" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, October 4, 2023

မောင်တောမြို့နယ်မှ အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ကောင်စီ က အဖမ်းပြပြီး ပြန်လွတ်ပေး

Western News
အောက်တိုဘာ ၃ .၂၀၂၃

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်‌နေ့က စစ်ကောင်စီ နယ်ခြားစောင့်စခန်းမှ မတရားဖမ်းဆီးသွားသည့် မောင် တောမြို့နယ် ကြက်ရိုးပြင် အုပ်ချုပ်ရေးမှူးမှာ ပြန်လွတ်မြောက်လာပြီဖြစ်သည်ဟု ကြက်ရိုးပြင်ဒေသခံများက ပြောသည်။

ကြက်ရိုးပြင် အုပ်ချုပ်ရေးမှူး ဦးအာနုရ်ဝါမှာ အောက်တိုဘာ ၁ ရက်နေ့တွင် ငန်းချောင်းနယ်ခြားစောင့် ရဲစခန်း မှ ခေါ်ယူခြင်းကို ခံခဲ့ရပြီးနောက် ၁ ရက်အကြာ စစ်ဆေးခံခဲ့ရကာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ပြန် လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဦးအာနုရ်ဝါနှင့် နီးစပ်သူတစ်ဦးကပြောသည်။ "ဖမ်းသွားတာရယ်လို့ တော့မဟုတ်ဘူး။ စစ်ဆေးဖို့ခေါ်တာလို့သူကပြောတယ်။ အဲ့မှာ စစ်ဆေးပြီး မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင် လောက်မှာ ပြန်လွတ်လာတာ အခုအိမ်မှာပဲ" ဟုပြောသည်။

 

အသက် ၄၀ ကျော်အရွယ်ရှိ ကြက်ရိုးပြင် အုပ်ချုပ်ရေးမှူး ဦးအာနုရ်ဝါမှာ ARSA နှင့်ဆက်စပ်ပြီးစစ်ဆေးခံခဲ့ရခြင်း ဖြစ်ကာ ကျေးရွာအတွင်း ARSA နှင့်ဆက်စပ်သူများရှိ မရှိစစ်ဆေးမေးမြန်းခံရခြင်းဖြစ် သည်ဟု ကြက်ရိုးပြင်ကျေး ရွာသားတစ်ဦးကဆိုသည်။

"သူပြန်ပြောပြတာတော့ ARSA နဲ့ဆက်စပ်ပြီး စစ်ဆေးခံရတာလို့ပြောတယ်။ သတင်းပေးဘယ်သူရှိလဲဆိုတာ တွေပေါ့။ ရွာမှာကအဲ့လိုမျိုးတွေမရှိကြပါဘူး။ အခုအုပ်ချုပ်ရေးမှူးကို ခေါ်စစ်လာတော့ စိုးရိမ်ကြတာတွေတော့ ရှိနေတယ်" ဟုပြောသည်။

စစ်ကောင်စီတပ်မှ အကြမ်းဖက် ARSA လက်နက်ကိုင်အဖွဲ့ကို စစ်ကောင်စီက ကျောထောက်နောက်ခံပြုပြီးလက် နက်များ၊ စစ်ပညာများ သင်ကြားပေးနေကြောင်း ဒေသအတွင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြော ဆို ထားကြသည်။

အမည်မဖော်လိုသည့် ကြက်ရိုးပြင်ကျေးရွာသားတစ်ဦးက "စစ်တပ်က ဒေသခံမွတ်ဆလင်တွေကို ဖမ်းသယောင် လုပ်တယ်။ ပြီးတော့ ရပ်ရွာတွေမှာ ပိုက်ဆံရှိတဲ့သူတွေ၊ ပြီးတော့ ကုန်သည်တွေဆီက စစ်ကောင်စီတပ်က ငွေ ညှစ်တယ်။ ပိုက်ဆံတောင်းတာတွေ ခဏခဏရှိတယ်။ အမြဲလိုလို ခြိမ်းခြောက်ခံနေရတာပါ။ ပြီးတော့ပြန်လွှတ် တယ်။ ဒါပေမယ့် စစ်ကောင်စီတပ်သားတွေ အာဆာတွေနဲ့ အဆက်အစပ်တွေလုပ်နေတာတွေရှိတယ်။ ဥပမာ ရိက္ခာပို့တာတွေ၊ ပြီးတော့ ဒီ လမ်းကြောင်းတွေကို AA နှင့် ပတ်သက်ပြီး သူတို့က ခြေရာခံပြီးတော့ လုပ်နေတာရှိ တယ်။ အထူးသဖြင့် အာဆာနဲ့ ပတ်သက်ပြီးတော့ လုပ်နေကြတာ။ "ဟုပြောသည်။

ရခိုင်ပြည် မြောက်ပိုင်းမြို့နယ်များဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ယခုလပိုင်းများအတွင်း ARSA လှုပ်ရှားမှုတို့ခပ်စိပ်စိပ်ရှိလာနေပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကြိမ်ချောင်းရွာအနီးတွင် ကားတစ်စီး အား မီးရှို့ကာ စံပယ်ကုန်းကျေးရွာသား မွတ်ဆလင် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားမှုတို့ရှိခဲ့သည်။ထိုသို့ လှုပ်ရှား မှုရှိလာသည့် ARSA အဖွဲ့နှင့်ပတ်သက်၍ နယ်မြေရှင်းလင်းရေး တို့လုပ်ဆောင်လျှက်ရှိနေသည် ရက္ခိုင့်တပ်တော် ဖက်က ပြောဆိုထားသည်။

မောင်တောခရိုင်တွင် လက်ရှိ လှုပ်ရှားမှုတို့ရှိလာနေသည့် ARSA တပ်ဖွဲ့ကို စစ်ကောင်စီဖက်မှ ကျောထောက် နောက်ခံပြုလုပ်ထားသည်ဟုလည်း သတင်းရင်းမြစ်များထံမှကြားသိရပြီး အဆိုပါ ARSA လက်နက်ကိုင်တို့မှာ မောင်တောခရိုင်အပြင် ဘင်္ဂလား‌ဒေ့ရှ်ကော့ဘဇားခရိုင်တို့တွင် အများဆုံးလှုပ်ရှားမှုရှိကာ အကြမ်းဖက်လုပ်ငန်း များအား လုပ်ဆောင်လေ့ရှိသည်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */