်ချုပ်ရေးမှူးများ အဖမ်းခံရတဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့များ။ |
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲ အုပ်ချုပ်ရေးမှူးတချို့ကို အာဏာပိုင်တွေက ဖမ်းဆီးနေတာကြောင့် အုပ်ချုပ်ရေးမှူး ၉၀နီးပါး တပြိုင်နက်တည်း နုတ်ထွက်ရတဲ့အဖြစ်ဟာ အစိုးရ အုပ်ချုပ်ရေး ယန္တရား ပျက်ယွင်း ရပ်ဆိုင်းသွားနိုင်တဲ့ စိုးရိမ်စရာ အနေအထားဖြစ်ပြီး အခြေအနေဟာ ပိုဆိုးရွားသွားစေနိုင်တယ်လို့ ရခိုင် လွှတ် တော်ကိုယ်စားလှယ်တဦးက သတိပေးပြောဆိုလိုက်ပါတယ်။ ဒေသတွင်း ဥပဒေစိုးမိုးမှုမဲ့နေပြီး ရပ် ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အတွက်တောင် ဘေးကင်းလုံခြုံမှုမပေးနိုင်တဲ့အခြေ အနေဖြစ်နေ တာ ကြောင့် ဒေသခံပြည်သူတွေ အတော်လေးစိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ဒေသခံတွေကပြောပါ တယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA တို့အကြား ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေပြင်း ထန် နေချိန် ထောင်ချီတဲ့ဒေသခံပြည်သူ တွေ ဘေးကင်းရာ အသက်လုပြေး နေကြရချိန်မှာပဲ ကျေးရွာအုပ်ချုပ် ရေးမှူး တချို့အပါအဝင် ရခိုင်ဒေသခံ ကျေးရွာသားတချို့ကိုပါ ရခိုင်တပ်မတော် AA နဲ့ ဆက်သွယ်မှုရှိတယ် သတင်းပေါက်ကြား မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အုပ်ချုပ်ရေးမှူး အစည်းအဝေး ထဲ အထိ ဝင် ရောက် ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့အနေအထားဖြစ်တဲ့အတွက် မတ်လ ၁ရက်နေ့သောကြာနေ့ကပဲ မြောက်ဦးမြို့နယ်က အုပ်ချုပ်ရေးမှူး ၉၀နီးပါး ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။
အခုလို အုပ်ချုပ်ရေးမှူးတွေ တပြိုင်နက်တည်း အစုလိုက်အပြုံလိုက် နုတ်ထွက်မှှုဟာ ဒေသတွင်း အုပ်ချုပ် ရေး ယန္တရားအတွက် အလွန့်ကိုစိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်တယ်လို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပါတယ်။
"ဒီအုပ်ချုပ်ရေးမှူးတွေက ဒီလို ဆက်တိုက်ဆက်တိုက်ဖြစ်နေမယ်ဆိုရင် အဓိကတော့ အစိုးရ အုပ်ချုပ်ရေး ယန္တ ရား ရပ်ဆိုင်းသွားမယ်။ အဲဒီအပေါ်မှာ ဒေသခံတွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အစိုးရမှာ အလုပ်လုပ် ဖို့လူ မရှိဘူးဆိုရင် ပိုပြီးတော့ အခြေအနေက အစိုးရအတွက် ပိုဆိုးရွားသွားနိုင်တယ်။ ဒီအပေါ်မှာတော့ တ ဖက်က AA နဲ့ ဆက်တယ်ဆိုပြီးတော့ အရေးယူမှုတွေအပေါ်မှာတော့ အစိုးရအနေနဲ့ မလုပ်စေချင်ဘူး အဲ လိုလုပ်တယ်ဆိုရင်တော့ အဲဒီပြဿနာဟာ ဒီထက်မက ကျယ်ပြန့်လာပြီးတော့ အစိုးရ အုပ်ချုပ်ရေး ယန္တ ရားတခုလုံး အဲဒီဒေသမှာ ပျက်သုဉ်းသွားနိုင်တယ်လို့ ကျနော်တို့ဘက်က မြင်ပါတယ်။ အဲဒီတော့ ဒီလူတွေ က ၂ ဖက်ကြားညှပ်တာပေါ့နော် ။

AA ကလာရင်လည်း သူတို့ လိုအပ်တာတွေ ကူညီရတာတွေရှိတယ်။ တပ်မတော်ကလာရင်လည်း သတင်းပေးတာကအစ သူတို့မှာ အလိုလို တာဝန်ရှိနေတယ်။ အဲဒီအပေါ်မှာ တဖက်ဖက်ကို သတင်းပို့မိရင် ၊ အကူအညီပေးမိရင် တဖက်ဖက်က ကြေနပ်တာမဟုတ်ဘူး။ဒါကြောင့် တ ချို့အုပ်ချုပ်ရေးမှူးတွေကို AA က သတ်တာတွေရှိတယ်။ ဒီလိုပဲတချို့အုပ်ချုပ်ရေးမှူးတွေကို AA နဲ့ ဆက် သွယ်တယ်ဆိုပြီးတော့ ၁၇/၁ နဲ့ အရေးယူတာတွေရှိတယ်။ အဲလိုပဲ ကြားညှပ်နေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ လ စာလေး ၂ ပဲ ၁ပြားလေးနဲ့ သူတို့မှာ အန္တရာယ် တော်တော်ကြီးပါတယ်။ နောက်လည်းပဲ စစ်ပွဲတွေ ပြင်းထန် လာမယ်ဆိုရင် ဒီကိစ္စက သူတို့အနေနဲ့ အခက်အခဲ ပိုပြီးတော့ ကြုံနိုင်ပါတယ်။ အခုတောင်မှ အုပ်ချုပ်ရေးမှူး ၄ ယောက်ကို မြို့နယ် ထွေအုပ်အစည်းအဝေးမှာပဲ ပေါ်တင်ကြီးဖမ်းတာ သူတို့အနေနဲ့ အဲဒီအပေါ်မှာ ကြေ နပ်နိုင်မှု မရှိဘူး လက်ခံနိုင်စွမ်းမရှိဘူး ။ နောင်သူတို့ အန္တရာယ်အတွက် အဲလို နှတ်ထွက်တယ်လို့ ကျနော် မြင်တယ်။"
ဒေသတွင်းမှာ စစ်မက်ဖြစ်ပွားနေတာကြောင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အတွက် အခုလို အာဏာပိုင် အုပ် ချုပ်ရေးမှူးအဆင့် အတွက်တောင် ဘေးကင်းလုံခြုံမှုမဲ့နေတဲ့ အနေအထားမှာ သာမာန်ဒေသခံပြည်သူတွေ လုံခြုံ ရေးအလားအလာ မကောင်းဘူးလို့လည်း ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီ ဝင် ဦးတင်ငွေက ပြောပါတယ်။
"ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတဲ့နေရာမှာ တချို့တချို့လည်း လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တာတွေ ရှိ ကောင်းရှိမှာပေါ့ ။ ဒါပေမယ့် အားလုံးဆိုတဲ့ အုပ်ချုပ်ရေးမှူးအပိုင်းတော့ ဖြစ်နိုင်မယ်လို့ မထင်ဘူးလေ။ သေချာတဲ့ အနေ အထားမျိုးမှပဲ ကျနော်တို့ စိစစ်သင့်ပါတယ်။ အထူးသဖြင့်တော့ သံသယနဲ့ ဒီအပေါ်မှာ သွား မယ်ဆိုရင်တော့ လက်ရှိရခိုင်ပြည်နယ်အနေအထားအပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိ သွားနိုင် တယ်။ ဒီအုပ်ချုပ်ရေးမှူးတွေကိုလည်း ပြန်လည်ခေါ်ယူပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရက ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက ညှိနှိုင်းဆောင် ရွက်မှုတွေ လုပ်ပေးပြီးတော့ ယုံကြည်မှု ပြန်လည် တည်ဆောက် မယ် ဆိုရင်တော့ ရခိုင်ပြည်နယ်အတွက် ပိုပြီးအကျိုးရှိမယ်လို့ ထင်ပါတယ်ခင်ဗျ။"
အကျပ်အတည်းစိန်ခေါ်မှုပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်တွက် ဒေသဖွံ့ဖြိုးရေး တည် ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုကို အမြန်ဆုံး တည်ဆောက်ကြဖို့ အရေးကြီးနေပြီလို့လည်း ကမန်အမျိုးသားဦးတင်ငွေက အကြံပြုပါတယ်။
"ရခိုင်ပြည်နယ်က အကျပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်။ ဒီအနေအထားမှာ တော့ ကျနော်တို့က ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးဖို့အတွက် လက်ရှိအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ကျနော်တို့က တော့ လုပ်စေချင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို သွားပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ ဒေသခံတွေနဲ့ အစိုးရနဲ့ ကြားမှာ ယုံကြည်မှုတွေလည်း တည်ဆောက်လို့ရမယ် အကြိုးရှိမယ်လို့ ထင်ပါတယ်။ "
လူမျိုးရေး ဘာသာရေးဆန်တဲ့ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းမှာ စစ်တပ်နဲ့ နယ် ခြေခံလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် မူဆလင်သိန်းချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက် တိမ်းရှောင်နေရဆဲအခြေအနေမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်း ထန်လာနေတာကြောင့် ဲမြို ခမီစတဲ့ ရခိုင်မျိုးနွယ်စုတွေပါ ဘင်္ဂလားဘက် တိမ်းရှောင်နေကြ ရတဲ့ အနေအ ထားဖြစ်လို့ အိမ်နီးချင်း ဘင်္ဂလားကို ဒုက္ခသည်တွေကို ထပ်ခိုလှုံခွင့်ပေးဖို့ ကုလသမဂ္ဂကလည်း မေတ္တာရပ်ခံထားပါတယ်။
Link : Here

No comments:
Post a Comment