" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 30, 2019

ကျောက်တော်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတဦး ဖမ်းဆီးခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန

စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ် ပွါးနေဆဲဖြစ်သလို ဒေသခံရွာသားတွေလဲ AAအဖွဲ့နဲ့ဆက်နွယ်နေတယ်ဆိုပြီး သံသယနဲ့ ဖမ်း ဆီးခံနေရတာပါ။ မနေ့ ညနေပိုင်းက ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာ သားတစ်ဦးကို တပ်မတော်ကနေ ဖမ်းဆီးသွားပြီး ကနေ့အထိပြန်လည်လွတ်မြောက်လာ တာမရှိ တာ ကြောင့် မိသားစုဝင်တွေစိုးရိမ်နေကြတယ်လို့ ဒေ သခံတွေကပြောပါတယ်။ တပ်မတော်ဖက်ကတော့ လို အပ်ချက်အရ စစ်ဆေးမေးမြန်းဖို့ခေါ်တာလို့ပြောပါတယ်။ ဒါ့အပြင်ဒေသအတွင်းမှာလဲ နှစ်ဖက်တိုက်ပွဲ တွေဖြစ်ပွါးနေဆဲအခြေအနေရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက် သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ဦးကို မြန်မာ စစ်တပ် ကနေ မေးမြန်းစရာရှိတယ်ဆိုပြီးဖမ်းဆီးသွားတယ်လို့ ကျေးရွာရပ်မိရပ်ဖတဦးဖြစ်သူ ဦးမောင်လှ သိန်းက ပြောပါ တယ်။

“မနေ့ကမနက်(၇)နာရီခွဲ(၈)နာရီလောက်မှာ ကျွန်တော်တို့ရွာကိုစစ်တပ်က၀င်လာတယ်ဗျ။ အတွင်းရေးမှူး အိမ်မှာ အုပ်ချုပ်ရေးမှူးရှိလားလို့မေးတယ်။ အုပ်ချုပ်ရေးမှူးက စိုက်/ဘဏ်(စိုက်ပျိုးရေးဘဏ်)ရောက် နေတယ်။ စိုက်/ဘဏ် မှာငွေသွားဆပ်တယ်။ (၁၀)နာရီ(၁၁)နာရီလောက်ပြန်လာတာပေါ့။ ပြီးမှသူတို့ ကို မေးမြန်းစရာနည်းနည်းရှိတယ်၊ ဗိုလ်ကြီး တယောက်ကမေးမြန်းစရာနည်းနည်းရှိလို့ခေါ်သွားတယ် လို့ပြော ပါတယ်။ခနလေးပါဆိုပြီးမှခေါ်သွားတာ အခုချိန်ထိပြန် မရောက်သေးဘူးဆိုတော့ ကျွန်တော်တို့ရပ်မိရပ် ဖတွေ ရွာသူရွာသားတွေ မိသားစုဝင်တွေအကုန်လုံးကတော့ စိုးရိမ်ထိတ်လန့်နေကြတာပေါ့။”

တပ်မ(၅၅)နဲ့တပ်မ (၉၉)ပူးပေါင်းစစ်ကြောင်းတခုကနေ မနေ့က ညနေပိုင်းလောက်မှာ မင်းသားတောင် 
ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နဲ့ ရွာသားတစ်ဦးဖြစ်သူ ဦကျန်းသိန်းအောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါတယ်။

သူတို့တတွေကို ပေါက်တောတပ်စခန်းမှာထိန်းသိမ်းထားတယ်လို့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်း ကျော်ရဲ့ ဇနီးဖြစ်သူကအခုလိုပြောပါတယ်။

“ကျွန်မတို့ကြားရတာက ဘယ်ဖက်မှာရောက်နေသလဲလို့ပေါက်တောတပ်ကိုတော့ခေါ်သွားပါတယ်။ ခေါ်သွားပါ တယ် စခန်းကြီးမှာ။ ည(၉)နာရီလောက်မှာကျွန်မသိရပါတယ်။ ကျွန်မတို့ကိုရဲသားကပြောပါတယ်။”

သူတို့နှစ်ဦးကိုဘာကြောင့်ခေါ်သွားတယ်ဆိုတာမသိရှိသေးဘူးလို့မိသားစုဝင်တွေကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ရွာသားတွေကို ဖမ်း ဆီးတာ မဟုတ်ဘဲ စစ်ဆေးမေးမြန်းဖို့ခေါ်တာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ရွာသားတွေကို ကျွန်တော်လိုအပ်လို့မေးမြန်းချင်လို့ခေါ်တာဖြစ်မယ်ခင်ဗျ။ ဖမ်းဆီးတာတို့ ထိန်းသိမ်းတာ တို့ လောလောဆယ်ဆယ်မရှိဘူးခင်ဗျ။ လိုအပ်ချက်အရ ကျွန်တော်တို့သိချင်တဲ့ ဟာလေးတွေမေးချင် လို့ဟုတ်လား။ ခေါ်ယူမေးမြန်းတာကလွှဲလို့ ဖမ်းဆီးတာတို့အခုတလောမှာမရှိဘူးခင်ဗျ။”

ပြီးခဲ့တဲ့မေလ(၂၁)ရက်နေ့တုန်းကလဲ မင်းသားတောင်ကျေးရွာက ရွာသား(၃)ဦးကိုစစ်တပ်က ဖမ်းဆီး ထားပြီး မေလ(၂၅)ရက်နေ့မှာ စကခ(၉)တပ်ရင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ကျောက်တော် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒီအထဲက ဦးကျော်လှိုင်ဆိုတဲ့ရွာသားဟာ နှိပ်စက်ဒဏ်ရာကြောင့် မေလ(၂၆)ရက်နေ့ ကျောက်တော်ဆေးရုံ မှာ သေဆုံးသွားသလို ကျန်ရှိတဲ့သူနှစ်ဦးကတော့ကျောက်တော်ရဲစခန်းမှာ ထိန်းသိမ်းခံထားရပါတယ်။ အဖမ်းဆီးခံရတဲ့သူတွေဟာ ရခိုင့်တပ်မတော်နဲ့ ပက်သက်နေတယ်ဆိုတဲ့သံသယနဲ့တရားစွဲခံထားရတာပါ။ ဒီရက်ပိုင်းအတွင်းမြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲတွေလဲဆက် တိုက် ဖြစ် ပွါးနေ ပါတယ်။

မနေ့ကကျောက်တော်မြို့နယ်၊ ညောင်ချောင်းရွာ၊ အရှေ့မြောက်ဖက် တောင်တန်းပေါ်မှာနဲ့ မဟာမုနိ ဘုရား၊ အရှေ့ဖက်မှာ တပ်မတော်နဲ့AAတို့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ် ဖက်က(၁၀)ဦးကျော် ကျဆုံးခဲ့ သလို AAဘက်ကလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့AAဖက်ကသတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ကကျောက်တော်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွါးတာကိုအတည်ပြုပေမဲ့ အခြေအနေကို မသိရှိသေးဘူး လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကဆိုပါတယ်။

“အဲဒီနယ်မြေမှာတော့တိုက်ပွဲတွေတော့ဖြစ်တာရှိတယ်ခင်ဗျ။ ဒါပေမဲ့ ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ် ဘာညာ အဲတာတော့ကျွန်တော်မသိဘူးခင်ဗျ။ တိုက်ပွဲဖြစ်တာတော့မှန်ပါတယ်ခင်ဗျ။”

ဒါ့အပြင်မနေ့ကလဲ ဘူးသီးတောင်မြို့နယ်၊ ကျောက်ပြင်ဆိပ် နှင့် ဇီးခေါင်းရွာအကြားမှာ နှစ်ဖက်တပ်တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့သေးသလို ထိခိုက်မှုအခြေအနေတော့အတည်မပြုနိုင်သေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားတိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှု အဖမ်းဆီးခံရမှု တွေလဲရှိနေတာပါ။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သား(၃၀)ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ် ရာရ ရှိသူ (၇၀)၊ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀၀၀ ကျော် ရှိနေတယ်လို့ ရခိုင်အရေးကူညီ ဆောင်ရွက်နေတဲ့ လူမှု အဖွဲ့ အစည်းတွေက မကြာသေးခင်က စာရင်းပြုစုထုတ်ပြန်ထားပါတယ်။ 
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */