လွတ်လပ်တဲ့ အာရှအသံ
2019-08-09
2019-08-09

တပ်မတော်က သတင်းထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ မြေပုံကို တွေ့ရစဉ် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်မှာ WY စာတန်း ပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ကျပ် ၅ ဘီလီယံခန့်) အပါအဝင် လက်နက်ခဲ ယမ်း တွေ ဖမ်း ဆည်းရမိခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ် ပြန် ပါတယ်။
မနေ့က သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းအရ ဝင်ရောက်စစ် ဆေး တာဖြစ်ပြီး ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာမှာသုံးတဲ့ ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘော စေ့တွေရောထားတဲ့ ယမ်းထုတ် တစ်ပိဿာခန့် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်း ဆည်းရမိခဲ့ကာ တရားခံနဲ့ မိသားစုဝင် ၅ ဦးတို့ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဖော်ပြထား ပါ တယ်။
အဲဒီရွာဟာ AA အဖွဲ့ဝင်တွေ မကြာခဏ ခိုလှုံနေတယ်လို့ သတင်းရရှိထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လည်း AA ရဲ့ မြေပေါ်အမာခံတစ်ဦးဖြစ်ကြောင်း၊ တပ်မတော် စစ်ကြောင်းတွေကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက် ခိုက်နေသူ တစ်ဦးဖြစ်ကြောင်း စွပ်စွဲထားပါတယ်။
AA အဖွဲ့အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးတွေကို အခုလို အသုံးချနေကြပြီး တပ်မတော် သတင်းမှန်ပြန်ကြား ရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
သိမ်းဆည်းရမိထားတဲ့ မူးယစ်ဆေးဝါးတွေကလည်း AA အဖွဲ့ရဲ့ လက်နက်/ခဲယမ်းနဲ့ ရိက္ခာတွေ ၀ယ်ယူဖို့ ငွေကြေး ရှာဖွေဖို့အတွက် AA အဖွဲ့က ပေးပို့ထားတာဖြစ်ပြီး နောက်ထပ်သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲ ယမ်းတွေကလည်း AA အဖွဲ့အတွက် လိုအပ်ချိန်မှာ ထုတ်ယူသုံးစွဲနိုင်ဖို့ ထိန်းသိမ်းထားရှိတဲ့ ပစ္စည်းတွေဖြစ် တယ်လို့လည်း ဖော်ပြထား ပါတယ်။
ဒီသတင်းအတွက် အတည်ပြုနိုင်ဖို့ AA ပြောခွင့်ရသူ ခိုင်သုခကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေ မယ့် လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)
လင့်၊https://www.rfa.org/burmese/news/rathedaung-administrator-08092019074852.html
No comments:
Post a Comment