" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 25, 2023

ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်စခန်းကို အပြီးပိတ်သိမ်းဖို့ စစ်ကောင်စီဖိအားပေးနေ

MPA
Myanmar PressPhoto Agency
Apr 25, 2023
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးရိုဟင်ဂျာဒုက္ခသည်စ ခန်းကို အပြီးပိတ်ဖို့ စစ်ကောင်စီဖိ အားပေးနေကြောင့် ရိုဟင်ဂျာများက အတ ည်ပြုပြောကြသည်။

အဆိုပါစခန်းကို မေလ ၁၅ နေ့မတိုင်ခင်အတွင်း နေရာသစ်သို့ မိမိအစီအစ ဉ်ဖြင့်အပြီးပြောင်းရွှေ့ရန် စစ်ကောင် စီက အမိန့်ထုတ်ညွှန်ကြားလာခဲ့ခြင်းဖြစ် သည်ဟု ဆိုကြသည်။

“မူဆလင်ဥပုဿ်ထွက် အီးဒ်ပွဲအချိန်အတွင်းမှာ အခုလို ခေါ်ပြောတာဆိုတော့ စခန်းတစ်ခုလုံး တိတ်ဆိတ်ပြီး ဝမ်းနည်းနေကြတာပေါ့။အဲဒီနေရာမှာလည်းသောက်သုံးရေကော၊လျှပ်စစ်မီးကော မရသေးဘူး။လမ်းတွေလည်း မပြီးသေးဘူး။”ဟု ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက MPA သို့ပြောသည်။

ထိုစခန်းတာဝန်ခံလူကြီး ၅ ဦးကို ဧပြီ လ ၂၁ ရက်နေ့ကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူပြီးဖြစ်မနေ ပြောင်း ရွှေ့ရမည်၊စစ်တပ်က အမိန့်ဖြင့်ပြောင်းခိုင်းခြင်းဖြစ်သဖြင့် မလိုက်နာပါက အရေး ယူခံရမည်ဟုခြိမ်းခြောက်ဖိ အားပေးပြောဆိုကြောင့်လည်း ရိုဟင်ဂျာများကဆိုကြသည်။

ထိုအသစ်ပြောင်းရွှေရမည့်နေရာသည် လက်ရှိစခန်းမှနှစ်ဖာလုံခန့်ဝေးကွာပြီး၊ ၁၂ ပေ၊၂၂ ပေ၊သွပ်မိုး၊ဝါးထရံကာ၊ပျ ဉ်ခင်းလုံးခြင်းအိမ်များဆောက်လုပ်ထားသော်လည်း သစ်ရိုင်းသစ်ပွသားများဖြင့် ဆောက်လုပ်ထားသဖြင့်ရေ ရှည်နေထိုင်ရန်အဆင်ပြေမည်မဟုတ်ဟု ဆိုကြသည်။

” ဝါးထရံကာကလည်း အတွင်းကိုဖော က်မြင်ရအောင် ပါးပါးလွှာလွှာကြဲကြဲ ကာပေးထားတာပါ။အမိုးကို လည်း တံ စက်မြိတ်အစွန်ကိုသုံးလက်မလောက်ပဲ ချန်ပေးထားတော့ မိုးလုံမှာလည်းမဟု တ်ပါဘူး။ရေ‌ကန်တွေက လည်းအိမ်တွေနဲ့ တော်တော်ဝေးဝေးမှာ။” ဟု နော က်ထပ်ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကMPA သို့ပြော သည်။

ထိုကျောက်တစ်လုံးရိုဟင်ဂျာဒုက္ခသည်စခန်းသည် ၂၀၁၂ ပဋိပက္ခကြောင့် ကျောက်ဖြူမြို့တွင်းမှ ရိုဟင်ဂျာများ မိသားစု ၃၈၀ ၊လူဦးရေ ၁၁၀၀ ခန့်ကိုအတင်းနေရာချထားပေးခဲ့ခြင်းဖြစ် သည်။

စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်နှစ်နှစ်ကျော်ကြာတွင် ယခုကဲ့သို့ဖိအားပေးခြိမ်းခြောက် အပြီးပိတ်သိမ်း နေရာချထားပေးနေခြင်းဖြစ်သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */